သျှမ်းသံတော်ဆင့်
သျှမ်းပြည်(မြောက်ပိုင်း) မူစယ်ခရိုင် မုံးကိုးမြို့ နယ်ခွဲအတွင်းရှိ အစိုးရလှုပ်ရှားစစ်ဗျူဟာဝင်း အတွင်း ဒီဇင်ဘာ ၅ ရက် နေ့ နံနက် ၁ နာရီခန့်က KIA ထောင်ထားသည့် ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး အစိုးရစစ်တပ်မှ တစ်ဦးသေဆုံးကြောင်း KIA စစ်ဘက်သတင်းရပ်ကွက် အဆိုအရသိရသည်။
အလားတူ မုံးကိုးမြို့နယ် ရဲစခန်းအနီး ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့သေးကြောင်း KIA စစ်ဘက်နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့် သို့ပြောသည်။
“မုံးကိုးဗျူဟာရုံးနားမှာ ဗုံးကွဲတာပေါ့။ ဗျူဟာမှူးရုံးနားမှာပဲ တစ်ယောက်သေတယ်။ တစ်ချိန်တည်းပဲ မုံးကိုးရဲစခန်းမှာ လည်း တစ်လုံး ထပ်ကွဲတယ်။ ရဲအသေအပျောက်တော့ မသိရဘူး” ဟု ဆိုသည်။
ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ် နှင့် သျှမ်းပြည်(မြောက်ပိုင်း)အတွင်း KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲများဖြစ်ပွား နေရာ ဒီဇင်ဘာ ၄ ရက်နေ့ ညနေ ၃ နာရီခန့်က KIA နှင့် SSA(မြောက်ပိုင်း) ပူးပေါင်းတပ်နှင့် အစိုးရတပ်တို့ မန်တုံ မြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွား ခဲ့သေး ကြောင်း သိရသည်။
No comments:
Post a Comment