Tuesday, December 27, 2011

ဗိုလ်ချုပ်က​တော် ကွယ်လွန်ခြင်း​အထိမ်း​အမှတ် ဘာသာ​ပေါင်း​စုံ ဆု​တောင်း​ပွဲ ကျင်း​ပ

မင်းလွင်

အမျိုး​သား​ခေါင်း​ဆောင် ဗိုလ်ချုပ်​အောင်ဆန်း​ရဲ့​ ဇနီး​ ​ဒေါ်ခင်ကြည် ကွယ်လွန်တဲ့​ ၂၃ နှစ်​မြောက် အထိမ်း​အမှတ်​နေ့​အဖြစ် ဘာသာ​ပေါင်း​စုံ ဆု​တောင်း​ပွဲကို သမီး​ဖြစ်သူ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ တက္ကသိုလ်ရိပ်သာလမ်း​ ​နေအိမ်မှာ ဒီက​နေ့​ ကျင်း​ပခဲ့​ပါတယ်။

မနက်ပိုင်း​မှာ ​ရွှေ​တောင်ကုန်း​ ​ကျောင်း​တိုက်နဲ့​ ချမ်း​မြ​ကျောင်း​တိုက်က သံဃာ​တော်​တွေကို ​နေ့​ဆွမ်း​ ဆက်ကပ်ခဲ့​ပြီး​ ည​နေပိုင်း​မှာ ခရစ်ယာန်နှစ်ဖွဲ့​၊​ မွတ်စလင်၊​ ဟိန္ဒူ၊​ ဂျူး​၊​ ဘဟာဒီ ဘာသာ​ရေး​အဖွဲ့​တို့​က​နေ လာ​ရောက် ကုသိုလ်ပြု ဆု​တောင်း​ကြတယ်လို့​ အဖွဲ့​ချုပ် ပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

မြန်မာနိုင်ငံရဲ့​ ပထမဦး​ဆုံး​ အမျိုး​သမီး​သံအမတ်ကြီး​ဖြစ်တဲ့​ ​ဒေါ်ခင်ကြည်ဟာ ၁၉၈၈ ဒီဇင်ဘာလ ၂၇ ရက်​နေ့​မှာ ကွယ်လွန်ခဲ့​တာပါ။

ကွယ်လွန်ချိန်မှာ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အ​မေရိကန်နိုင်ငံသား​ ဦး​အောင်ဆန်း​ဦး​တို့​ သား​သမီး​ နှစ်ဦး​ ကျန်ရစ်ခဲ့​ပါတယ်။

No comments: