Friday, December 30, 2011

ရန်ကုန် ပေါက်ကွဲ မီးလောင်မူ သေဆုံးသူ ၁၇ ဦး ရှိပြီ ဖြစ်

နိရဉ္စရာ


ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ ဆိပ်ရပ်ကွက် ABC ဂိုဒေါင် မီးလောင် ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၇ ဦး စာရင်း ရရှိထားပြီ ဖြစ်ကြောင်း ရန်ကုန်နေ မြို့ခံ လူငယ် တစ်ဦးက ပြောသည်။


" အခုအချိန်ထိ သေဆုံးသူ ၁၇ ဦး ရှိပြီလို့ သိရပါတယ်။ ဒီထက်လည်း များနိုင်ပါတယ်။ သတင်းတွေမှာလည်း ၁၇ ဦး သေဆုံးတယ်ပြီး ဖေါ်ပြကြပါတယ်" ဟု ပြောသည်။

ဒီဇင်ဘာ ၂၉ ရက် နံနက်၂ နာရီတွင် ပေါက်ကွဲမှု ဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ယခုကဲ့သို့ လူအများအပြား သေဆုံးသွားခြင်း ဖြစ်သည်။

တခြား ရန်ကုန် စမ်းချောင်းနေ ရခိုင် လူငယ် တစ်ဦးကလည်း “ ဒီကနေ့ နံနက် ၁၀ နာရီ သတင်းအရတော့ သေဆုံးသူ ၁၇ဦး ရှိသွားပြီလို့ သိရပါတယ်။ အဲဒီ အထဲမှာ မီးသတ် တပ်ဖွဲ့ က ၆ဦး၊ တခြား အမျိုးသမီး ၅ ဦး ပါဝင်တယ်လို့ သိရပါတယ်။ သေဆုံးသူ အရေအတွက်က ဒီထက်များ နိုင်တယ်လို့လည်း ပြောနေကြပါတယ်။ ဒဏ်ရာရသူက ၁၀၀ နီးပါး ရှိတယ်လို့သိရပါတယ်” ဟု ပြောသည်။

ယခုအခါ ဒဏ်ရာရသူများကို ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီ ဖြစ်ကြောင်း လူနာ လာကြည့်သူများနှင့် ဆေးရုံတွင် ပြည့်နက်နေကြောင်း သူက ပြောသည်။

" ပေါက်ကွဲမှုက တော်တော်ပြင်းထန်ပါတယ်။ ပေါက်ကွဲသံကို ကြားတာနဲ့ ကျွန်တော်တို့ အကုန်လုံး တုန်လူပ်သွားခဲ့ကြရပါတယ်" ဟု သူက ဆက်ပြောသည်။

အဆိုပါ ပေါက်ကွဲမူကြောင့် အိမ်တချို့ ၀ုန်းကနဲ ပြိုဆင်းသွားပြီး ခြံဝင်း အုတ်နံရံ အများအပြားလည်း လဲပြိုကျသွားကြောင်း သိရသည်။ အုတ်နံရံ အစများ လွှင့် ပျံ ထွက်လာသဖြင့် ဒဏ်ရာ ရသွားသူ အများအပြား ရှိကြောင်းလည်း သိရသည်။

လက်ရှိ သတင်းအရ အဆိုပါ ရပ်ကွက်ထဲရှိ ပစ္စည်း သိုလှောင်ရုံ ၃၇လုံးရှိ သည့် အနက် ၁၆လုံးနှင့် မီးသတ်ကား ၂စီးလည်း မီးထဲ ပါသွားကြောင်း သိရသည်။

ဆုံးရှုံး ပမာဏနှင့် မည်ကဲ့သို့ ပေါက်ကွဲ မီးလောင်သည်ကို လောလောဆယ်တွင် မသိရသေးကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

No comments: