Friday, December 16, 2011

ရွှေညဝါဆရာ​တော် ဖိအား​ပေး​ခံရသည့်​ကိစ္စ ​ဒေါ်​အောင်ဆန်း​စုကြည် စိုး​ရိမ်

နေသွင်

ရန်ကုန်တိုင်း​၊​ ကြည့်​မြင်တိုင်မြို့​နယ် ​ရွှေညဝါဆရာ​တော်ကို ​ကျောင်း​က​နေ ဖယ်ရှား​ပြီး​ ​ကျောင်း​က သင်တန်း​တွေကိုလည်း​ ခွင့်​မပြု​တော့​တဲ့​အ​ကြောင်း​ သံဃာမဟာနာယကအဖွဲ့​က ညွန်ကြား​ထား​ပါတယ်။

ဒီကိစ္စနဲ့​ပတ်သက်လို့​ ဆရာ​တော်အတွက် စိုး​ရိမ်တဲ့​ တပည့်​၊​ ဒကာ​တွေက ဒီ​နေ့​မနက်မှာ ဆရာ​တော့်​ကျောင်း​မှာ စုရုံး​ခဲ့​ကြပြီး​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဦး​တင်ဦး​ကလည်း​ အဖွဲ့​ချုပ် ကိုယ်စား​ သွား​ရောက် ညှိနှိုင်း​ခဲ့​ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ကိုယ်တိုင်း​လည်း​ ဒီကိစ္စနဲ့​ပတ်သက်လို့​ စိုး​ရိမ်မှုရှိ​နေတဲ့​အ​ကြောင်း​ အ​ကြောင်း​ ဦး​တင်ဦး​က ​ပြောပြပါတယ်။

ဒီသတင်း​ကို မ​နေ့​ညမှာ ကြား​သိရပြီး​တဲ့​နောက် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဗဟို​ကော်မတီဝင်​တွေ ဒီ​နေ့​ မနက်က ဗဟို​ကော်မတီ အစည်း​ အ​ဝေး​မှာ အ​ရေး​ တကြီး​ ဆွေး​နွေး​ ခဲ့​တယ်လို့​ ပါတီ ဒုဥက္ကဋ္ဌ ဦး​တင်ဦး​က ​ပြောပါတယ်။

အစည်း​အ​ဝေး​ကို ​ဒေါ်​အောင်ဆန်း​စုကြည်လည်း​ တက်​ရောက်ပြီး​ ပြဿနာကို ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​နဲ့​ ​ပြေလည်သွား​ဖို့​ နည်း​လမ်း​ရှာခဲ့​ဖို့​ သူ့​ကို တာဝန်​ပေး​လိုက်တဲ့​ အ​ကြောင်း​ ဒုဥက္ကဋ္ဌ ဦး​တင်ဦး​က ​ပြောပါတယ်။

“ကျ​နော်တို့​ သွား​ပြီး​တော့​ ​လျှောက်ထား​ချင်တာက​တော့​ သံဃာ့​မဟာနာယကအဖွဲ့​ ဥက္ကဋ္ဌဖြစ်တဲ့​ ဗန်း​မော်ဆရာ​တော်ဘုရား​ကြီး​ကိုလည်း​ ​လျှောက်ထား​ချင်တာ​ပေါ့​ဗျာ။ ဒါ​ပေမယ့်​ ခက်တာက သံဃာ့​မဟာနာယကအဖွဲ့​နဲ့​ကလည်း​ပဲ ကျ​နော်တို့​အဖို့​က သိပ်ပြီး​တော့​ မနီး​စပ်ဘူး​ခင်ဗျ။ တခါမှလည်း​ ကျ​နော်တို့​က ဆက်စပ်မှုလည်း​ ဆက်သွယ်မှုလည်း​ မရှိခဲ့​တော့​ ဒီလို​တော့​ ရှိတာ​ပေါ့​နော်။ သို့​သော်လည်း​ပဲ ကျ​နော်တို့​က​တော့​ သပိတ်အိုင်ဆရာ​တော် ဘုရား​နဲ့​က​တော့​ ဒကာမကြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​က​တော့​ အင်မတန်ကိုပဲ ဆရာဒကာလို ဖြစ်​နေပြီဗျ။ အဒါ​ကြောင့်​မို့​လို့​ အဲဒီဟာကို ​ဒေါ်​အောင်ဆန်း​စုကြည်က တာဝန်​ပေး​တယ်။ ဒီဥစ္စာကို ​အေး​အေး​ချမ်း​ချမ်း​ ​ပြေ​ပြေလည်လည် ​ဆောင်ရွက်နိုင်ဖြစ်​အောင် သပိတ်အိုင် ဆရာ​တော်ဘုရား​ကြီး​ကိုလည်း​ ချည်း​ကပ်ပြီး​တော့​ပေါ့​နော် လိုအပ်တာ​တွေ သူ့​ဆီက ဩဝါဒ​တွေခံယူပြီး​တော့​ ​ဆောင်ရွက်နိုင်​အောင် လုပ်ဖို့​ ကျ​နော် ဒီလို​တော့​လည်း​ စိတ်ကူး​ထား​တယ်ခင်ဗျ။”

ရွှေညဝါဆရာ​တော်ကလည်း​ ဆရာရင်း​ဖြစ်တဲ့​ သံဃာ့​မဟာနယက ဥက္ကဋ္ဌ ဗန်း​မော်ဆရာ​တော် ဘုရား​ကြီး​ကို ​တွေ့​ဖို့​ရှိတဲ့​အ​ကြောင်း​၊​ သူ့​ကို မိန့်​ကြား​ခဲ့​တယ်လို့​ မနက်က ဆရာ​တော်ကို သွား​ဖူး​ခဲ့​တဲ့​ ဦး​တင်ဦး​က ​ပြောပါတယ်။

တပည့်​၊​ ဒကာ၊​ ဒကာမ​တွေ မပူကြဖို့​ ဆရာ​တော်က တဆင့်​ မှာကြား​ခဲ့​တဲ့​အ​ကြောင်း​လည်း​ ဦး​တင်ဦး​က အခုလို​ပြောပြပါတယ်။

“ဆရာ​တော်ဘုရား​ကြီး​က ​အေး​အေး​ချမ်း​ချမ်း​ ​ဆောင်ရွက်သွား​မယ့်​အ​ကြောင်း​ပေါ့​။ ​ပြောလိုက်လို့​ရှိရင် အကုန်လုံး​ ​ပြေလည်သွား​ နိုင်ပါတယ်တဲ့​။ အဲဒီဟာကို ​ပြေလည်​အောင် အား​လုံး​က ညှိနှိုင်း​ဆောင်ရွက်ပြီး​မှ လုပ်ဖို့​ ​ကောင်း​ပါတယ်။ ဘယ်သူကမှ ဆန္ဒ​စောပြီး​တော့​ လုပ်တဲ့​ ကိစ္စမျိုး​ ဖြစ်လို့​ရှိရင် ​ကျောင်း​မှာရှိတဲ့​ သံဃာ​တော်အတွက်ကလည်း​ပဲ မ​ကောင်း​ပါဘူး​တဲ့​။ ​နောက်ပြီး​တော့​ ကိုး​ကွယ်​နေတဲ့​ ဒကာ ဒကာမ​တွေအတွက်လည်း​ အဆင်မ​ပြေရာ ဖြစ်မယ်တဲ့​ ​နောက်ပြီး​တော့​ ဆက်သွယ်လုပ်ကိုင်​နေတဲ့​ ကျ​နော်တို့​ အဖွဲ့​အစည်း​များ​အ​နေနဲ့​လည်း​ပဲ လုပ်ကိုင်​နေတဲ့​ တိုး​တက်​ကောင်း​မွန်​နေတာကိုလည်း​ အထစ်အ​ငေါ့​ဖြစ်မှာ စိုး​တယ်​ပေါ့​ဗျာ။ အဲဒါ​ကြောင့်​မို့​ အစစအရာရာ ပြည်လည်​အောင်အတွက် ဆန္ဒမ​စောဘဲနဲ့​ ​အေး​အေး​ဆေး​ဆေး​ တိုင်တိုင်ပင်ပင်လုပ်ရင် ​ပြေလည်နိုင်ပါတယ်တဲ့​ ကျ​နော့်​ကိုလည်း​ မှာလိုက်ပါတယ်။ အပြင်မှာ ရှိ​နေတဲ့​ ပြည်သူလူထု​တွေကိုလည်း​ပဲ ​အေး​အေး​ဆေး​ဆေး​လေး​နဲ့​ ​ပြေလည်ရာ​ပြေလည်​ကြောင်း​ ဖြစ်မယ့်​အ​ကြောင်း​၊​ ကျ​နော်ကပဲ သူတို့​ကို ဒါကို စိတ်ထဲမှာ ဘာမှစိုး​ရိမ်ပူပန်​ကြောင့်​ကြခြင်း​ မရှိ​အောင် ​နေကြပါ၊​ ​အေး​အေး​ဆေး​ဆေး​ပြန်ကြပါ ​နေကြပါဆိုတာကိုလည်း​ပဲ ​ပြောဆို​ပေး​ခဲ့​ပါဆိုလို့​ ကျ​နော်က ပြည်သူလူထုကို မှာကြား​ပေး​ခဲ့​ပါတယ်။”

မနက်က​တော့​ ကြည့်​မြင်တိုင် ​ရွှေညဝါ​ကျောင်း​တိုက်ကို သံဃာ့​မဟာနယက ဥက္ကဋ္ဌ ဗန်း​မော်ဆရာ​တော် ကြွ​ရောက်လာမယ်လို့​ သတင်း​ထွက်​နေတဲ့​အတွက် ရဟန်း​နှင့်​ လူနှစ်ရာဝန်း​ကျင် စုရုံး​ခဲ့​ကြတယ်လို့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ ကိုကိုကြီး​ (စမ်း​ချောင်း​) က ​ပြောပါတယ်။

“ကျ​နော့်​အမြင်က​တော့​ ဒီမိုက​ရေစီစနစ်ကို သွား​နေတယ်ဆိုတဲ့​ အ​နေအထား​နဲ့​ နည်း​နည်း​လေး​ လွဲ​ချော်​နေသလိုပဲဗျ။ အခုအချိန်မှာ ဆန္ဒပြခွင့်​ ဥပ​ဒေ​တောင် ပြဋ္ဌာန်း​ပြီး​ပြီဗျာ။ ဒီလိုမျိုး​ ဩဝါဒစကား​ ချီး​မြှင့်​လို့​ အ​ရေး​ယူတယ် ဆိုတာက​တော့​ နည်း​နည်း​လေး​ တခုခု​တော့​ လွှဲ​နေသလိုပဲ​ပေါ့​။ အဲဒါကို ပြန်စဉ်း​စား​သင့်​တယ်​ပေါ့​နော်။ အဲဒီအတွက်​ကြောင့်​လည်း​ ဒီ​လောက် ဖြစ်စရာ မလိုဘူး​လို့​ ကျ​နော်ထင်တယ်​ပေါ့​နော်။ အခုက​တော့​ အား​လုံး​က ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​နဲ့​ပဲ ​စောင့်​ကြည့်​နေတယ်။ ကိုယ်လုပ်စရာရှိတာကိုပဲ ဆက်ပြီး​တော့​ လုပ်​နေကြမယ် အဲဒီလိုပဲ မြင်ပါတယ်ခင်ဗျ။”

ရွှေညဝါ ဆရာ​တော်ကို သံဃာ့​မဟာနာယကပို့​လိုက်တဲ့​ ညွန်ကြား​စာမှာ တရား​ဟောခွင့်​ ပိတ်ပင်ခံထား​ရတဲ့​ ဆရာ​တော်ဟာ နိုဝင်ဘာလအတွင်း​က မန္တ​လေး​တိုင်း​ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ရုံး​မှာ တရား​ဟောတဲ့​အတွက် အ​ရေး​ယူတာလို့​ ​ဖော်ပြထား​ပါတယ်။

ဒီကိစ္စနဲ့​ပတ်သက်လို့​ မန္တ​လေး​တိုင်း​ အဖွဲ့​ချုပ်ကို ​မေး​မြန်း​တဲ့​အခါမှာ​တော့​ ဥက္ကဋ္ဌ ဦး​သိန်း​တန်က အခုလိုရှင်း​ပြပါတယ်။

“ဆရာ​တော် ကျ​နော်တို့​ဆီမှာ လာ​ပြောတာက​တော့​ ဝါး​ပင်​လေး​တွေအ​ကြောင်း​ကို သူ​ပြောသွား​တယ်။ ဝါး​ပင်များ​ဟာ ​လေယူရာ ယိမ်း​ပေမယ့်​ ဘယ်​လောက်ထိခိုင်မာတယ်ဆိုတဲ့​အ​ကြောင်း​၊​ စည်း​လုံး​ညီညွတ်မှုရှိတဲ့​အ​ကြောင်း​၊​ နိုင်ငံ​ရေး​ သိပ်မပါဘူး​ဗျ။ ​ပြောတဲ့​ ​ဟောတဲ့​အထဲမှာ ဘာတခုမှ ​ဘောင်လွတ်တာမပါဘူး​ဗျ။”

မ​နေ့​ည​နေပိုင်း​က ဒီဗွီဘီက ​မေး​မြန်း​လျှောက်ထား​တဲ့​အချိန်မှာလည်း​ ​ရွှေညဝါဆရာ​တော်က ငြိမ်း​ချမ်း​ရေး​ကို လိုလား​တဲ့​ သံဃာတပါး​အ​နေနဲ့​ ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​ပဲ ​ဖြေရှင်း​ချင်တဲ့​ ဆန္ဒရှိတယ်လို့​ မိန့်​ကြား​ခဲ့​ပါတယ်။

No comments: