Thursday, December 29, 2011

ပုဇွန်တောင် ပေါက်ကွဲမူ အနည်းဆုံး ၁၀ ဦးသေ

ကိုကို


ပုဇွန်တောင် ကမ်းနားလမ်းရှိ သဘောင်္ဆေး ချက်လုပ်ရာတွင် အသုံးပြုသော ပစ္စည်းများ သိုလှောင်ရာ ဂိုဒေါင် ပေါက်ကွဲမူကြောင့် အနည်းဆုံး လူ ၁၀ ဦးထက် မနည်း သေဆုံးမည်ဟု မျက်မြင် သက်သေများ အပြောအရ သိရသည်။

အဆိုပါ ဂိုဒေါင် ပေါက်ကွဲမူမှာ ယနေ့ နံနက်စောပိုင်း ၂ နာရီ ခန့်က ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမူကြီးကြောင့် ရန်ကုန်မြို့မှ အိပ်မောကျနေသော
လူအများ အပြားကို လန့်နိုးသွားစေခဲ့သည်။

အထက်ပါ သဘောင်္ဆေး ချက်ပစ္စည်းများ ပေါက်ကွဲရာမှ လူခန္ဓာကိုယ် အပိုင်းအစများ အပြင်သို့ လွင့်ထွက်လာသည်ဟု မျက်မြင် သက်သေ တစ်ဦးက ပြောပြသည်။ ပေါက်ကွဲမူ ဖြစ်ပွားရာ နေရာသို့ လူအများ အပြား ရောက်ရှိလာသော်လည်း ပေါက်ကွဲမူ ဆက်လက် ဖြစ်ပွားနေသောကြောင့် ပေါက်ကွဲမူနှင့် ဝေးရာသို့ ထွက်ပြေးနေရသည်ဟု သိရသည်။ အဆိုပါ ပေါက်ကွဲမူ ဖြစ်ပွားရာ ပတ်ဝန်းကျင်မှ အိမ် အတော် များများ ပြိုကျ ပျက်စီးသွားခဲပြီး မီးသတ်ကားများ ရောက်ရှိလာချိန်တွင် ဆက်လက်ပေါက်ကွဲ သဖြင့် မီးသတ်ကား ၂ စီး ထိခိုက် မူဖြစ်ခဲ့သည်ဟု သိရသည်။


အဆိုပါ ဂိုဒေါင်ပေါက်ကွဲမူတွင် ဂိုဒေါင်စောင့်များ ရှိနေပြီး သေဆုံးသူများတွင် ဂိုဒေါင်စောင့်များ ပါဝင်နိုင်ကြောင်း အနီးနားတွင် နေသူများက ယုံကြည့်နေကြသည်။ ပေါက်ကွဲမူ ဖြစ်ပွားရာသို့ လာရောက်ကြည့်ရှု့သော ထောင်ချီနေသည့် လူအုပ်ကြီးမှာ ထပ်မံ ပေါက်ကွဲမူ ဖြစ်မည်ကို စိုးရိမ်သဖြင့် ဝေးရာသို့ ပြန်လည်ထွက်ပြော နေကြရသည်ဟု သိရသည်။ အဆိုပါ ပေါက်ကွဲမူကြောင့် အဆောက်အဦး မှ လွှင့်စင်လာသော "ခဲများ မှန်များ ထိခိုက်မူကြောင့် သွေးသံ တရဲရဲနှင့် " ပြေးလွှားနေသူများကို မြင်ရသည်ဟု မျက်မြင် သက်သေတစ်ဦးက ပြောပြသည်။

ပေါက်ကွဲမူ ဖြစ်ပွားရာ ပတ်ဝန်းကျင်တွင် လူများ " ၀ရုန်းသုန်းကား " ပြေးလွှားနေကြပြီး ပေါက်ကွဲမူ ဖြစ်ပွားရာ နေရာမှ ဒဏ်ရာ ရရှသူများ ကို သယ်ထုတ်နေပြီး သေဆုံးသူ အနည်းဆုံး ၁၀ ထက်မနည်း ရှိလိမ့်မည်ဟု မျက်မြင် သက်သေများက ပြောသည်။

အထက်ပါ ပေါက်ကွဲမူတွင် အနည်းဆုံး လူ ၁၀ ဦးထက် မနည်း သေဆုံးနိုင်ပြီး ဒဏ်ရာ ရသူ ၅၀ မှ ၆၀ အထိ ရှိနိုင်သည်ဟု လုံခြုံရေး မျက်မြင်တစ်ဦးမှ ပြောဆိုသည်။ ထို ဒဏ်ရာရသူများတွင် မီးသတ် သမားများလည်း ပါဝင်ကြောင်း အဆိုပါ လုံခြုံရေးမှ ပြောပြသည်။
ထိုသူက " ကျွန်တော်တို့လည်း လူဘယ်နှစ်ယောက် သေတယ်၊ ဘယ်နှစ်ယောက် ဒဏ်ရာ ရတယ် " ဆိုတာ စာရင်းလုပ်နေဆဲပါ ဟု ဆိုသည်။

အခြား တစ်ယောက်ကလည်း " အသံကြီးက တော်တော် ကျယ်တာဗျ။ " ကျနော်တို့ ဗိုလ်တထောင်က အိမ်တွေတောင် တုန်ခါကုန်တယ်" လို့ အခင်းဖြစ်ရာသို့ ရောက်ရှိလာသူက ပြောပြသည်။


ပေါက်ကွဲမူ ရုပ်သံ သတင်း( VOA )

( နောက်ဆုံး ရရှိသော သတင်းများကို ဆက်လက် ဖော်ပြပေး ပါမည်။ )
ဓါတ်ပုံများကို Mutdfan မှကူးယူဖေါ်ပြပါသည်။

No comments: