Thursday, June 14, 2012

ရခိုင်ပြည်နယ် ပဋိပက္ခ ဒီမိုကရေစီအရေး အတားအဆီးဟု ကွင်တားနား ပြော

မျိုးသန့် | ကြာသပတေးနေ့၊ ဇွန်လ ၁၄ ရက် ၂၀၁၂

ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ ရိုဟင်ဂျာများ အကြား ဖြစ်ပွားနေသည့် ပဋိပက္ခများသည် နိုင် ငံ့အ နာဂတ် ဒီမိုကရေစီရေးအတွက် ကြီးမားသည့် အတားအဆီးတခုဖြစ်လာနိုင်သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အ ထူး သံတမန် သောမတ်စ် အိုဟေး ကွင်တားနား သတိပေး ပြောကြားလိုက်သည်။

“တင်းမာမှုများဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူပြောင်းရေးနဲ့ တည်ငြိမ်ရေးတို့အတွက် အတားအ ဆီး ဖြစ်ပေါ်နေပြီး တရားဥပဒေကို လေးစား ဖို့နဲ့ အကြမ်းဖက်မှုတွေ မလုပ်ကြဖို့ နှစ်ဘက်လုံးကို ကျနော် တိုက်တွန်းပါတယ်” ဟု ကွင်တားနား၏ ပြောကြားချက်ကို ကုလသမဂ္ဂ ပြန်ကြား ရေး ဌာန (ရန်ကုန်) ၏ အင်တာနက် စာမျက်နှာတွင် ဇွန်လ ၁၃ ရက်နေ့ နေ့စွဲဖြင့် ဖေါ်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် ပဋိပက္ခများအတွင်း ဇွန်လ ၈ ရက်နေ့မှ ၁၁ နေ့အထိ လူပေါင်း ၂၁ ဦးသေဆုံးခဲ့ ပြီး ၂၁ ဦး ဒဏ် ရာရ ရှိခဲ့ သည်ဟု နိုင်ငံပိုင် သတင်းစာများက ရေးသားသည်။ ယင်းအပြင် လူနေအိမ် ၁၆၆၂ လုံး၊ ဆိုင်ခန်း ခြောက်ခန်း၊ ဆိုင်ကယ် ၁၈ စီး၊ ထော် လာဂျီ သုံးစီး၊ စက်ဘီး ကိုးစီးတို့လည်း ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ ပဋိပက္ခ အခြေအနေများသည် ဒီမိုကရေစီဖေါ်ဆောင်ရေးနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ထိခိုက် ဆုံးရှုံးမှုများစွာ ဖြစ် ပေါ်စေ နိုင်သည်ဟုလည်း သမ္မတ ဦးသိန်းစိန်က ဇွန်လ ၁ဝ ရက်နေ့ မိန့်ခွန်းတွင် သတိပေး ပြောကြားသွား သေးသည်။

“အသွင် ကူးပြောင်းစသာရှိသေးတဲ့ ကျနော်တို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီ ဖေါ် ဆောင်ရေးနဲ့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အပေါ် ပြင်းပြင်းထန်ထန် ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်စေနိုင်တာကို မိဘပြည်သူများအားလုံး အထူး သတိထား ကြစေချင်ပါတယ်” ဟု ပြောသွားသည်။

မေလ ၂၈ ရက်နေ့မှ အစပြုခဲ့သည့် ပဋိပက္ခများသည် ပိုမိုကျယ်ပြန့်လာခြင်းကြောင့် ဇွန်လ ၁ဝ ရက်နေ့မှစ၍ ရခိုင်ပြည်နယ်အတွင်း အ ရေး ပေါ် အခြေ အနေ အဖြစ် အမိန့်အမှတ် ၁/၂၁၀၂ ကို ဦးသိန်းစိန်အစိုးရမှ ထုတ်ပြန်ကြေညာခဲ့ရသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများအား ဘာသာရေး ပဋိပက္ခများအဖြစ် မီးမောင်းထိုး သတင်း ထုတ်ပြန်မှုမလုပ်ရန် ပြည် ပမီဒီယာများနှင့် ဗြိတိန်အခြေစိုက် NGO တခုကို အမျိုးသားရေးဝါဒီများက ကြာသပတေးနေ့ နံနက်တွင် ရန်ကုန်မြို့ရှိ ဗြိတိန်သံရုံး ရှေ့၌ ဆန္ဒ ပြ တောင်းဆိုမှု တခု ခေတ္တပြုလုပ်ခဲ့ကြသေးသည်။

သတင်းမီဒီယာများ၏ ဖေါ်ပြချက်များနှင့် ပတ်သက်၍လည်း “အကြမ်းဖက်မှုများ ဖြစ်ပွားခြင်းမှ ကာကွယ်ရန် သတင်း မီဒီယာများ အနေ ဖြင့် လည်း တာဝန် သိစိတ်ဖြင့် သတင်းများ ရေးသားရန် လိုအပ်ပါတယ်” ဟု ကွင် တားနားက သတိပေး ပြောဆိုလိုက်သည်။

No comments: