Wednesday, June 6, 2012

“မွတ်ဆလင်ကုလား” ဟူသော စာသားပြင်ဖတ်ရန် ပြန်ကြားရေးဝန်ကြီးဌာန မေတ္တာရပ်ခံ

မေရီကို

နိုင်ငံပိုင်ရုပ်သံ မီဒီယာနှင့် သတင်းစာများတွင် ဖော်ပြခဲ့သည့် “မွတ်စလင် ကုလား” ဟူသော အသုံးအနှုန်းအစား “ပြည်တွင်းနေ အစ္စလမ် ဘာ သာ ကိုးကွယ် သူ များ” ဟုပြင်ဆင်ဖတ်ရှုရန် မေတ္တာရပ်ခံချက်ကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် တွေ့ရသည်။

အလားတူ ပြင်ဆင်ချက်ကို ပြန်ကြားရေးဝန်ကြီးဌာနက ၎င်း၏ အင်တာနက် ဝက်ဘ်ဆိုက် စာမျက်နှာတွင် ယမန်နေ့ ညနေကပင် တရားဝင် ဖော်ပြထားသည်။

စစ်တွေမြို့ ရဲစခန်းအား ဖျက်ဆီးမှု၊ သံတွဲမှ ရန်ကုန်သွားသည့် ရိုးမ သစ္စာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ လူ ၁၀ ဦး အသတ်ခံရမှု၊ သပြောင် ချောင် ကျေးရွာမှ အမျိုး သမီးတဦးအား လူသုံးဦးက အဓမ္မပြု ကျင့်ပြီး ဓားဖြင့် ထိုးသတ်ကာ ရွှေထည် ပစ္စည်းများ ယူဆောင်မှုတို့၌ ပြစ်မှု ကျူး လွန်သူများကို ထိရောက်သော ပြစ်ဒဏ် ချမှတ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ယမန်နေ့ထုတ် သတင်းစာများ၌ ရေး သား သော် လည်း ရိုးမ သစ္စာ ယာဉ်ပေါ်၌ လိုက်ပါလာ သူများအား သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍မူ “မွတ်စလင်ကုလား ၁၀ ဦး အသတ် ခံရ” ဟုသုံးနှုန်း ထား သည်ကို တွေ့ရ သည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အထက်ပါအ ပဋိပက္ခများနှင့် ပတ်သတ်၍ မေ ၄ ရက်နေ့ ည ၈ နာရီ နိုင်ငံပိုင် သတင်းတွင် စတင် ထုတ် လွှင့်ခဲ့ရာ အထက်ပအတိုင်း သုံးနှုန်း ကြေညာသွားသည့်အပြင် နိုင်ငံပိုင် သတင်းစာ များကပါ ထပ်ဆင့် ဖော်ပြခဲ့သောကြောင့် လူအ များ၏ ဝေ ဖန် မှုများ ထွက်ပေါ် ခဲ့သည်။

သတင်းစာ ဆရာကြီး ဦးဝင်းတင်က “ရခိုင်ဒေသ ကိစ္စ အေးအေးချမ်းချမ်းပဲ ဖြစ်စေချင်တယ်၊ ဘာသာရေး၊ လူမျိုးရေး အငြင်းပွားမှုတွေ မလို လားပါဘူး။ အစိုးရ အာဏာ ပိုင်တွေ အနေနဲ့လည်း မီးလောင်ရာ လေပင့် ဖြစ်စေတဲ့ အသုံးအနှုန်းတွေ မသုံးသင့်ဘူး” ဟု ဆိုသည်။

နိုင်ငံပိုင် သတင်းမီဒီယာများ၏ သတင်းဖော်ပြချက်များနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ပြန်လည် တောင်းပန်ပေးရန် မေ ၅ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်ရှိ ဗလီရှေ့တွင် အစ္စလမ်ဘာသာဝင် တချို့ ငြိမ်းချမ်းစွာ စုရုံး၍ တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

သတင်းမီဒီယာများ အနေဖြင့် ရခိုင်ဒေသ ပဋိပက္ခနှင့် ပတ်သက်၍ ရေးသားရာ၌ ပြည်သူများထံ အချက်လက်ပေးရန်သာ ဖြစ်ပြီး ပဋိပက္ခ ပိုမို ကြီးထွားလာစေရန် လှုံ့ဆော်သည့် သဘော မရေးသင့်ကြောင်း၊ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုများ ထည့်သွင်း မရေးသင့်ကြောင်း ပြန်ကြား ရေး ၀န်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က ၎င်း၏ facebook စာမျက်နှာ၌ ယမန်နေ့က ရေးသားထားသည်ကို တွေ့ရသည်။

No comments: