Wednesday, December 28, 2011

ရွှေဘိုထောင်မှ ကချင်အမျိုးသမီးများ လွတ်ငြိမ်းချမ်းသာ ခွင့် မျှော်လင့်

KNG


စစ်ကိုင်းတိုင်း ရွှေဘို အကျဉ်း ထောင်မှာ ကချင် အမျိုးသမီး ၁၄၀ အကျဉ်းကျ နေရာ ၎င်းတို့သည် ဇန်န၀ါရီလ ၄ ရက် လွတ်ငြိမ်း ချမ်းသာခွင့် အတွက် မျှော်လင့် နေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများ ပြောသည်။

ထိုအထဲ ကိုယ်ဝန်ဆောင်မိခင် ၃ ဦး၊ ကလေးနှင့်အတူ မိခင် ၅ ယောက်၊ အသက် ၆၀ ကျော် ၅ ဦးတို့လည်း ပါဝင်သည်ဟု ခရစ္စမတ် ကာလ အကျဉ်းထောင်အလည်အပတ်သွားရောက်သူများက ဆိုသည်။

နှစ်အကန့်အသတ်မရှိ ထောင်ကျနေသူ ကချင်အမျိုးသမီး ၂ ဦးလည်းပါဝင်သည်ဟု ဆိုသည်။

အားလုံးမှာ မြစ်ကြီးနား၊ မန်မော် (ဗန်းမော်)၊ ပူတာအို၊ လားရှိုး၊ တောင်ကြီးမြို့များမှ ဖြစ်ကြကာ ဘိန်းမူးယစ်ဆေးဝါး ပြစ်မှုဖြင့် ထောင်ကျ နေရခြင်းဖြစ်သည်ဟု သိရသည်။

အစောပိုင်းက နိုင်ငံတော်သမ္မတ ဦးသိန်းစန်၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ထိုရွှေဘို အမျိုးသမီး အကျဉ်းထောင်မှ ကချင်အမျိုးသမီး ၁၂ ဦးလည်း လွတ်ငြိမ်းချမ်းသာခွင့် ခံစားခဲ့ရသေးသည်ဟု အကျဉ်းသားများပြောသည်။

No comments: