ကိုထွေး
မြန်မာ နိုင်ငံမှာ တရက်ကြာ အလည် အပတ် ရောက်ရှိ နေတဲ့ အင်ဒိုနီးရှား နိုင်ငံ ခြားရေး ဝန်ကြီး မာတီ နာတာ လီဂါဝါ (Marty Natalegawa) ဟာ ဒီနေ့မနက်က မြန်မာ့ နိုင်ငံ ခြားရေး ဝန်ကြီး ဝဏ်ဏ မောင်လွင်နဲ့ ရန်ကုန်မှာ တွေ့ဆုံပြီး ၂၀၁၄ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မြန်မာ တာဝန်ယူရေး ကိစ္စတွေ ဆွေးနွေး ခဲ့တယ်လို့ သိရ ပါတယ်။
ခရီးစဉ်ရဲ့ အဓိက ရည်ရွယ် ချက်က တော့ ၂၀၀၇ ခုနှစ် ဂျာကာတာ မှာလုပ် ခဲ့တဲ့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ကော်မရှင်ရဲ့ ဒုတိယ အကြိမ် အစည်း အဝေးကို တက်ရောက်ဖို့ ဖြစ်တယ်လို့ ရန်ကုန် အခြေစိုက် အင်ဒိုနီးရှား သံရုံးက အတွင်းဝန် တဦးဖြစ်သူ Djumara Supriyadi က ပြောပါတယ်။
“မြန်မာ အစိုးရနဲ့ ကိစ္စတွေ တော်တော် များများ ဆွေးနွေး ခဲ့ပြီးတော့ မြန်မာ နိုင်ငံမှာ ကောင်းမွန်တဲ့ အစိုးရ ဖြစ်ဖို့၊ စစ်မှန်တဲ့ ဒီမိုကရေစီ အဖြစ် ပြောင်းလဲ ပြီးတော့ ကောင်းမွန်တဲ့ လူ့အခွင့် အရေး တွေရှိဖို့ အင်ဒို နီးရှားက ယုံကြည် ပါတယ်။ နောက် ၂၀၁၄မှာ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန် ယူဖို့ အပါ အဝင်ပေါ့။ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်း မွန်ရေး စတာတွေ ဆွေးနွေး ခဲ့ပါတယ်။”
အင်ဒိုနီးရှားက လက်ရှိ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတာဖြစ်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီဟာ ဒီကနေ့ ညနေပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ တွေ့ဆုံတယ်လို့လည်း သိရပါတယ်။
အင်ဒိုနီးရှား သံရုံးရဲ့ အတွင်းဝန်က “မြန်မာက အာဆီယံ ဥက္ကဋ္ဌအဖြစ် ၂၀၁၄ မှာ တာဝန်ယူမယ်ဆိုတာ ဆုံးဖြတ်ပြီးတော့ အဆုံးသတ်ခဲ့တဲ့ ပြီးခဲ့တဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲက အကြောင်းတွေ ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြမှာဖြစ်တယ်။ မြန်မာရဲ့ ပြုပြင်ပြောင်းလဲတာတွေ၊ ဒီမိုကရေစီရေး တိုးတက်လာတာတွေကို ထောက်ခံတဲ့အကြောင်းရယ်၊ ကောင်းမွန်တဲ့ တိုင်းပြည် တည်ဆောက်ရာမှာ လက်တွဲသွားမယ် ဆိုတာရယ် ပြောသွားမှာ ဖြစ်ပါတယ်။”
No comments:
Post a Comment