Sunday, June 10, 2012

စစ်​တွေမြို့​တွင် ညမထွက်ရအမိန့်​ထုတ်ပြန်

ပီတာအောင်

စစ်​တွေမြို့​နယ်အတွင်း​ လူအချို့​က အများ​ပြည်သူ​တွေရဲ့​လုံခြုံ​ရေး​နဲ့​တရား​ဥပ​ဒေစိုး​မိုး​ရေး​ကို ထိခိုက်ပျက်ပြား​အောင် ပြုမှု​ဆောင်ရွက်​နေမှု​ကြောင့်​ စစ်​တွေမြို့​မှာ ညမထွက်ရအမိန့်​ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်​ကြောင်း​ အစိုး​ရပိုင်မီဒီယာ​တွေက​နေ ဒီ​နေ့​ ​ကြေညာလိုက်ပါတယ်။

စစ်​တွေမြို့​နယ်အတွင်း​ စု​ဝေး​ဟော​ပြောခြင်း​၊​ စီတန်း​လှည့်​လည်ဆန္ဒပြခြင်း​၊​ ဆူပူဖျက်ဆီး​ခြင်း​ ​တွေကို တား​မြစ်လိုက်ပြီး​ လူ ၅ ဦး​ထက်ပို မစုဖို့​နဲ့​ ညဘက်အပြင်မထွက်ဖို့​ စစ်​တွေမြို့​နယ် အုပ်ချုပ်​ရေး​မှူး​က အမိန့်​ထုတ်ပြန်လိုက်တာပါ။

စစ်​တွေမြို့​နဲ့​ အနီး​အနား​ပတ်ဝန်း​ကျင်မှာ အစ္စလာမ်ဘာသာဝင်​တွေက အုပ်စုဖွဲ့​ပြီး​ ရခိုင်တိုင်း​ရင်း​သား​တွေကို လာ​ရောက်တိုက်ခိုက်တာ​တွေ ရှိ​နေ တာ​ကြောင့်​ စ​နေ​နေ့​က လုံထိန်း​ရဲတပ်ဖွဲ့​က ​သေနတ်ပစ်​ဖောက်ပြီး​ လူစုခွဲရတာ​တွေ ရှိတယ်လို့​ စစ်​တွေမြို့​ခံတဦး​က ​ပြောပါတယ်။ ဒီ​နေ့​လည်း​ စစ်​တွေမြို့​မှာ ​နေအိမ်​တွေကို မီး​ရှို့​မှု​တွေ ဆက်လက်ဖြစ်ပွား​နေပြီး​ အ​ခြေအ​နေ​တွေ တင်း​မာ​နေဆဲပဲလို့​ သိရပါတယ်။

အလား​တူ ​မောင်​တောနဲ့​ဘူး​သီး​တောင်မြို့​တွေမှာလည်း​ ညမထွက်ရအမိန့်​ ဆက်လက်ထုတ်ပြန် ထား​ဆဲဖြစ်ပါတယ်။ ​မောင်​တော အနီး​အနား​က ​ကျေး​ရွာ​တွေမှာ စ​နေ​နေ့​က အကြမ်း​ဖက်မှု​တွေ ထပ်ဖြစ် ပွား​ခဲ့​ရာမှာ ​ကျောင်း​ဆရာတဦး​အပါအဝင် လူ ၇ ဦး​ ​သေဆုံး​၊​ ၁၇ ဦး​ ဒဏ်ရာရကာ ​နေ အိမ် ၅၀၀ ​လောက် ပျက်စီး​သွား​တယ်လို့​ဒီ​နေ့​ထုတ် နိုင်ငံပိုင်သတင်း​စာ​တွေမှာ ​ဖော်ပြပါတယ်။

No comments: