Sunday, June 10, 2012

မုဒိန်းကျင့် လုယက်ပြီး အသတ်ခံလိုက်သော မသီတာထွေးအမှုနှင့် ပတ်သတ်ပြီး ထိမ်းသိမ်းခံထားရသော သုံးယောက်ထဲမှ ထက်ထက်ဆိုသူ မိမိကိုယ်ကို အဆုံးစီရင်

မြထွန်းအောင်(ကျောက်ဖြူ)

မုဒိန်းကျင့် လုယက် အသတ်ခံလိုက်ရသော သီတာထွေး အမှုနှင့် ပတ်သတ်ပြီး ထိမ်းသိမ်း ခံထား ရသော သုံးယောက် ထဲမှ ထက်ထက်(ခ) ရော်ချီး ဆိုသူကို (9/6/2012) နေ့ ညနေ မြန်မာ (၅) နာရီ အချိန်မှာ မိမိဝတ်ထားတဲ့ (လုံချည်) ကို ကြိုးကျစ်ကာ ဆွဲကြိုးချ သေဆုံး သွားပြီ ဖြစ်ကြောင်း ကျောက်ဖြူ အကျဉ်း ဦးစီး ဌာနက နာမည် မဖေါ်လိုသော တာဝန်ရှိ တယောက်က လေးဝတီကို ပြောကြား ပါသည်။

လူမဆန်စွာ လုယက် မုဒိန်းကျင့် နေစဉ် အတွင်း ဗွီဒီယို mp4 နှင့် သူရို့ အချင်းချင်း မှတ်တမ်းတင် ထားချက် တခုကိုလည်း စစ်ဆေး တွေ့ရှိထား ကြောင်းလည်း အတည် မပြုနိုင်သေးသော သီးခြား သ တင်း အချက် အလက် တခုအရ သိရှိရသည်။

ဲဖြစ်စဉ်နဲ့ ပတ်သတ်လို့ လေးဝတီက ပြောခဲ့သော “ယင်းတရားခံတွေကို လွန်ခဲ့တဲ့ (8/6/2012) ရက် နေ့ မနက်(၉) နာရီခွဲမှာ ရုံးတင် စွဲချက်ချက်ထုတ်တယ်လို့ သိရှီရသည်။ ထက်ထက်(ခ) ရော် ရှီရို့အား မင်းတို့ (၃) ယောက် အတွက် ရှေ့နေ ဘယ်နှစ်ယောက်လိုသေးလဲလို့ ရှေ့နေတွေက ပြောဆို သည် ။ တစ်ယောက်ချင်းစီ ယူဖို့လား(၃) ယောက်ပေါင်း တစ်ယောက်ယူဖို့လားလို့ ပြောဆိုသည်။ လူငယ်တွေ ကို ထက်ထက် ဆိုသူ ကတစ်ဆင့် ပြောပြသည်။ အဲဒီအခါ ထက်ထက်က ၃ယောက်ပေါင်း တစ်ယောက်ယူမယ်လို့ ပြောဆို ကြောင်း သိရပါတယ်။

တရားရုံး တော်မှာ စစ်ဆေး နေစဉ် အချိန် တရားခံ ဖက်က ဆွေမျိုးတွေ တယောက်မှ ရောက်မလာကြောင်း သိရှိရသည်။

အချုပ်ထဲမှာ တရားခံ ဆွဲကြိုးချ သေဆုံးမှုနျင့် ပတ်သတ်လို့ ကျောက်ဖြူ ထောင်မှုကို လေးဝတီက အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း သေ ဆုံးမှုနှင့် ပတ်သတ်လို့ ပြောပိုင်ခွင့် မရှိလို့ ပြောပြီးတော့ ဖုန်းချ သွားကြောင်း သိရှိရသည်။


No comments: