Wednesday, June 20, 2012

ရန်ကုန်တွင် ထိမ်းသိမ်းခံထားရသည့် ရခိုင်ရဟန်းတော် ယနေ့တိုင် အဆက် အ သွယ်မရ

မောင်အေး

ရန်ကုန်မြို့ ဆူးလေ ဘုရားတွင် ဇွန်လ ၁၂ ရက်နေ့က ဆုတောင်းအမျှဝေအပြီးအတွင် ထိမ်းသိမ်းခံခဲ့ရသည့် ရခိုင် ရဟန်းတော် အရှင် ရာဟု လာနှင့်ယနေ့တိုင် အဆက်အသွယ် မရှိသေးကြောင်း ရခိုင် ရဟန်းတော် တစ်ပါးက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ပေါ်ပေါက်ခဲ့သော အကြမ်းဖက် သတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူများအတွက် ဆုတောင်းပွဲ အပြီး ဇွန်လ ၁၂ ရက်နေ့က အရှင် ရာဟုလာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။

ဆုတောင်းပွဲ အပြီး အပြန်တွင် ဆူးလေဘုရားအနီးမှ အာဏာပိုင်များမှ ဖမ်းဆီးခေါ် ဆောင်သွားခြင်းဖြစ်ပြီး ကမ္ဘာအေးသာသနာရေး ရိပ် သာ တွင် ထိမ်းသိမ်းထားခြင်း ဖြစ်သည်ဟု ရဟန်းတော်က ပြောသည်။

“ သူ့ကို ထိမ်းသိမ်းထားတာ ရဲစခန်းမှာတော့မဟုတ်ဘူး။ ကမ္ဘာအေး သာသနာ့ ရိပ်သာမှာ ထိမ်း သိမ်းထားတယ် လို့ သိရတယ်။ သူ့ကို အ ပြင်လည်းမထွက်ခိုင်းဘူး။ အပြင်က လူတွေလည်း အဆက်အသွယ်လုပ်လို့ မရဖြစ်နေ တယ်။”

ယခုကဲ့သို့ ထိမ်းသိမ်းထားခြင်းမှာ ဆူးလေဘုရားတွင် ဆန္ဒထုတ်ဖော်ပြသရန် ဦးဆောင်လှုပ်ရှားခဲ့သည့်အတွက် ဖြစ်နိုင်ကြောင်း တစ်ခြား ရန်ကုန်ရောက် လူငယ် တစ်ဦးက ပြောသည်။

“ အဲဒီ ကိုယ်တော်ကို ဆုတောင်းပွဲပြီးလို့ ကျောင်းကိုပြန်ဖို့ တခြားကိုယ်တော်တွေနဲ့ လူစုနေတုန်း ရဲကခေါ်သွား တာ။ သူနဲ့ အဆက်အ သွယ်မရတော့ ဘာတွေဆက်ဖြစ်တယ်ဆိုတာတော့ မသိရဘူး” ဟု အဆိုပါ လူငယ်မှ ဆက်ပြောသည်။

ဆုတောင်းအမျှဝေးရာတွင် ရခိုင်ပြည်နယ် မောင်တော- စစ်တွေမြို့တို့တွင် အကြမ်းဖက်ခံရပြီး အသက် ဆုံးရှုံး သူများကို ရဟန်းတော်များက ဘာသာရေးအစဉ်အလာနှင့်အညီ အမျှပေးဝေ ခဲ့ကြခြင်း ဖြစ်သည်။

ဇွန်လ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သော အမျှပေးဝေ ဆုတောင်းပွဲသို့ ရဟန်းတော် စုစုပေါင်း ၁၀၀ ကျော်မှ ပါဝင်ခဲ့ကြသည်။

No comments: