
စက်တင်ဘာ ၆ ရက်၊ အင်္ဂါနေ့ တွင် မွန်းလွဲ ၁ နာရီ ကျော်တွင် ကချင်ပြည်နယ် လိုင်ဇာ - ဗန်းမော် လမ်းပိုင်း လွယ်မောက်ယန် ကျေးရွာ အနီး မြန်မာ အစိုးရ စစ်တပ်နှင့် ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) ကြား တိုက်ပွဲဖြစ်ရာ မြန်မာ စစ်သား ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာ ရရှိကြောင်း ဒေသခံများပြောသည်။
KIA ဘက်ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ဗဟိုဌာနချုပ်လိုင်ဇာမှ KIA အရာရှိများပြောသည်။
မြစ်ကြီးနား ပလန အခြေစိုက် ဒု-တပ်ရင်းမှူး ဗိုလ်မှူး ၀င်းနိုင် ဦးဆောင်သည့် ခလရ (၂၉) နှင့် KIA တပ်မဟာ (၅) လက်အောက်မှ တပ်များကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
လွယ်မောက်ယန်တွင် တိုက်ပွဲဖြစ်နေစဉ် လဂျားယန် လက်နက်ကြီး ကုန်းတွင် ကျန်ရှိသူ ဗိုလ်မှူး ၀င်းနိုင်မှ ရှေ့တန်းသို့ ၈၁ မမ အမြောက် များဖြင့် ပစ်ကူပေးသည်။
သို့သော် တိုက်ပွဲဖြစ် ပွားရာ လွယ်မောက် ယန်သို့ မရောက်ဘဲ ဒုံခုံ(Dung Hkung)ရွာတွင် အမြောက်ကျည် ၂ ခု ကျရောက် ပေါက်ကွဲ သည်ဟု ရွာသားများပြောသည်။
ယင်းကြောင့် ဒုံခုံကျေးရွာသူရွာသားများ သေကြေဒဏ်ရာရမှု ရှိ မရှိ မသိရပေ။
No comments:
Post a Comment