Thursday, December 15, 2011

တိုင်း​ရင်း​သား​ရေး​ရာဝန်ကြီး​ အ​ရေး​အဆို အမိန့်​ချမှတ်

မင်းလွင်

ပြည်နယ်နဲ့​တိုင်း​ဒေသကြီး​ အစိုး​ရအဖွဲ့​က တိုင်း​ရင်း​သား​ရေး​ရာ ဝန်ကြီး​တွေရဲ့​ ချီး​မြှင့်​ငွေစရိတ်နဲ့​ အ​ဆောင်အ​ယောင်များ​ဟာ အခြား​ဝန်ကြီး​ဌာန ဝန်ကြီး​တွေနဲ့​ တန်း​တူရှိရမယ်လို့​ နိုင်ငံ​တော် အ​ခြေခံဥပ​ဒေခုံရုံး​က​နေ အမိန့်​ချမှတ် လိုက်ပါတယ်။

ပြည်နယ်နဲ့​ တိုင်း​ဒေသကြီး​အစိုး​ရအဖွဲ့​ တိုင်း​ရင်း​သား​ရေး​ရာ ဝန်ကြီး​တွေဟာ အခြား​ ဝန်ကြီး​တွေလိုခံစား​ခွင့်​ လုပ်ပိုင်ခွင့်​တွေ မတူညီတဲ့​အတွက် ​ဒေါက်တာ​အေး​မောင်အပါအဝင် အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ် ၂၃ ဦး​က နိုင်ငံ​တော်ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေဆိုင်ရာ ခုံရုံး​ကို တင်သွင်း​ခဲ့​ပါတယ်။

နိုင်ငံ​တော်ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေဆိုင်ရာခုံရုံး​က​နေ တိုင်း​ရင်း​သား​ရေး​ရာ ဝန်ကြီး​တွေဟာ အခြား​ အစိုး​ရအဖွဲ့​က ဝန်ကြီး​တွေလို ခံစား​ခွင့်​တွေဖြစ်တဲ့​ ချီး​မြှင့်​ငွေစရိတ် အ​ဆောင်အ​ယောင်​တွေက​တော့​ တန်း​တူဖြစ်တယ်လို့​ အမိန့်​ချမှတ်ပါတယ်။

အ​ခြေခံဥပ​ဒေဆိုင်ရာ ခုံရုံး​ရဲ့​ ကြား​နာချက်နဲ့​ ပတ်သက်ပြီး​ အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ် ​ဒေါက်တာ​အေး​မောင်က ရှင်း​ပြပါတယ်။

“တိုင်း​ရင်း​သား​ရေး​ရာ ဝန်ကြီး​ဌာနကို တာဝန်ထမ်း​ဆောင်နိုင်ရန်ဆိုတဲ့​ အသုံး​အနှုန်း​လေး​လည်း​ ပါတဲ့​အခါ ဖြစ်သည်လို့​ သုံး​ထား​တာ​လေး​တွေကို ကျ​နော်တို့​က ကိုး​ကား​ပြီး​ ​ရှေ့​နေ​ရှေ့​ရပ်နဲ့​အတူ ခုနကလို အဓိပ္ပာယ်ဖွင့်​ဖို့​ ​တောင်း​ဆိုတာ​ပေါ့​နော်။ အမျိုး​သား​လွှတ်​တော်ဥက္ကဋ္ဌ​ရှေ့​မှာ အ​ခြေခံဥပ​ဒေ ခုံရုံး​ကို​လေ။ ကျ​နော်တို့​ကို အဓိပ္ပာယ်ဖွင့်​ပေး​ပါ​နော်။ အ​ခြေခံဥပ​ဒေမှာ တန်း​တူသတ်မှတ်ထား​ပါလျက်နဲ့​ တိုင်း​ရင်း​သား​ရေး​ရာ ဝန်ကြီး​ရဲ့​ ကဏ္ဍ​တွေဟာ ခုနကလို သူတို့​ဆီက ပြဋ္ဌာန်း​ပေး​တဲ့​ ဥပ​ဒေမှာ မပါဘူး​ပေါ့​နော် အဲဒါ​လေး​တင်တာပါ။ ကျ​နော်တို့​က အဆို ၇ မျက်နှာ​လောက်တင်ပါတယ်၊​ ကျ​နော်တို့​ရဲ့​ ​ရှေ့​နေနဲ့​လေ။ ဒါ​ကြောင့်​ဒါ​ကြောင့်​ ဒီဌာန တိုင်း​ရင်း​သား​ရေး​ရာ ဝန်ကြီး​နဲ့​ ပတ်သက်လို့​ရှိရင် အဆင့်​တူပါတယ်၊​ ဒီလိုသတ်မှတ်ထား​ပါတယ်ဆိုတဲ့​ ​ကောက်ချက်​တွေနဲ့​ တင်တာ​ပေါ့​ဗျာ။

“​ရှေ့​နေချုပ်ရုံး​ကလည်း​ ဒါ​ကြောင့်​ သူတို့​ ​ရေး​ဆွဲခဲ့​တဲ့​ ဥပ​ဒေဟာ တိုင်း​ရင်း​သား​ရေး​ရာဝန်ကြီး​ရဲ့​ ကဏ္ဍကို တဆင့်​နှိမ့်​ထား​ပါတယ် ဒါ​တွေဒါ​တွေ​ကြောင့်​ ဆိုပြီး​ သူတို့​ဘက်ကလည်း​ ​ထောက်ပြတာ​ပေါ့​နော်။ သူတို့​ထောက်ပြတာရယ် ကျ​နော်တို့​ဘက်က တင်ပြတာရယ်နဲ့​ အ​ခြေခံဥပ​ဒေဆိုင်ရာ ခုံရုံး​က ကြား​နာတာ​ပေါ့​နော် ပြီး​ခဲ့​တဲ့​ နိုင်ဝင်ဘာလက လကုန်တတိယအပတ်​လောက်က ကြား​နာပါတယ်။ မ​နေ့​က​တော့​ ကျ​နော်တို့​ကို အ​ခြေခံဥပ​ဒေဆိုင်ရာ ခုံရုံး​ရဲ့​ စီရင်ချက်ကို ကျ​နော်တို့​ကို ကြား​နာ​စေတယ်။”

တိုင်း​ရင်း​သား​ရေး​ရာ ဝန်ကြီး​တွေဟာ ခံစား​ခွင့်​အ​နေနဲ့​ တန်း​တူဖြစ်လာ​ပေမယ့်​ လုပ်ပိုင်ခွင့်​အ​နေနဲ့​တော့​ အခြား​ ပြည်နယ်နဲ့​တိုင်း​ဒေသကြီး​ အစိုး​ရဝန်ကြီး​တွေနဲ့​ မတူညီဘူး​လို့​လည်း​ ရှမ်း​ပြည်နယ် အစိုး​ရအဖွဲ့​ အင်း​တိုင်း​ရင်း​သား​ရေး​ရာ ဝန်ကြီး​ ဦး​ဝင်း​မြင့်​က ​ပြောပါတယ်။

“ကျ​နော်တို့​က​တော့​ ရပိုင်ခွင့်​မှာ​တော့​ ပြည်နယ်ဝန်ကြီး​လိုမျိုး​ ​ထောက်ပံ့​ကြေး​နဲ့​ အ​ဆောင်​ယောင်​တွေ​တော့​ ရမှာ​ပေါ့​လေ။ လုပ်ပိုင်ခွင့်​က​တော့​ ဘယ်လို​ပေး​လာမယ်ဆိုတာ ကျ​နော်တို့​က မသိ​သေး​ဘူး​။ အရင်တုန်း​ကလည်း​ ကျ​နော်တို့​ တိုင်း​ရင်း​သား​ရေး​ရာဝန်ကြီး​ ဆိုပြီး​တော့​မှ တာဝန်​ပေး​ထား​တယ်။ ဒါ​ပေမယ့်​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေမှာ တိုင်း​ရင်း​သား​ရေး​ရာဝန်ကြီး​သည် မိမိတိုင်း​ရင်း​သား​လူမျိုး​ ​ရေး​ရာကိစ္စများ​ကို ​ဆောင်ရွက်ရမည် ဆိုပြီး​တော့​မှ အဲဒီဟာနဲ့​ပဲ သူက ပြီး​ရတယ်။ ​နောက်ထပ် နည်း​ဥပ​ဒေက ဆက်မထွက်လာ​တော့​ ကျ​နော်တို့​လည်း​ ဘယ်လိုမှ လုပ်လို့​မရဘူး​။ ​နောက်​တော့​ နည်း​ဥပ​ဒေထွက်လာတဲ့​အခါ ပြည်နယ် ကတ်ဘိနက် အစည်း​အ​ဝေး​မှာ ဝန်ကြီး​ချုပ်က အစည်း​အ​ဝေး​ခေါ်မှ တက်ရမယ် ဆိုပြီး​တော့​မှ အဲဒီလိုထွက်လာတယ်​လေ။”

နိုင်ငံ​တော်အ​ခြေခံဥပ​ဒေ ခုံရုံး​က အခုချမှတ်လိုက်တဲ့​ အမိန့်​အရ တိုင်း​ရင်း​သား​ရေး​ရာ ဝန်ကြီး​တွေဟာ ပြည်နယ်နဲ့​တိုင်း​ဒေသကြီး​က ဝန်ကြီး​တွေနဲ့​ တန်း​တူခံစား​ခွင် ရရှိ​တော့​မှာဖြစ်ပြီး​၊​ နိုင်ငံ​တော်က ချီး​မြင့်​တဲ့​ လစဉ် စရိတ် ၄ သိန်း​ခွဲနဲ့​ ​နေအိမ်၊​ ​မော်​တော်ကား​ နှစ်စီး​ စတဲ့​ အ​ဆောင်အ​ယောင်​တွေ ရရှိမှာ ဖြစ်ပါတယ်။

No comments: