Monday, June 4, 2012

မူစယ် အထူး စီးပွားရေး ဇုန် အတွက် လယ်မြေ လျော်ကြေး ငွေများ ညှိနှိုင်း နေဆဲ

ကော့လီ

မူစယ်မြို့ အနီးတဝိုက်ရှိ လယ်မြေဧက ၃၀၀ ကျော်ကို သိမ်းပြီး အထူး စီးပွား ရေးဇုန် တည်ဆောက်ဖို့အတွက် ခရိုင်အာဏာပိုင်များ၊ လုပ်ပိုင်ခွင့် ရရှိတဲ့ ကု မ္ပဏီနဲ့ လယ်သမားများအကြားမှာ လျော်ကြေးငွေ ကိစ္စများ ဆွေးနွေး ညှိနှိုင်းမှု မပြီး ပြတ်သေး ဘူးလို့ သတင်း ရရှိ ပါတယ်။

မေလ ၂၆ ရက်တုန်းက မူစယ်ခရိုင် အုပ်ချုပ်ရေးမှူး၊ အခြား ဌာနဆိုင်ရာ အရာ ရှိများ၊ နယူးစတားလိုက် ကုမ္ပဏီ တာဝန်ရှိသူများ မူစယ်မြို့နယ် ဖွေးဟုန်း ကျေးရွာကို လာရောက်ပြီးတော့ အထူး စီးပွားရေး ဇုန်အတွက် သိမ်းယူမယ့် လယ်ယာမြေများကို လျော်ကြေးငွေများ ပေးမှာ ဖြစ်တဲ့ အတွက် ကြောင့် လျော်ကြေးငွေလာရောက်ညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ လယ်သမားများဘက်က တစ်ယောက်တစ်ပေါက် ပြောကြ တယ်။ တချို့က တစ်ဧကကို သိန်း ၉၀၀ လောက်လိုချင်တယ်။ တချို့ကတော့ သိန်း ၄၀၀ လောက် ဆိုပြီးတော့ပေါ့။ ဒါကတော့ ပေါက်ဈေးအတိုင်းလေ။ လယ်မြေကောင်းရင် ကောင်းသလို ပိုပေးရတာကိုး။ တချို့ကတော့ အစားထိုးပေးမယ့် အိမ်ယာ မြေကွက်တွေ၊ တိုက်ခန်းတွေ လိုချင်တယ် ဆို ပြီး ပြောကြတယ် လို့ တက်ရောက်ခဲ့ သူ လယ်သမား တစ်ဦးက ပြောပြပါတယ်။

ဒါကြောင့် မေလ ၂၈ ရက်နေ့မှာ အားလုံးညီညီညွတ်ညွတ်နဲ့ တောင်းဆိုချက်တွေ တစ်သံထဲဖြစ်အောင်ဆိုပြီး လယ်သမားကော်မတီကို ဖွဲ့စည်း ခဲ့ကြကြောင်း၊ တော်ရွက်ကျေးရွာ ကိုယ်စား ၃ ယောက်၊ ဖွေး ဟုန်းကျေးရွာ ကိုယ်စား ၃ ယောက်၊ ဟိုဆောင်ကျေးရွာ ကိုယ်စား ၃ ယောက်၊ ကောင်းမူးရပ် ၃ ယောက်၊ မူစယ်မြို့ပေါ်က လယ်ပိုင်တဲ့လူ ၅ ယောက် ပါဝင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတုန်းက အနိုင်ရ ခဲ့ဖူးတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်းဖြစ် ကိုယ်တိုင်ကလည်း လယ်သမားတစ်ဦးဖြစ်တဲ့ စိုင်းလှဖေ အား ခေါင်းဆောင် အဖြစ်တင်မြှောက် ခဲ့ကြောင်း၊ အဆိုပါ လယ်သမားကော်မတီ အ စည်းအဝေးကနေ မိမိတို့ လယ်သမားများအနေနဲ့ လယ်ယာလုပ်ငန်းသာ ဆက်လုပ် ကိုင်ချင် တယ်လို့ ဆုံးဖြတ် ကြကြောင်း သိရ ပါတယ်။

မေလ ၃၀ ရက်နေ့မှာ မူစယ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ ခရိုင်အာဏာပိုင်များ၊ လုပ်ပိုင်ခွင့်ရကုမ္ပဏီ တာဝန်ရှိသူများ၊ နဲ့ လယ်သမားကော်မတီဝင် ၁၄ ဦးတို့ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

လယ်သမားကော်မတီ ကိုယ်စား စိုင်းလှဖေ က – ကျနော်တို့ ဘိုးဘေးတွေလက်ထက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက်ကတည်းက ဒီလယ် မြေတွေမှာ လုပ်ကိုင်စားသောက်လာကြတာ။ ဒီအလုပ်ဟာ ကျ နော်တို့ အသက်မွေးဝမ်းကြောင်းအတွက် အာမခံချက်ရှိတဲ့ အလုပ်လည်း ဖြစ်ပါ တယ်။ ဒါကြောင့် ကျနော်တို့က ဒီလယ်ယာလုပ်ငန်းကိုပဲ ဆက်လုပ်လိုတယ်။ ဒါကြောင့် စီမံကိန်းကို ရပ်ပေးဖို့ တောင်းဆိုခဲ့ တယ်။ ပြီးတော့ ဟိုအရင် ဘိုးစဉ်ဘောင်ဆက် ကတည်းက လက်ဆင့်ကမ်း လုပ်ကိုင်လာကြတာ လယ်ယာမြေ ပိုင်ဆိုင်ကြောင်း ဘာအထောက် အထား ရှိမှာ လဲ လို့ ကော့လီ မီဒီယာကို ပြောပြပါတယ်။

အာဏာပိုင်များဘက်က ဒီအထူးစီးပွားရေးဇုန်ဟာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့ဆုံးဖြတ်ချက်နဲ့ စီမံဆောင်ရွက်တာဖြစ်လို့ မ ဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်ကြောင်း၊ မိ မိတို့ ခရိုင်အဆင့်အနေနဲ့ စီမံကိန်း ရပ်မရပ်ကို ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း၊ လယ် သမားများအနေနဲ့ လျော်ကြေးငွေကိစ္စကိုသာ အဓိကထား စဉ်းစားဆွေးနွေးစေလိုကြောင်း ပြောကြားသွားတယ်လို့ သိရ ပါတယ်။

ခရိုင်အုပ်ချုပ်ရေးအာဏာပိုင်ဘက်က အခုသိမ်းယူမယ့် လယ်မြေများဟာ ဥပဒေအရ အစိုးရရုံးဌာန စာရင်းများအရ လယ်မြေစာရင်းမှာ မပါဘဲ မြို့မြေကွက်များသာဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကုမ္ပဏီ တာဝန်ရှိသူတွေကလည်း အထူးစီးပွားရေးဇုန်​​​​​မှာ ဘယ်လို စီမံကိန်းတွေပါတယ်၊ ဘယ်လိုအကျိုးရှိမယ် ဆိုတာတွေကို ရုပ်ပုံ ကားချပ်တွေနဲ့တကွ ရှင်းပြတယ်လို့ သိရပါတယ်။

ဒါကြောင့် လျော်ကြေးငွေကိုသာ ဆွေးနွေးခဲ့ကြရရာ နယူးစတားလိုက် ကုမ္ပဏီ က တစ်ဧက သိန်း ၁၅၀ သာပေးမယ်လို့ ကမ်းလှမ်းရာ လယ် သမားများဘက်က ဒီလောက်ကတော့ နည်းလွန်းတယ် ဆိုတာ ကြောင့် ဒါကြောင့် သိန်း ၁၈၀ အထိ ထပ်တိုးပေးတယ်လို့ သိရပါတယ်။ ဒါပေ မယ့် လယ်သမားများက လက်မခံနိုင်ဘဲ အနည်းဆုံး သိန်း ၃၀၀ ရမှ ကျေနပ်နိုင်မယ်လို့ လယ်သမားတွေဘက်က အဖြေ ပေး လိုက် တယ်လို့ စိုင်းလှဖေ ကပြောပါတယ်။

ဖွေးဟုန်း၊ ဟိုဆောင်၊ တော်ရွက် ကျေးရွာများကို အခုနှစ်ပိုင်းအတွင်းမှ မူစယ်မြို့နယ် စည်ပင်နယ်နိမိတ်အသွင်းထည့်သွင်းကာ ရပ်ကွက်များ အဖြစ် သတ်မှတ် ခဲ့တာ ဖြစ်ပါတယ်။

လယ်သမားကော်မတီ ခေါင်းဆောင် စိုင်းလှဖေ ဟာ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စား လှယ် လောင်း အဖြစ် မူစယ်မြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မှ ယှဉ် ပြိုင် အနိုင်ရခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။ မြန်မာ တစ် နိုင်ငံလုံးမှာ ဆန္ဒမဲရာခိုင်နှုန်း အများဆုံးရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။ အခုအခါမှာလည်း ရှမ်းတိုင်းရင်းသားများ ဒီမို ကရေ စီ အဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းတည်ထောင်ရာမှာ တည်ထောင်လိုသူ ၁၅ ဦးထဲမှာ တစ်ဦးအပါအဝင် ဖြစ်ကြောင်း သိရပါတယ်။

No comments: