Monday, June 4, 2012

ဘာသာရေးခွဲခြားဆက်ဆံသည့် လုပ်ရပ်အပေါ် နိုင်ငံတော်သမ္မတ ထံ ချင်းလူငယ်များက တိုင်ကြား

ခိုနူမ်းထုန်

ချင်းပြည်နယ်အစိုးရမှ ဟားခါးမြို့အနီး စေတီတည်ဆောက်ရေးဆုံးဖြတ်ချက်၊ ဟားခါးမြို့အနီး ရုန်းတောင်ပေါ်တွင် ခရစ် ယာန် လက်ဝါး ကားတိုင် ဖျက်ဆီးမှုများအပါအ၀င် ချင်းပြည်နယ်အစိုးရ၏ ဘာသာ ရေးခွဲခြား ဆက်ဆံသည့် လုပ်ရပ် အပေါ် အရေးယူပေးရန် ၂၈ မေလ ၂၀ ၁၂ ရက်နေ့က ချင်းလူငယ်များမှ တိုင်ကြားထားသည်ဟု သိရသည်။

ချင်းပြည်နယ်အစိုးရသည် ၂၀၁၂ ခုနှစ်အတွင်း ခရစ်ယာန်ဘာသာဝင် ၈၅ ရာခိုင်နှုန်းခန့်ရှိသော လက်ဝါးကားတိုင်များကို သုံးကြိမ်တိုင်တိုင် ဖျက်ဆီးခဲ့ပြီး ၁၃ ရာခိုင်နှုန်းခန့်ရှိသော ဗုဒ္ဒဘာသာဝင်များ အ တွက် အစိုးရ စက် ယန္တယား များကို အသုံးပြုပြီး စေတီ ၅၀ ဆူ တည်ဆောက် ထားကြောင်း ယင်းလုပ်ရပ်သည် ဘာသာရေးခွဲခြား ဆက်ဆံမှုဖြစ်ကြောင်း တိုင်ကြားထားသည်။

ခရစ်ယာန်လက်ဝါးကားတိုင်ဖျက်ဆီးမှုသည် တည်ဆဲဥပဒေအရ ခွင့်ပြုမိန့်မရှိသောကြောင်း ဖျက်ဆီးခြင်းဖြစ်သည်ဟု ပြည်နယ်အစိုးရက အ ကြောင်းပြလေ့ရှိကြောင်း ချင်းပြည်နယ်အတွင်း သာသာနပိုင် နယ်မြေ အတွက် မြေကွက် ၅၀၀၀ ခန့်ကိုတောင်းဆိုသော်လည်း တကွက် မျှ မရရှိသေးကြောင်း တိုင်ကြားထားသည်ဟု သိရသည်။

အစိုးရလုပ်ရပ်သည် ပုဒ်မ ၃၄၈ နှင့် ပုဒ်မ ၃၆၄ နှင့် ညိစွန်းထားသဖြင့် အရေးယူပေးရန် နှင့် ချင်းပြည်သူများအနေဖြင့် မိမိတို့နေထိုင်သည့် မြို့ရွာများတွင် လက်ဝါးကားတိုင် စိုက်ထူမှု၊ ဘုရားကျောင်း ဆောက် လုပ်မှု ၊ ၀တ်ပြုကိုးကွယ်မှုများတွင် လုံးဝ ဟန့်တားနှောင့်ယှက်မှုမပြုရန်၊ သာ သနာရေးဝန်ကြီးဌာနအနေဖြင့် ဘဏ္ဍာငွေ ခွဲဝေ ချမှတ်ရာတွင် အချိုးကျခွဲဝေရန်၊ နိုင်ငံသားစီစစ်ရေးကဒ်ပြား၊ အစိုးရ ၀န်ထမ်း အလုပ် လျှောက်လွှာ ဖြည့်စွက်ရာတွင် ကိုးကွယ်သည့် ဘာသာများ မဖြည့်စွက်ခိုင်းရန် တို့ကို တောင်းဆိုထားသည်ဟု ကြားသိရသည်။

ယင်းတိုင်စာကို ချင်းလူမျိုး ၁၅၂၄ ဦးမှ လက်မှတ်ရေးထိုးပြီးတိုင်ကြားထားခြင်းဖြစ်သည်ဟု ပြောကြသည်။

No comments: