
မြန်မာအစိုးရအား နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းနေမှုကိုရပ်တန့်ကာ နိုင်ငံရေးနည်းဖြင့် ၀ိုင်းဝန်းအဖြေရှာရန် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီက တိုက်တွန်းလိုက် သည်။
“နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်” ဖြေရှင်းခြင်းမပြုဘဲ အာဏာရထားသူများက စစ်အင်အားအသုံးပြု ဖြေရှင်းခြင်း၊ အပစ်ရပ်ပြီး “ဒေသဖွံ့ဖြိုးရေး” နည်းဗျူဟာကို ကျင့်သုံးနေခြင်းသည် ကျွန်ုပ်တို့တိုင်းရင်းသား လူမျိုးများ၏ “နိုင်ငံရေးတန်းတူညီမှုတိုက်ပွဲကို လှည့်စားသောနည်းဖြင့် ဖြိုခွင်းနေခြင်းဖြစ်သဖြင့် နှစ်ပေါင်း ၆၀ ကျော် ငြိမ်းချမ်းရေးနှင့် ဝေးခဲ့ရခြင်းဖြစ်သည်ဟု ဒီဇင်ဘာ ၄ ရက်ထုတ် UNFC ၏ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ (United Nationalities Federal Council)တွင်
၁) ကချင်လွတ်မြောက်ရေးအဖွဲ့ (Kachin Independence Organization)
၂) ကရင်အမျိုးသားအစည်းအရုံး (Karen National Union)
၃) ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (Karenni National Progressive Party)
၎) ချင်းအမျိုးသားတပ်ဦး (Chin National Front)
၅) မွန်ပြည်သစ်ပါတီ (New Mon State Party)
၆) ရှမ်းပြည်တိုးတက်ရေးပါတီ (Shan State Progressive Party)
၇) ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (Pa-O National Liberation Organization)
၈) ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (Palaung State Liberation Front)
၉) ရခိုင်အမျိုးသားကောင်စီ (Arakan National Council)
၁၀) လားဟူဒီမိုကရက်တစ်သမဂ္ဂ (Lahu Democratic Union)
၁၁) ၀ အမျိုးသားအဖွဲ့ချုပ် (Wa National Organization)
၁၂) ကချင်အမျိုးသားအစည်းအရုံး (Kachin National Organization) ပါဝင်သည်။
၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်မှာ ပြည်နယ်တွင်း တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌါန်းခွင့်ကို အာမခံသည့် စစ်မှန်သော ပြည်ထောင်စု ထူထောင်ရန်ဖြစ်သည်။
သို့သော် သမ္မတဦးသိန်းစိန်အစိုးရသည် တဖွဲ့ချင်းစီသာတွေ့ဆုံဆွေးနွေးရန် သတ်မှတ်ထားသည့်အတွက် UNFC ၏ စုစည်းညီညွတ်မှုကို ဖြိုခွင်းလိုခြင်းဖြစ်သည်ဟု ဆိုသည်။
လတ်တလောတွင် UNFC ၏ နိုင်ငံရေးရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းမည်ဟု သိရှိရသည်။
No comments:
Post a Comment