Thursday, June 21, 2012

မသင်္ကာမှုဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသော ဒုက္ခသည်များ မိမိစားစရိတ် အတွက် လည်း ပေးဆောင်နေရ

KNG

အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တိုက်ပွဲကြောင့် မိုးကောင်းမြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်လာစဉ် ဆားမှော်ကျေးရွာတွင် ဖမ်း ဆီး ခံခဲ့ ရသော ဒုက္ခသည် ၆ ဦးကို အာဏာပိုင်များက စစ်ဆေးမှုလုပ်နေချိန်တွင်း ၄င်းတို့စားစရိတ်အတွက်ကိုယ်တိုင် တစ်လ ကျပ်ငွေ ၃သောင်းမှ ၅သောင်းထိ ပေးဆောင်နေရကြောင်း နီးစပ်သောဆွေမျိုးများပြောသည်။

၎င်းတို့ကို မိုးကောင်း အခြေစိုက် စစ်ဆင်ကွပ်ကဲရေးဌာနချုပ်-၃ (စကခ-၃) အမိန့်အရ မင်္ကာသူတွေအဖြစ် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မိုး ကောင်း ရဲစ ခန်း တွင် စစ်ဆေးမေးမြန်းမှုခံနေရချိန် ညမနက်စာအတွက်လည်း အာဏာပိုင်များထံ ပေးဆောင် နေရခြင်း ဖြစ်ကြောင်း သိရ သည်။

ထိုသူတို့အား ကချင်လွတ်လပ်ရေးတပ်ဖွဲ့နှင့် ဆက်နွယ်သူတွေအဖြစ် ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး မိုးကောင်းရဲစခန်းတွင် ၄င်းတို့ကိုလာတွေ့သောဆွေမျိုးများနှင့်လည်းတွေ့ဆုံခွင့်မပေးပဲ စားစရိတ်စီစဉ်ပေးရန်သာပြောဆိုလာခြင်းဖြစ်ကြောင်း အခြေအနေကို လိုက် လံစုံစမ်းနေသော ဒေသခံတစ်ဦးပြောသည်။

“ရဲစခန်းကိုသွားမေးတော့ စစ်ဆေးစရာရှိသေးတယ်တဲ့။ ပြောလို့မရသေးဘူး။ ကျွန်နော်တို့လည်း မသိဘူး။ အထက်က အထက်က လို့ပဲပြော ပြီး ထားထားတယ်။ နည်းနည်းကြာမလားမသိဘူး အစားအစာစီစဉ်ပေး ပါလို့ပြောတယ်။ အဲတော့ အဲဒီက ရဲကတော်တွေချက်ပြီး ပို့ပေးတာ ရှိတယ်။ သူတို့ကိုပြောထားရင် ပို့ပေးတယ်။ အဲဒီမှာ တစ်လကို ၃သောင်း ပေးပြီး ပို့ခိုင်းရတယ်။ တချို့က ၅၀၀၀၀ တောင်မှတောင်း တယ်” ဟု အထက်ပါဒေသခံကပြောသည်။

မိုးကောင်းအခြေစိုက် အာဏာပိုင်များက ဆွတ်လဲန်ယန်ကျေးရွာ (Sut Len Yang mare) မှထွက်ပြေးလာသော ထိုဒုက္ခသည်များကို ဆွေမျိုး အိမ်၌ တညအိပ် ခေတ္တတည်းခိုနေချိန် ဇွန်လ ၇ ရက်နေ့ညက ဆားမှော်မြို့တွင် ၀င်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလအတွင်း ဆွတ်လဲန်ယန် (Sut Len Yang) ရွာနားတွင် အစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား ခဲ့ သော ကြောင့် မိုးကောင်း စစ်ပြေးဒုက္ခသည်စခန်းသို့ ခိုလှုံရန်တိမ်းရှောင်လာသော ဒုက္ခသည် ၄ ဦးနှင့် ၈ တန်းကျောင်းသားအပါအ၀င် ဒေသခံ၂ဦးကို ဖမ်းဆီးခဲ့ပြီး ဒေသခံတစ်ယောက်ကိုလွှတ်ပေးခဲ့သည်။

ယခုချိန်တွင် ဖမ်းဆီးခံထားရသူများသည် ဦးမရူအောင်၊ ဦးလဗျမာဒီး၊ ဦးစံထူး၊ ဦးဒဘန်လ နှင့် မောင်ဒဘန်လ(၈တန်းကျောင်းသား) တို့ဖြစ် ပြီး စခန်းတွင် ဆက်လက်စစ်ဆေးမေးမြန်းမှုခံနေရဆဲဖြစ်သည်။

ထိုသူတို့အား မည်သည့်ပြစ်မှုဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုမူ ယခုချိန်ထိ တိကျစွာမသိရသော်လည်း ၎င်းတို့တည်းခိုခဲ့သော အိမ် များတွင် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ဝင်များ အ၀င်အထွက်ရှိသောကြောင့် မသင်္ကာမှုဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်နိုင်သည်ဟု ဒေသ ခံများ သုံးသပ် ပြောဆို နေကြ သည်။

လွန့်ခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် မြန်မာအစိုးရကြား စစ်ပွဲဖြစ်ပွားပြီးနောက် အစိုးရမှ ကေအိုင်အိုနှင့် ပတ်သက်ဆက်နွယ်သူဟု ယူဆသူများအား လိုက်လံဖမ်းဆီးအရေးယူနေခြင်းဖြစ်သည်။

No comments: