မြန်မာ အစိုးရမှ အိန္ဒိယ အရှေ့ မြောက်ရှိ လက်နက်ကိုင် အဖွဲ့ များကို ချင်းပြည်နယ် မြောက်ပိုင်း ကျီးခါး မြို့နယ် ဟိုင်ကျင်း (Haicin) ရွာ အခြေစိုက် အိန္ဒိယ အရှေ့မြောက် လူမျိုးစုသူပုန်ဖြစ် သည့် ကသဲ လက်နက်ကိုင် များကြောင့် ဒေသခံ ရွားသား တချို့ တခြား ရွာများ သို့ ပြောင်းရွှေ့ နေကြ သည်ဟု သိရသည်။ကသဲ လက်နက်ကိုင် အားအင် ၄၀ ခန့်သည် ဒေသ အခြေစိုက် ခလရ ၈၉ မှ ဗိုလ်မှူး အောင်စည်သူ၏ ခွင့်ပြု ချက်ကြောင့် ဟိုင်ကျင်း ရွာတွင် ပြီးခဲ့တဲ့ လ ကတည်းက အခြေစိုက်ကြခြင်း ဖြစ်ကြောင်း သိရ သည်။
“ ဒီ ကသဲ လက်နက်ကိုင် တွေ ရွာကို ရောက်ရှိ လာတဲ့ နောက်ပိုင်း ရွာသား တွေဟာ မနေ ရဲကြ တော့ဘူး၊ တခြား ရွာတွေ ကို ပြောင်းရွှေ နေကြတယ်၊ အတိအကျ တော့ မပြောနိုင်ဘူး” ဟု ဟိုင်ကျင်းရွာ အနီးက ရွာသား တဦး ပြောသည်။
ချင်းပြည်နယ် ကျီခါးမြို့နှင့် တဖက် နယ်စပ်ကြား ကုန်သည် ခရီးသွားပြည်သူများလည်း မသွားရဲ မလာရဲ ဖြစ်နေကြာင်းလည်း ပြောကြသည်။
“ ကသဲတွေ ရှိလာတဲ့နောက်ပိုင်း နယ်စပ်မှာ ရှိတဲ့ အိန္ဒိယ ရဲတွေကလည်း ပိုမို တင်းကျပ်လာကြတယ်၊ ခရီး သည်တွေအတွက် သွားရေး လာရေးမှာ အခက်အခဲ ပိုရှိလာ တယ်” ဟု ကုန်သည်တဦးက ပြောသည်။
ယင်းကိစ္စနှင့် ပါတ်သက်ပြီး မမှန်ကန်ကြောင်း မြန်မာ အစိုးရက အိန္ဒိယ အစိုးရကို ပြောခဲ့ သော်လည်း အိန္ဒိယ အစိုးရ ဖက်မှ မယုံကြည် ကြောင်း သို့သော် အိန္ဒိယ ဖက်မှ ဆက်လက် အရေးယူ ဆောင်ရွက်မှု မရှိကြောင်း ပြောကြသည်။
အိန္ဒိယအရှေ့ မြောက်ရှိ ကသဲခေါ် မဏိပူသူပုန်များသည် ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့ နယ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့ များ တွင် ဒေသခံ အာဏာပိုင်များ ၏ခွင့်ပြုချက်ဖြင့် အင်အား ၄၀၀ ခန့် နေထိုင် ခွင့်ပေးထားကြောင်း သိရသည်။
No comments:
Post a Comment