Monday, December 5, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် ရုပ်ရှင်အနုပညာရှင်များ တွေ့ဆုံ

ဒီဗွီဘီ


ဒီဇင်ဘာလ ၃ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ရုပ်ရှင်အဖွဲ့သားတချို့ တက္ကသိုလ်ရိပ်သာလမ်းက​ ​ဒေါ်အောင်ဆန်းစုကြည်​နေအိမ်မှာ​ ​တွေ့ဆုံခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ​ရုပ်​ရှင်​အ​နု​ပ​ညာ​ရှင်​တွေ တွေ့ဆုံရာမှာ လာမယ့် ၂၀၁၅ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်တရာပြည့် အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်ရိုက်ကူးဖို့​ ​ဆွေးနွေးခဲ့ကြပြီး အပြန်အလှန် ပွင့်ပွင်းလင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တွေ့ဆုံဆွေးနွေးပွဲမှာ ကျော်သူ၊ ဇာဂနာ၊ ဦးအောင်လွင်၊ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ ရန်အောင်၊ ရဲအောင်၊ ပြေတီဦး၊ နေတိုး၊ လူမင်း၊ နိုင်နိုင်း၊ ၀ိုင်း၊ ဝေဋ္ဌုကျော်၊ လွင်မိုး၊ ဇင်ဝိုင်း၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ကျော်​ကျော်​ဗို​၊​ နေမင်း၊ မိုး​မိုး​​၊​​ ခန့်စည်သူ၊ သူထူးစံ၊ ညီနန္ဒ၊ နေဆန်း၊ မိုးအောင်ရင်၊ ဖိုးသောကြာ၊ ဇေယျ၊ သီးလေးသီးအဖွဲ့၊ ဖိုးချစ်၊ ငှက်ပြောကြော်၊ ကုသိုလ်၊ ကင်းကောင်၊ ချိုပြုံး၊ ထွန်းအိန္ဒြာ ဗို၊ အိန္ဒြာကျော်ဇင်၊ မိုးဟေကို၊ သင်ဇာဝင့်ကျော်၊ ချစ်သုဝေ၊ ဖွေးဖွေး၊ ဒါရိုက်တာ ကြည်ဖြူရှင်၊ မျိုးစန္ဒီကျော်၊ ခင်လေးနွယ်၊ မေကဗျာ၊ ချောရတနာ၊ ခိုင်နှင်းဝေ၊ ရေဗက္ကာဝင်း၊ မြင့်မြင့်ခိုင်၊ နန်းစုရတီစိုး၊ ၀ိုင်းစုခိုင်သိန်း၊ စန္ဒီမြင့်လွင်၊ ချစ်စနိုးဦး၊ ပုလဲဝင်း၊ နိုဘယ်လ် ကျော်ကျော် စတဲ့ နာမည်ကြီး အနုပညာရှင် တော်တော်များများ တက်ရောက်ကြပါတယ်။

No comments: