Friday, June 8, 2012

စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ပြည်ထဲရေး ဒုဝန်ကြီး ဦးဆောင်မည်


မြန်မာနိုင်ငံ အစိုးရမှ ရခိုင်ပြည်နယ် အတွင်း မေလနှင့် ဇွန်လအတွင်း မင်းမဲ့စရိုက် ဆံဆံ ပြုမူ သတ်ဖြတ်မူနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးရေး အဖွဲ့ တစ်ခုကို ဖွဲ့စည်းရာ အဆိုပါ အဖွဲ့ကို ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဦးဆောင်သွားမည် ဖြစ်သည်။

စုံစမ်း စစ်ဆေးရေး အဖွဲ့ကို တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေးကို ထိခိုက် ပျက်ပြား စေသည့် လူစု လူဝေးဖြင့် အုပ်စုဖွဲ့၍ ဥပဒေ မဲ့ပြုမူ ဆောင်ရွက်မှုများ၊ မင်းမဲ့စရိုက် ဆန်ဆန် လူအုပ်စုဖွဲ့ ရိုက် နှက် သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့သည့် အပေါ် စုံစမ်း စစ်ဆေးသွားမည် ဖြစ်ကြောင်း ကျေညာချက်တွင် ဖေါ်ပြသည်။

အဆိုပါ စုံစမ်း စစ်ဆေးရေး အဖွဲ့ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရ အဖွဲ့ အမိန့်ကြော်ငြာစာ (အမှတ်၊ ၄၃/၂၀၁ ၂) ၁၃၇၄ နှစ်၊ နယုန်လပြည့်ကျော် ၂ရက် (၂၀၁၂ခုနှစ်၊ ဇွန်လ ၆ရက်)က အစိုးရပိုင် သတင်းစာများက ထုတ်ပြန်ကျေညာသည်။ အဖွဲ့ဝင်များ မှာ အောက်ပါ အတိုင်း ဖြစ်သည်။

(က) ဗိုလ်မှူးချုပ်ကျော်ဇံမြင့် ဥက္ကဌ ဒုတိယ၀န်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန
(ခ) ရဲမှူးချုပ်ဇော်ဝင်း ဒုတိယဥက္ကဌ ဒုတိယရဲချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့
(ဂ) ဦးစံရွှေမောင် အဖွဲ့ဝင် ပြည်နယ်ဥပဒေအရာရှိ၊ ရခိုင်ပြည်နယ်
(ဃ) ရဲမှူးကြီးမျိုးဆွေဝင်း အဖွဲ့ဝင် ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရခိုင်ပြည်နယ်
(င) ဦးကျော်ခင် အဖွဲ့ဝင် ညွှန်ကြားရေးမှူး၊ ရခိုင်ပြည်နယ်ထောင်အုပ်စုမှူး
(စ) ဦးအောင်မျိုးကျော် အဖွဲ့ဝင် ဒုတိယ ညွှန်ကြားရေးမှူး


ရခိုင်ပြည်နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန

(ဆ) ဦးလင်းကိုကို အဖွဲ့ဝင် ခရိုင်အုပ်ချုပ်ရေးမှူး၊ စစ်တွေခရိုင်
(ဇ) ဦးရန်လင်းအောင် အဖွဲ့ဝင် ခရိုင်အုပ်ချုပ်ရေးမှူး၊ ကျောက်ဖြူခရိုင်
(ဈ) ဦးဦးထွန်းဝေ အဖွဲ့ဝင် ခရိုင်အုပ်ချုပ်ရေးမှူး၊ သံတွဲခရိုင်
(ည) ဒုတိယရဲမှူးကြီးဆန်းလွင် အဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး၊ စစ်တွေခရိုင်
(ဋ) ဒုတိယရဲမှူးကြီးစံရွှေမောင် အဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး၊ ကျောက်ဖြူခရိုင်
(ဌ) ဒုတိယရဲမှူးကြီးကျော်တင့် အဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး၊ သံတွဲခရိုင်
(ဍ) ဦးခင်မောင်လှ အဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ၊ စစ်တွေခရိုင်
(ဎ) ဦးစောမြ အဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ၊ ကျောက်ဖြူခရိုင်
(ဏ) ဒေါ်လှကြည် အဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ၊ သံတွဲခရိုင်
(တ) ဦးဇော်သိန်း အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ရခိုင်ပြည်နယ်


စုံစမ်းစစ်ဆေးရေးအဖွဲ့သည် အောက်ဖော်ပြပါ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ အဖြစ်မှန် စုံစမ်း ဖော်ထုတ် သွားမည် ဖြစ်ကြောင်း သိရသည်။
(က) မှုခင်းဖြစ်ပွားရသည့်အကြောင်းရင်း၊
(ခ) အုပ်စုဖွဲ့ကျူးလွန်ရန် စည်းရုံးလှုံ့ဆော်မှုများ၊
(ဂ) အုပ်စုဖွဲ့ကျူးလွန်သူများအား ဦးဆောင်သူများ၊
(ဃ) ပြစ်မှုကျူးလွန်သူများ၊
(င) အခင်းမဖြစ်ပွားမီနှင့် ဖြစ်ပွားပြီးနောက် ဥပဒေနှင့် အညီ
အရေးယူဆောင်ရွက်ခြင်း သို့မဟုတ် ဆောင်ရွက်နိုင်မှု အခြေအနေ

(စ) စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ထင်မြင်ယူဆချက်၊
(ဆ) စုံစမ်းစစ်ဆေးရေးအဖွဲ့၏ သုံးသပ်ချက်နှင့် အကြံပြုချက်။

၎။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဖြစ်ရပ်အမှန် ပေါ်ပေါက်စေရေး အတွက် လိုအပ်သော စုံစမ်း စစ်ဆေးမှု များကို ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ၊ သက်သေခံ ဥပဒေ တို့နှင့် အညီ စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာကို ၂၀၁၂ခုနှစ်၊ ဇွန်လ (၃၀) ရက် နောက်ဆုံးထား၍ နိုင်ငံတော်သမ္မတထံသို့ တိုက်ရိုက်တင်ပြ အစီရင်ခံရမည်ဟု ပါရှိသည်။

No comments: