
သျှမ်းပြည် အတွင်း လစ်လပ် နေသည့် လွှတ်တော် အမတ် ၂ နေရာ အနက် ကလောမြို့ မဲဆန္ဒနယ် လစ်လပ်နေ ရာ၌ စဝ်သာဦး အား ကျားဖြူ ပါတီ အမတ် အချို့က အမည် စာရင်း တင်သွင်းရာ ပါတီ ဥက္ကဌ လည်းလက်ခံ လိုက်ပြီဖြစ် ကြောင်း ကြားသိရ သည်။
“ခွန်ထွန်းဦးတို့ အဖမ်းခံရတုန်းက အမှုတွဲကနေ လွတ်မြောက်တဲ့ စဝ်သာဦးလေ။ အခု ကလောမြို့ ဦးတင်နိုင်သိန်း နေရာ မှာ ကျားဖြူ ပါတီအမတ်အဖြစ် ဝင်ပြိုင်ဖို့ ပါတီဝင်တချို့က သူ့ကိုနာမည်စာရင်း တင်ထားတယ်။ သူနာမည်ပျက်ရှိထား တာကို အဖတ်ပြန် ဆယ်နိုင် အောင် အခွင့်သာတုန်း ကျားဖြူက ကူညီလိုက်တဲ့ သဘော ပါ။ လူထုလက်ခံ/မခံကိုတော့ လူထုအပိုင်းပါ” ဟု ကျားဖြူပါတီမှ လွှတ်တော် အမတ်တဦးက သျှမ်းသံ တော်ဆင့်အား ပြောပြသည်။
၁၉၉၀ ရွေးကောက်ပွဲဝင် ပင်လောင်းစော်ဘွားညီတော် စဝ်သာတင့်နှင့်အောင်ပန်းမှ စဝ်မြစ်ဦးတို့၏သား စဝ်သာဦးသည် ၂၀၀၅ ခုနှစ် သျှမ်းခေါင်းဆောင် ခွန်ထွန်းဦး နှင့် အဖွဲ့တို့ကို ဖမ်းဆီးနေစဉ် ၎င်းလည်း SNLD ဗဟိုအလုပ်မှုဆောင် စိုင်းလှ အောင်နှင့်အတူ (၂၀၀၅ ဖေဖော်ဝါရီ ၈ ရက် ရန်ကုန်၌ SNLD အမှုဆောင်များ အစည်း အဝေးတက် ရောက်ရန် အသွား) တောင်ငူ၌ အဖမ်း ခံခဲ့ရသည်။၂၀၀၅ နိုဝင်ဘာလက ထောင်ဒဏ် ၁၄ နှစ် ဖြင့် အမှု စီရင်ချက် ချပြီးနောက် (စဝ်ခွန်ထွန်းဦး အားအပြစ် ဖို့ဖော်ကောင် လုပ်သည်ဟု နာမည် ထွက်ကာ) ၁ လ ကျော်အကြာ ၂၀၀၅ ဒီဇင်ဘာ လ၌ပင် ထောင်မှလွတ် မြောက်လာ ခဲ့သည်။
“ဒါကတော့ အများကြားသိနေတဲ့သတင်းဖြစ်တယ်။ အဲဒီခေတ်က စစ်အစိုးရတို့ရဲ့ ကစားကွက်တခု ဖြစ်တယ်။ ကျနော်တို့ သျှမ်းလူထုရဲ့ IQ က ရှင်းရှင်းပြောရင် တန်းမမှီဘူးဆိုရပါလိမ့်မယ်။ စဝ်သာဦးကို ခုနေများ သူ့ နာမည် အဖတ်ဆည်ခွင့် မပေးလိုက်ရင် သမိုင်းမှာ နာမည် ဆိုး နဲ့ ကျန်ခဲ့မှာစိုးလို့ပါ။ သူကိုယ်နှိုက်ကလဲ ဒီကိစ္စနဲ့ပတ်သက်ပြီး ရင်ဆိုင်ဖြေရှင်း လိုတဲ့ အတွက် အမတ်လောင်း အမည် တင်သွင်း မှုကို လက်ခံလိုက် ခြင်းဖြစ်တယ်။” - ဟု သျှမ်းပြည်တောင်ပိုင်းမှ ကျားဖြူအမတ် တဦးက ပြောသည်။
ကလော၌ ဝင်ရောက်ယှဉ်ပြိုင်မည့် စဝ်သာဦးနှင့်ပတ်သက်၍တောင်ကြီးမြို့မှ ဒေသခံတဦးကလည်း “ သူအဲလို တကယ် ဖော်ကောင် လုပ်ခဲ့ ရင်တော့ ခုလစ်လပ် နေတဲ့ လွှတ်တော် အမတ် နေရာ ဝင်ပြိုင်ဖို့ သူ့နာ မည်စာရင်း တင်သွင်း တာကို သူ လက်ခံ ရဲမှာ မဟုတ် ဘူးလို့ ထင်တာဘဲ” ဟု ပြောဆိုသည်။
သျှမ်းပြည်အတွင်း လစ်လပ်နေသည့်အမတ်နေရာ ၂ မြို့နယ်သာရှိရာ သျှမ်းပြည်တောင်ပိုင်း ကလောမြို့ ပြည်သူ့ လွှတ် တော်အမတ် ဦးတင်နိုင်သိန်း နေရာတွင် စဝ်သာဦးအားလည်းကောင်း၊ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမျိုးသား လွှတ်တော်အမတ် ဒေါက်တာ စိုင်းမောက်ခမ်း နေရာတွင် ကျားဖြူပါတီဝင် စိုင်းအောင်မြင့်အားလည်းကောင်း ဝင်ရောက် ယှဉ်ပြိုင်ရန် နာမည်စာရင်းတင်ထားသည်ဟု ကြားရကြောင်း ကျားဖြူပါတီ နှင့် နီးစပ်သူများသတင်း ရပ်ကွက်က ဆို၏။
သို့သော် ကြားဖြတ်ရွေးကောက်ပွဲက မည်သည့်နေ့ရက်တွင် ကျင်းပမည်ကို ဗဟိုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေငြာ ခြင်းမရှိသေးပေ။
ကျားဖြူပါတီခေါ် သျှမ်းအမျိုးသားများ ဒီမိုကရက်တစ်ပါတီ ( SNDP ) သည် ယမန်နှစ်ရွေးကောက်ပွဲ ၌ ထောက်ခံမဲ တတိယ နေရာအများဆုံရရှိသည့် တိုင်းရင်းသားပါတီတခုဖြစ်သည်။
No comments:
Post a Comment