Tuesday, June 19, 2012

ဒဏ်ခတ်အရေးယူမှု တနှစ် ဆက်ထားရန် အမေရိကန်အမတ်များ တိုက်တွန်း

လာလစ် ကေဂျာ

အမေရိကန် ထိပ်တန်း လွှတ်တော်အမတ်များက မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက ထားရှိခဲ့သည့် ဒဏ်ခတ် အရေးယူမှု များကို နောက်ထပ်တနှစ် ဆက်လက်ထားရှိရန် တောင်းဆိုလိုက်ပြီး ယခုအချိန်သည် ၄င်းတို့အစိုးရ အနေနှင့် အမေရိကန် ကုမ္ပဏီများ အား မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ လုပ်ဆောင်ရန် ခွင့်ပြုသင့်သည့်အချိန် မဟုတ်သေးကြောင်း ပြောဆိုလိုက်သည်။

အမေရိကန် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ်ပေါင်း ညှိနှိုင်းရေးဆွဲထားသော ဥပဒေ အဆိုပြုချက်အား လွှတ်တော်နှစ် ရပ် စလုံးတွင် ပြီးခဲ့သည့်တပတ်က ထုတ်ပြန်ရာ၌ ၄င်းတို့က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“မြန်မာပြည်က ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ လုပ်နိုင်ဖို့အ တွက် အစိုးရအနေနဲ့ အခုအချိန်မှာ ယာယီခွင့် ပြုချက် (Waiver) ထုတ်ပေးတာမျိုး ရှောင်ကြဉ်ဖို့ ကျနော် တိုက်တွန်းပါတယ်။ မြန်မာအစိုး ရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ ပတ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထားတွေအပေါ် အ သေအချာဆန်းစစ်ပြီးမှ ဒီကိစ္စကို စဉ်းစားသင့် ပါ တယ်” ဟု အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်း (John McCain) က ဆို သည်။

မြန်မာနိုင်ငံတွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ မလုပ်ရန် တားမြစ်ထားသည့် ဒဏ်ခတ်အရေးယူမှုအား သမ္မတ အိုးဘားမား အစိုးရက ဆိုင်းငံ့ လိုက်သည့်အပေါ် ထောက်ခံပါကြောင်းလည်း ၄င်းက မှတ်ချက်ပြု ပြောဆိုသည်။

အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီကင်ခေါင်းဆောင် မစ်ခ်ျ မက်ကော်နယ် (Mitch McConnell) ကလည်း မြန်မာ့လွတ်မြောက် ရေး နှင့် ဒီမိုကရေစီအက်ဥပဒေ (Burmese Freedom and Democracy Act) အား ဆက်လက် ထားရှိခြင်းဖြင့် မြန်မာနိုင်ငံမှ ကုန် ပစ္စည်း များ အမေရိကန်နိုင်ငံသို့ တင်ပို့မှုကို တားဆီးရာရောက်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် ယင်းဥပဒေအား မြန်မာ ပြည် တွင် ပြုပြင် ပြောင်းလဲမှုများ ပိုမိုဖြစ်ပေါ်လာရေးအတွက် အမေရိကန်အစိုးရက ကူညီရာတွင် မောင်းနှင်အားအဖြစ် ဆက်လက် အ သုံး ပြု နိုင်ကြောင်း ပြောဆို သည်။

“ဒီအက်ဥပဒေ ဆက်ရှိနေတဲ့အတွက် အစိုးရအနေနဲ့ လွှတ်တော်နဲ့ ညှိနှိုင်းပြီး ဒဏ်ခတ်အရေးယူမှု တွေကို လိုအပ်သလို ပြင်ဆင်ဆောင် ရွက် ခွင့်ရှိနေမှာဖြစ်ပါတယ်။ ပြောင်းလွယ်ပြင်လွယ် လုပ်နိုင်တဲ့အနေအထားကိုလည်း ဆက်ထိန်း ထားနိုင်မှာ ဖြစ်ပါတယ်” ဟု ၄င်းက အထက် လွှတ်တော်၌ ပြောသည်။

ယင်း ဥပဒေကြမ်းအား အထက်လွှတ်တော် အမတ်တချို့က ပြန်လည် အဆိုပြုခဲ့ခြင်းဖြစ်ပြီး အောက်လွှတ်တော်တွင်လည်း အလားတူ အဆို ပြုမှုကို အောက်လွှတ်တော် အမတ်များက ဆောင်ရွက်ခဲ့ကြသည်။

“အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားဆဲ ဒဏ်ခတ်အရေးယူမှုတွေကို အပြီးသတ်ရုတ်သိမ်းဖို့ စဉ်းစား ဆုံးဖြတ်တဲ့နေရာမှာ လို အပ်တဲ့အနေအထား အားလုံးပြည့်မီအောင် မြန်မာအစိုးရအနေနဲ့ မဆောင်ရွက်နိုင်သေးပါဘူး။ သိသာ ထင်ရှားတဲ့ တိုးတက် ပြောင်းလဲ မှုတွေ ဖြစ်အောင် မြန်မာ အစိုးရက ဆောင်ရွက်ခဲ့ ပေမယ့် အခုအချိန်က အစိုးရ ပိုင်းမှာ ပြုပြင် ပြောင်းလဲမှုတွေ ပိုလုပ်နိုင်ရေးအတွက် တွန်းအားပေးဖို့၊ ဒါမှမဟုတ် လိုအပ်ရင် ဒဏ်ခတ်အရေးယူမှုတွေ ပြန်လုပ်ဖို့ဆိုတဲ့ ကျနော်တို့ရဲ့ ဆောင်ရွက်နိုင်စွမ်းကို အဆုံးသတ်ရမယ့် အချိန်မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် သတိပေးခဲ့သလိုပါပဲ မြန်မာပြည်က အခြေအနေ တွေ ဟာ နောက်ကြောင်းပြန်မလှည့်နိုင်တဲ့ အနေအထားမျိုး မဟုတ် ပါဘူး။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့ ပြင်းထန်တဲ့ စိမ်ခေါ်ချက် တွေ ကို ရင်ဆိုင်ဖြေရှင်းဖို့လိုပါတယ်” ဟု မစ်ခ်ျ မက်ကော်နယ်က ဆို သည်။

“ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေက လေးနက်တဲ့ ပြဿနာတရပ်အဖြစ် ဆက်ရှိ နေပါသေးတယ်။ ထောင်ထဲမှာလည်း နိုင်ငံ ရေးအကျဉ်းသားတွေ ဆက်ရှိနေပါသေးတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ဒီမိုကရေစီ နည်းမကျသေးပါဘူး။ မြန်မာအစိုးရနဲ့ မြောက်ကို ရီးယား ဆက်ဆံရေး အထူးသဖြင့် မြောက်ကိုရီးယားအစိုးရထံကနေ လက်နက်တွေ ဝယ်ယူတဲ့ကိစ္စကလည်း တကယ့် စိုးရိမ်စရာ အဖြစ် ဆက် ရှိနေပါသေးတယ်” ဟု ၄င်းက ပြောသည်။

မြန်မာ့လွတ်မြောက်ရေးနှင့် ဒီမိုကရေစီအက်ဥပဒေအား ဆက်လက်ထားရှိခြင်းသည် အမေရိကန်အစိုးရ၏ လွန်ခဲ့သည့် ၃ ပတ်က ကြေ ညာခဲ့ သော မြန်မာအစိုးရအပေါ် ဒဏ်ခတ်အရေးယူမှု ဆိုင်းငံ့လိုက်ခြင်းအပေါ် အနှောင့်အယှက်ရှိမည် မဟုတ်ကြောင်းလည်း ၄င်းက ဆက်ပြော သည်။

“ဒါကြောင့်မို့ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒီအက်ဥပဒေ တနှစ် ထပ်တိုးဖို့ကို ထောက်ခံတာပါ။ တကယ်တမ်းဆိုရင် မြန်မာ့ လွတ်မြောက် ရေးနှင့် ဒီမိုကရေစီ အက်ဥပဒေ ပြန်လည် အတည်ပြုဖို့ မဲပေးတာကို အမေရိကန် အစိုးရရဲ့ ဒဏ်ခတ်အရေးယူမှုတွေ လျှော့ချဖို့ ထောက်ခံမဲ ပေးတာ၊ မြန်မာပြည် က ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံမဲ ပေးတာလို့ မြင်သင့်ပါတယ်” ဟု ၄င်းက ဆိုသည်။

ယင်းအက်ဥပဒေအား ပူးတွဲအဆိုတင်သွင်းခဲ့သည့် လွှတ်တော်အမတ် ဒိုင်ယာနာ ဖိန်းစတိန်း (Diana Feinstein) ကလည်း အကြမ်းဖက် မှုနှင့် ဖိနှိပ်မှုများ နှစ်ကာလကြာရှည်စွာ ဖြစ်ပွားလာခဲ့ပြီးသည့်နောက် မြန်မာနိုင်ငံ၌ ထူးခြားသည့် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သော် ငြား လည်း မြန်မာအစိုးရအနေနှင့် ယင်းအပြောင်းအလဲများနှင့် ပတ်သက်၍ နိုင်ငံတကာ မိသားစုက လက်ခံလာအောင် များစွာ ဆက်လက် လုပ်ဆောင် ရဦး မည်ဟု ပြောသည်။ အားလုံးထက် ပိုအရေးကြီးသည် မှာ ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် အမျိုး သားပြန်လည်သင့် မြတ်ရေးတို့အတွက် အမှန်တကယ် သံန္နိဋ္ဌာန်ချထားသည့် မြန်မာပြည်သူများပင် ဖြစ်သည်ဟုလည်း ၄င်းက ပြော သည်။

“လျှောက်ခဲ့တဲ့လမ်းအတိုင်း ဆက်လျှောက်ဖို့နဲ့ အပြောင်းအလဲတွေ ထပ်လုပ်ဖို့ မြန်မာအစိုးရကို မက်လုံးပေးတဲ့အနေနဲ့ ကျမတို့ ဒီအက်ဥပ ဒေ ကို နောက်ထပ်တနှစ် ထပ်တိုးသင့်ပါတယ်” ဟု ဒိုင်ယာနာ ဖိန်းစတိန်းက ဆို သည်။

“အဓိကကတော့ မြန်မာပြည်က အပြောင်းအလဲတွေဟာ နောက်ကြောင်းပြန်မလှည့်နိုင်တဲ့ အနေအ ထားမျိုး မဟုတ်သလို မြန်မာ အစိုးရ အ နေနဲ့လည်း မြန်မာပြည်သူလူထုနဲ့ နိုင်ငံတကာမိသားစုက အလေးထားတဲ့ကိစ္စတွေကို ပိုမိုဆောင် ရွက်ဖို့ လိုနေသေးလို့ပါပဲ” ဟုလည်း ၄င်းက ပြော သည်။

ဒိုင်ယာနာ ဖိန်းစတိန်းနှင့် မစ်ခ်ျ မက်ကော်နယ်တို့သည် ဤကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် မကြာသေးခင်က တိုက်ရိုက် စ ကားပြောခဲ့ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က ယင်းအက်ဥပဒေအား နောက်ထပ်တနှစ် ထပ်တိုးသည့်ကိစ္စအပေါ် ထောက်ခံသည်ဟု သိရ သည်။

“ဒီအက်ဥပဒေကို ထပ်တိုးလိုက်တာဟာ မြန်မာပြည်အနေနဲ့ ပြည့်ဝတဲ့ ဒီမိုကရေစီဖော်ဆောင်ရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်း ကြောင်းပေါ်မှာ ဆက်ရှိနေဖို့အတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ ကျမ ယုံပါတယ်။ ပြီး တော့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ အလုပ်တွေ၊ ဒီမိုကရေစီ အတိုက်အခံအင်အားစုတွေနဲ့ အစိုးရထဲက ပြုပြင်ပြောင်းလဲရေး လိုလားသူ တွေ ကို လည်း အထောက် အကူ ဖြစ်လိမ့် မယ်လို့ ကျမ ယုံပါတယ်” ဟု ဒိုင်ယာနာ ဖိန်းစတိန်းက ဆိုသည်။

“လမ်းကြောင်းအမှန်ပေါ်မှာ ရှိနေအောင် မြန်မာအစိုးရကို စည်းရုံးသိမ်းသွင်းတဲ့နေရာမှာ ဒီအက်ဥ ပဒေက ကျမတို့အစိုးရကို ပိုပြီး အာဏာ ရှိစေမှာ ဖြစ်ပါတယ်။ မြန်မာ အစိုးရက သင့်လျော်တဲ့ ဆောင်ရွက် မှုတွေ လုပ်ခဲ့ တာကြောင့် ရင်း နှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုဆိုင်ရာ ဒဏ်ခတ်အရေးယူမှုတွေကို ဆိုင်းငံ့ခဲ့သလိုမျိုးပဲ ဒီအက်ဥပဒေကိုလည်း ယာယီခွင့်ပြုတာ ဒါမှ မဟုတ် ဆိုင်ငံ့တာတွေ လုပ်နိုင်တဲ့လုပ်ပိုင်ခွင့် ကျမတို့ အစိုးရအနေမှာ ရှိနေမှာဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

“ဒီအက်ဥပဒေကို သတ်မှတ်ချိန်မှာ ထပ်မတိုးဘဲထားလိုက်ရင်၊ ပြီးတော့ မြန်မာပြည်ရဲ့ အပြောင်း အလဲနဲ့ ဒီမိုကရေစီ ဖော်ဆောင်မှုတွေက နောက်ပြန်ဆုတ်သွားခဲ့ရင် ကျမတို့အနေနဲ့ ဒဏ်ခတ်အရေးယူမှု လုပ်နိုင်ဖို့ ဥပဒေအသစ် ပြန် ပြဌာန်းရပါလိမ့်မယ်။ ဒီပူးတွဲဆုံးဖြတ်ချက် (Reso lution) ကို အတည်ပြုခြင်းအားဖြင့် မြန်မာပြည်က အဖြစ်အပျက်တွေ အပေါ် တုံ့ပြန် ဆောင်ရွက်ဖို့ လိုအပ်တဲ့ အခါမှာ ကျမတို့အစိုးရ အနေနဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှုနဲ့ ရင်းနှီး မြှုပ်နှံမှု ကိစ္စ တွေမှာ ဆောင်ရွက်ခဲ့ သလိုမျိုး ပြောင်းလွယ် ပြင်လွယ် ရှိရှိနဲ့ အသေအချာ ဆောင်ရွက် နိုင်မှာ ဖြစ်ပါတယ်” ဟုလည်း ၄င်းက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်အမတ်များအနေနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (အထူးသဖြင့် MOGE) ပြုပြင်ပြောင်း လဲရေးအတွက် ဥပဒေကြောင်းအရ ဆောင်ရွက်နိုင်လိမ့်မည်ဟု အမေရိကန်အထက်လွှတ်တော် အမတ် ဂျွန် မက်ကိန်းက မျှော်လင့် ထား သည်။

ထို့ပြင် ယင်းလုပ်ငန်းများလည်ပတ်ရာတွင် တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်ရှိရေးနှင့် နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (International Monetary Fund) ၏ ဘဏ္ဍာရေး ပွင့်လင်းမြင်သာမှုဆိုင်ရာ ကောင်းမွန်သည့် အလေ့အထများကျင့်ဝတ် (Code of Good Practices on Fiscal Transparency) ကဲ့သို့သော နိုင်ငံတကာ စံချိန်စံညွန်းများအတိုင်း အပြည့်အဝလိုက်နာရေးတို့အတွက် ဆောင်ရွက် သွားနိုင် လိမ့် မည်ဟုလည်း ၄င်းက မျှော်လင့်ထားသည်။

မြန်မာပြည်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ လုပ်နိုင်ရေးအတွက် ယာယ်ီခွင့်ပြုချက် (Waiver) ထုတ်ပေးမှုမှ ရှောင်ကြဉ်ရန် သမ္မတအိုးဘားမား အစိုးရအား တောင်းဆိုရာ၌ ဂျွန် မက်ကိန်းက “ကျနော် တို့ရဲ့ ဥရောပမဟာမိတ်တွေကို အဲ့ဒီလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ မလုပ်မိအောင် တွန်းတွန်းတိုက်တိုက် ဆွေးနွေးဖို့ကိုလည်း ကျနော့်အနေနဲ့ အစိုးရကို တိုက်တွန်းပါတယ်။ ဒီကိစ္စဟာ အရေးကြီးတဲ့ကိစ္စဖြစ်ပြီး မူအခြေခံ အမေရိကန်ဦးဆောင်မှု ဆက်လက်ရှိနေဖို့ လိုတဲ့ကိစ္စဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

No comments: