Friday, December 30, 2011

ကြားဖြတ်ရွေးကောက်ပွဲ ဧပြီ ၁ ရက် ကျင်းပမည်

ရွှေအောင်

ကြားဖြတ် ရွေးကောက် ပွဲကို လာမယ့် ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်မှာ ပြုလုပ်မှာ​ ​ဖြစ်​ပြီး​ နေပြည်တော် ကော်မရှင်က ပြည်နယ်တိုင်း ဒေသ ကြီး ကော်မရှင်ရုံး တွေထံ စာပို့ အကြောင်းကြား လိုက်တယ်လို့ အမည် မဖော်လိုတဲ့ တိုင်းဒေသကြီး ကော်မရှင် လူကြီး တဦးက ပြောပါ တယ်။

ဒီဇင်ဘာ ၃၀ ရက် ညပိုင်းမှာ အစိုးရ သတင်း ဌာနတွေက သတင်း ထုတ်ပြန်ဖွယ် ရှိတယ် လို့လည်း ပြောပါတယ်။ ကိုယ်စား လှယ် လောင်း အမည် စာရင်းကို ဇန်န၀ါရီ ၃၁ ရက် နောက်ဆုံး ထားပြီး ကော်မရှင်ကို ပေးပို့ ရမယ်လို့ အဲဒီ ကော်မရှင်လူကြီးက ဒီဗွီဘီကို ပြောပါတယ်။

No comments: