Tuesday, June 19, 2012

မြန်မာအစိုးရတပ်သား ၂ ဦး ကချင်လွတ်လပ်ရေးတပ်ဖွဲ့ သို့ လက်နက်ချအညံ့ခံ

KNG

မြန်မာအစိုးရတပ်မှ တပ်သားနှစ်ဦးသည် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ဗိုလ်လနူးဦးဆောင်သည့် ပြည်သူ့စစ်တပ်ဖွဲ့သို့ ပြီးခဲ့သည့် ၁၆ ရက် စ နေနေ့တွင် လက်နက်ချ ပူးပေါင်းလာကြောင်း KIA အရာရှိတဦး ကချင်သတင်းဌာနသို့ပြောသည်။

ထိုတပ်သားနှစ်ဦးသည် နာဖော့မြန်မာတပ် ခလရ ၁၀၅ တပ်မှ ကိုထွန်းမြတ်စိုးနှင့် ကိုသန်းစိန်အောင် ဖြစ်ပြီး ပြည်သူ့စစ်တပ်ဖွဲ့ နမ့်ဆန် ယန် စ ခန်းတွင် အညံ့ခံပူးပေါင်းလာခြင်းဖြစ်သည်ဟုဆိုသည်။

“အဲဒီ တပ်သားတွေက ရေခပ်သွားတယ်၊ ဟင်းရွက်သွားခူးတယ်ဆိုပြီး ထွက်ပြေးခဲ့တာ ဖြစ် တယ်” ဟု ဗဟိုဌာနချုပ်လိုင်ဇာမှ အရာရှိ တစ်ဦး ပြောသည်။

ကချင်ပြည်သူ့စစ်တပ်မှ ထိုတပ်သားနှစ်ဦးအား ကောင်းကောင်းမွန်မွန်လက်ခံထားပြီး မိမိဒေသသို့သာ ပြန်ရန်တိုက်တွန်းနေကြောင်း KIA အ ရာရှိတစ်ဦး ဆက်ပြောသည်။

“ကျနော်တို့ ဘာမှ မလုပ်ဘူး။ ထမင်းကျွေးတယ်။ လွတ်လွတ်လပ်လပ်ဘဲထားတယ်။ ထိပ်တုံးခတ်တာလည်းမရှိဘူး၊ ခြေချင်းခတ်တာလဲမရှိဘူး ပြန်ပါလို့ပြောတယ်။ တရုတ်ပြည်သို့ အလုပ်သွားလုပ် ချင်တယ်ဆိုရင်လဲ သွားလုပ်လို့ရတယ်ပြောထားတယ်” ဟု KNG ကချင်သတင်းဌာနသို့ပြောသည်။

ထို့အတူ မြန်မာအစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တပ်ဖွဲ့စတင်ဖြစ်ပွားချိန်ကစ၍ အစိုးရတပ်မှ လက်နက်ချ အညံ့ခံ ပူး ပေါင်း လာသော သူများနှင့် ထွက်ပြေးလာသော မြန်မာစစ်သားများ ၃၀ ကျော်ရှိနေကြောင်း KIA အရာရှိများပြောသည်။

ထို့ပြင် ဖမ်းဆီးရမိသော မြန်မာတပ်သားများကိုလည်း ဖမ်းဆီးနှိပ်စက်မှုမလုပ်ပဲ မိမိနေရပ်သို့ပြန်ခိုင်းရာတွင် မိသားစုရှိသောသူများသာ မိမိ တပ်သို့ပြန်ရန် ဆန္ဒရှိပြီး အများစုသည် အစိုးရတပ်တွင်းသို့ပြန်ရန် ဆန္ဒမရှိပဲ ကေအိုင်အို၏ လမ်းညွှန်ခြင်းကိုခံယူလိုကြောင်း KIO ဒုအထွေ ထွေအတွင်းရေးမှူး-၂ ဆလန်ကဘား လာနန်ပြောသည်။

မြန်မာအစိုးရတပ်များမူ ဖမ်းဆီးမိသည့် စစ်သုံ့ပန်းများနှင့် ကေအိုင်အိုနှင့်ပတ်သက်ဆက်သွယ်သူဟု မသင်္ကာသူထုများကို လူမဆန်စွာ ဖမ်း ဆီး နှိပ်စက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့်အပတ်အတွင်း ကေအိုင်အေ တပ်မဟာ(၄) မှ တပ်ကြပ်ကြီးကိုအစိုးရတပ်မှ ဖမ်းဆီးရမိစဉ် လူမဆန်စွာ နှိပ်စက် ညှင်းပန်းမှု များ ပြုလုပ် နေကြောင်း တပ်မဟာ(၄)အရာရှိပြောသည်။

ဌာနချုပ် လိုင်ဇာမှ KIA အရာရှိတစ်ဦးမှလည်း “ဗဟိုဌာနချုပ်လိုင်ဇာထဲ နိုင်ငံခြားသတင်းထောက်များ အချိန်ပြည့် ရှိနေတယ်။ ကျနော်တို့ ဘယ် လို ထားတယ်ဆိုတာ သူတို့ကို ပြတယ်။ မြန်မာအစိုးရတပ်က ကျနော်တို့ (KIO) တွေကို သောင်းကျန်းသူ၊ သူပုန် ပြောသော်လည်း ကျ နော်တို့က နိုင်ငံတကာစစ်ရေးနှင့် အညီကျင့်သုံးတယ်။ ဒီတရားကို မချိုးဖောက်ဘူး” ဟုပြောသည်။

မြန်မာအစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ကချင်ဒေသတွင် ထိုး စစ် ဆင်အင်အားတိုးချထားသော အစိုးရတပ်များ ဆုတ်ခွာပေးရန် အကြိမ်ကြိမ်ညှိနှိုင်း ဆွေးနွေးမှုပြုလုပ်ခဲ့သော်လည်း ယနေ့ထိသ ဘောတူညီ မှု မရသေးပဲ နှစ်ဖက်ကြား တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားလျက်ရှိသည်။

No comments: