Friday, December 30, 2011

ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာ့ကမ်းရိုးတမ်းတွင် မိုးသက်လေပြင်းကျနိုင်

ဒီဗွီဘီ

အိန္ဒိယ နိုင်ငံ တောင်ပိုင်းကို​ ​ဖြတ်ကျော်ဝင် ရောက်နေ သော အလွန်အားကောင်းလှတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးရဲ့​ အရှိန်ကြောင့်​ ​မြန်မာ့ကမ်းရိုးတန်း​ တလျှောက်နဲ့​ ​မြန်မာ့ ကမ်း လွန်ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်တယ်လို့ မိုးဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

မိုးသက်လေပြင်းကျစဉ်မှာ ရေပြင်မြေပြင်လေဟာ တနာရီကို မိုင် ၄၀ ထိ တိုက်ခတ်နိုင်တယ်လို့ ဒီမနက် ငါးနာရီခွဲ တိုင်းထွာချက်ကို ကိုးကားထားပါတယ်။

ဒီနေ့မြန်မာစံတော်ချိန် ၆ နာရီထုတ်ပြန်ချက်မှာ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အလွန် အားကောင်း သော ဆိုင်ကလုန်း မုန်တိုင်းကြီး (THANE) ဟာ အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီလ်နာဒူးကမ်းခြေကို ချန်နိုင်း (Chennai) မြို့အနီးမှ ဖြတ် ကျော်ဝင်ရောက်နေပြီး ဒီမုန်တိုင်းရဲ့ အရှိန်ကြောင့် စစ်ကိုင်းတိုင်းအောက်ပိုင်း မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကြား မိုးရွာနိုင်တယ်လို့ ထုတ်ပြန် ထားပါ တယ်။

အဲဒီမုန်တိုင်းကြီးဟာ မနေ့မနက်ပိုင်း တိုင်းထွာချက်အရ အ၀ါရောင်အဆင့် သတ်မှတ်ထားရာကနေ အလွန်အားကောင်းတဲ့ ဆိုင်ကလုန်း မုန်းတိုင်းကြီးအဖြစ် ပြောင်းလဲပြီး အိန္ဒိယကို ၀င်ရောက် တိုက်ခတ်နေတာပါ။

No comments: