Wednesday, June 20, 2012

စစ်ရေး နည်းဖြင့် မဖြေရှင်း ရဘဲ RCSS/SSA နှင့် UWSA တို့ သဘော တူညီမှု ရရှိ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော် အမှတ် ၁ ကျိုင်းတုံစစ်ဒေသမှူးနှင့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် တပ်မဟာ ၇၇၅ တပ်မဟာမှူးတို့ အ ချက် လေးချက် ဆွေးနွေးသဘောတူညီမှုရရှိကာ တင်းမာမှုများလျော့ကျသွားပြီဖြစ် ကြောင်း လွယ်ကော်ဝမ်းအေခြစိုက် SSA အရာရှိ များက ပြော သည်။

“ ကျနော်တို့ လွယ်ကော်ဝမ်းဌာနချုပ်အမှတ် ၁ စစ်ဒေသမှူး ဗိုလ်မှူးကြီးကွဏ်းဇင့်နဲ့ အမှတ် ၇၇၅ ရဲ့ ဝ တပ်မဟာ မှူး ယန်ကော်ကျုံးတို့ ဖုန်းထဲ ကနေ ဆွေးနွေးပြီး အချက် ၄ ချက်ကို သဘောတူညီမှုရရှိခဲ့ကြတယ်။ ကျနော်တို့ လုပ်နေဆဲ ယာခင်းတွေကို ဆက်လက်လုပ်ကိုင်သွားဖို့လဲ ဝ ဖက်က သဘောတူခဲ့တယ်” ဟု လွယ်ကော်ဝမ်း အခြေစိုက် သျှမ်းပြည် တပ်မ တော်၏ အရာရှိ တဦးက သျှမ်း သံတော်ဆင့် အားပြောပြသည်။

ယခုလ ၁၆ ရက်နေ့က သျှမ်းပြည်တပ်မတော်၏ လွယ်ကော်ဝမ်းဌာနချုပ်သို့ ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ် မတော်က အင်အား ဖြည့် ချဉ်းကပ်လာမှုကြောင့် ၄ ရက်ကြာ နှစ်ဦးနှစ်ဘက် စစ်ရေးအရတင်းမာရာမှ ယမန်နေ့က နှစ်ဘက်ခေါင်းဆောင်များ တယ်လီဖုန်းဖြင့် ဆွေးနွေး ခဲ့ကြပြီး ပြန်လည် အဆင် ပြေခဲ့ကြ ပြီဖြစ် ကြောင်း SSA ခေါင်း ဆောင်များကပြောသည်။

“ဝ ခေါင်းဆောင်ဖက်က ကျနော်တို့ကို အချက် ၃ ချက်တောင်းဆိုတယ်။ ၁- သူတို့ထိန်းချုပ် နယ် မြေထဲ ကျူးကျော် ဝင်ရောက်ခြင်းမပြုဖို့။ ၂- ကျနော်တို့တပ်စခန်းတွေ နေရာတွေ တိုးချဲ့တည်ဆောက်ခြင်းမပြုဖို့နဲ့ ၃- တဖက်နယ် မြေ ထဲကို တဖက်က ဝင်ရောက်တော့မယ်ဆိုရင် ကြို တင်အကြောင်းကြားကြဖို့ စတာတွေပါတယ်။ ကျနော်တို့ သဘောတူ လိုက်လျော ပေး တယ်။ ဒါကြောင့် ၄-၅ ရက်အတွင်းတင်းမာနေမှုတွေ လျော့ကျသွားပြီလို့ပြောနိုင်ပါ တယ်။ ဒါပေမယ့် ကျနော်တို့ ဌာနချုပ်ရဲ့ မြောက်ဖက် မီတာ ၂၀၀၀ အကွာမှာရှိနေတ့ ဝ တပ်ဖွဲ့ရဲ့ အင်အားတွေ ပြန်ရုပ်သိမ်းသွားပြီလားဆိုတာ စစ်ဆေးနေဆဲဖြစ်တယ်” ဟု ဗိုလ်မှူးကြီးကွဏ်းဇင့် ကပြောသည်။

ယခုလ ၁၆ ရက်နေ့က မိုင်းယွန်း အခြေစိုက် ဝ တပ်မဟာ ၅၁၈ မှ စစ်ကားအစီး ၅၀ (ကားတစီး အင်အား ၂၀ - ၃၀ ကြား) နှင့် ဟွေ့အော်အ ခြေစိုက် တပ်မဟာ ၇၇၅ မှစစ်ကား ၁၀ စီးတို့ လွယ်ကော်ဝမ်းဌာနချုပ်သို့ချဉ်းကပ် ရောက်ရှိလာခြင်းဖြစ်ပြီး၊ ၎င်းနှင့်ပတ်သက်၍ လွယ်ကော် ဝမ်းဌာနချုပ် အမှတ် ၁ စစ်ဒေသမှူး ဗိုလ်မှူးကြီး ကွဏ်းဇင့်က“ ငြိမ်းချမ်းသော နည်း လမ်း ဖြင့်သာ ဖြေရှင်းနိုင်အောင် ကြိုးစား နေကြောင်း ” သျှမ်းသံတော်ဆင့် သို့ပြော သည်။

နယ်စပ်လုံခြုံရေးထိုင်းတပ်ဖွဲ့ကမူ နယ်စပ်သို့ ဒုက္ခသည်များထပ်မံရောက်လာမည်ကို စိုးရိမ်သဖြင့် ဝ တပ်ဖွဲ့အား ပဋိပက္ခ မစတင် မိရန် သတိ ပေးတားမြစ် ခဲ့သေး သည်ဟု ထိုင်းလုံခြုံရေးအရာရှိတဦးကပြောသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့သည် ၂၀၀၀ - ၀၁ တိုက်ပွဲ အပြင်းထန် ဖြစ်ခဲ့ ဖူး၏။ ထို့အတူ ၂၀၀၅ ခုနှစ်တွင်လည်း ဝ တပ်ဖွဲ့ မှ တပ်သားတဦးပျောက်ဆုံးသည့်ကိစ္စ နှင့် သောက်သုံးရေကိစ္စတို့ကြောင့် တလ ကျော်ကြာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီးဘူးသည်။

No comments: