နိရဉ္စရာ
ကျောက်ဖြူ မြို့တွင် ရခိုင် တိုင်းရင်းသား များ တိုးတက်ရေး ပါတီ (RNDP) မှ ကျင်းပပြု လုပ်မည့် လူထု စည်းဝေးပွဲ အတွက် ရွှေးကောက်ပွဲ ကော်မရှင် ထံမှ ခွင့်ပြုချက် မရ သေးဘဲ ဖြစ်နေ ကြောင်း သတင်း ရရှိသည်။
" ကျွန်တော်တို့က ဒီလ ၂၁ ရက်နေ့ကတည်းက မြို့နယ် ရွှေးကောက်ပွဲ ကော်မရှင် ဆီမှာ ခွင့်ပြုချက် တောင်းခံ ထားပါတယ်။ စည်းဝေး ပွဲက ဇန္န၀ါရီလ ၁ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ရက်တွေ နီးလာ ပေမယ့် ခွင့်ပြု ချက်က မရဘဲ ဖြစ်နေ ပါတယ်" ဟု ကျောက်ဖြူ ရုံးမှ တာဝန်ရှိသူ တစ်ဦး ဖြစ်သူ ဦးသန္တာ မောင်မောင်က ပြောသည်။
အဆိုပါ လူထု စည်းဝေးပွဲအား ကျောက်ဖြူမြို့ နာရီစင်ကွင်းတွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်၊ ဒုဥက္ကဌ ဦးတင်ဖေ၊ အထွေထွေ အတွင်းရေးမှူး ဦဦးလှစော၊ ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင် အပါအ၀င် ပါတီ ထိပ်တန်း ခေါင်းဆောင်များ တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။
" ခေါင်းဆောင်တွေ အကုန်လုံး အခု ပြုလုပ်မယ့် လူထု စည်းဝေးပွဲကို တက်ရောက် ကြမှာ ဖြစ်ပါတယ်။ မြို့နယ် ရွှေးကောက်ပွဲ ကော်မရှင် ကို တရားဝင် စာတင်ပြီး ခွင့်ပြုချက်တောင်းပေမယ့် ဗဟိုက အမိန့်မရောက်လာသေးတဲ့ အတွက် ဘာမှ မပြောနိုင်သေးဘူးလို့ ပြောပါ တယ်" ဟု သူက ဆက်ပြောသည်။
ယခင် ဦးဥတ္တမ နေ့ အခမ်းအနား ကျင်းပခဲ့စဉ်တုန်းကလည်း ခွင့်ပြုချက် တောင်းခံသော်လည်း ခွင့်ပြုချက် မပေးခဲ့သဖြင့် ကိုယ့်နည်း ကိုယ်ဟန်ဖြင့် ကျင်းပပြုလုပ်ခဲ့ရသည်ဟု သူက ပြောသည်။
" အခု လူထု စည်းဝေးပွဲကို ခွင့်ပြုချက် မပေး ရင်လည်း ကျွန်တော်တို့က ဆက်လုပ် သွားမှာ ဖြစ်ပါတယ်။ တရားဝင် ရပ်တည် လူပ်ရှား နေတဲ့ ပါတီ တစ်ရပ် အနေနဲ့ ခုလို လူုထု စည်းဝေးပွဲ မျိုးတွေကို လုပ်ဖို့လိုအပ် တယ်လို့ ယူဆတဲ့ အပြင် ဒီပွဲမျိုးကို နိုင်ငံရေး ပါတီ တစ်ခု အနေနဲ့ လုပ်ခွင့် မရှိဘူး ဆိုရင် ဒီမို ကရေစီလို့ ပြောနေ တာဟာ အဓိပ္ပါယ် မရှိဘူးလို့ ထင်ပါတယ်" ဟု ဦးသန္တာ မောင်မောင်က ပြော သည်။
မြန်မာနိုင်ငံ အစိုးရမှ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ တက်လှမ်းနေပြီ ဖြစ်ကြောင်း ပြောဆိုနေသော်လည်း တရားဝင် ပါတီတစ်ခု၏ လူထု အစည်းအဝေး ပြုလုပ်မည့် အစီအစဉ်ကို ရွှေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုချက် ချမပေးဘဲထားခြင်း ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ အပြောနှင့် လက်တွေ့ လုပ်ရပ် မကိုက်ညီဘဲ ဖြစ်နေမူ အပေါ် ဒေသခံများ အကြား မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ကျောက်ဖြူက လာသော သတင်းများအရ သိရသည်။
No comments:
Post a Comment