
ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA)က ရှမ်းပြည် မြောက်ပိုင်း ၎င်းနယ် မြေမှ သစ်ထုတ် လုပ်ခွင့် ပိတ်ပင်ခြင်း အမိန့် ကို ဒီဇင်ဘာ ၁၃၊ ဗုဒ္ဓဟူး နေ့က ထုတ်ပြန် လိုက်သည်။
ထိုတားမြစ်ချက်သည် မြန်မာအစိုးရက သစ်ထုတ်ခွင့်ပြုထားသည့် မုံးကိုးနှင့် ဖောင်းဆိုင် ဒေသနှစ်ခုတွင် အကျိုးတက်ရောက်မည်ဟု မုံးကိုး KIA အရာရှိ ဒူဇောင်း (Du Zawng) ကချင်သတင်းဌာနသို့ပြောသည်။
ဖောင်းဆိုင်ပြည်သူ့စစ်ခေါင်းဆောင် လော်ယောင်း (Lau Yawng) ထံသို့လည်း KIA က အကြောင်းကြားစာ ပေးပို့ထားသည်ဟု ဆိုသည်။
လော်ယောင်းသည် ကွတ်ခိုင်ပြည်သူ့စစ်ခေါင်းဆောင် အမတ် ဦးခွန်မြတ်၏ ညီဖြစ်သည်။
တားမြစ်ချက် ကျူးလွန်သူအား ပြင်းပြင်းထန်ထန် အရေးယူသွားရန်ရှိသည်ဟု ဒူဇောင်းပြောသည်။
သစ်တောပြုံးတီးမှုကို မလိုလားကြသည့် ဖောင်းဆိုင်ဒေသခံများ၏ အကြိမ်ကြိမ်တောင်းဆိုမှုဆန္ဒအတိုင်း ထိုသို့ တားမြစ်ချက်များ ထုတ်ပြန်ရခြင်းလည်းဖြစ်သည်ဟု KIA အရာရှိကဆက်ပြောသည်။
ဖောင်းဆိုင်တွင် ပျဉ်အတွက် သစ်ထုတ်လုပ်ခြင်းဖြစ်ကာ မုံးကိုးတွင် မီးသွေးဖုတ်ရန်အတွက် သစ်ခုတ်လဲခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုပျဉ်နှင့် မီးသွေးများကို တရုတ်နိုင်ငံသို့တင်ပို့ကြကာ ဂျပန်နှင့် တောင်ကိုးရီးယားသို့ ဆက်လက်ရောင်းချကြသည်ဟုဆိုသည်။
ဒီဇင်ဘာ ၁၅ ရက် ကြသပတေးနေ့က တရုတ်နိုင်ငံဖက်ခြမ်း မန်ဟိုင်းမှ ၀င်လာသည့် တရုတ်သစ်ကား အစီး ၂၀ အား KIA က တားမြစ်ခဲ့သည်ဟု မျက်မြင်များပြောသည်။
ယခုနှစ် စက်တင်ဘာလကတည်းက တရုတ် သစ်ခုတ်အလုပ်သမား ၃၀၀ နှင့် မြေထိုးစက် အစီး ၅၀ သည် သံလွင်မြစ် အနောက် ဘက်ခြမ်း တွင် ယခုချိန်ထိ သစ်ခုတ်နေကြဆဲဖြစ်သည်ဟု မုံးကိုးဒေသခံများပြောသည်။
မုံးကိုးဒေသတွင် ယခုနှစ် ဇွန်လနောက်ပိုင်းမှ မြန်မာအစိုးရတပ်နှင့် KIA ကြားတိုက်ပွဲများ ရံဖန်ရံခါဖြစ်ပွားနေခဲ့သည့် KIA မှ အချို့အစိတ်အပိုင်း ထိန်းချုပ်ရာဒေသဖြစ်သည်။
No comments:
Post a Comment