Tuesday, June 5, 2012

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းမြို့၌ NLD အား လူထု ပိုမို ထောက်ခံလာ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားတပ်ဖွဲ့ထိန်းချုပ် နယ်မြေ မိုင်းယန်းမြို့၌ ကျားဖြူပါတီစည်းရုံးရေးအား လူထုအားမလိုအားမရဖြစ်နေပြီး အစိုးရ ဝန်ထမ်း တချို့နှင့် ပင်စင်စားအများစုမှာလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဘက်ပိုမိုပါဝင်လာနေကြကြောင်း ဒေသခံများ ပြောပြချက် အရ သိရ သည်။

“အခု မိုင်းယန်းကဒေသခံတယောက်က NLD ပါတီ ဝင်ဖို့ အတွက် စည်းရုံးရေး ဆင်းနေ တယ်။ ရဲတွေ၊ လ၀က တွေ၊ စစ်မှုထမ်း ဟောင်းတွေ ၊ ထောက်လှမ်းရေး ဟောင်းတွေ NLD ထဲ ဝင်ကြ တယ်။ ကြံ့ဖွတ် ပါ တီ ကတော့ လှန့်နေပြီ။ ကျားဖြူ ပါတီ ကလဲ လှုပ်ရှားမှု သိပ်မရှိ ဘူးလေ။ ကျနော့ အနေနဲ့ ပြောရ ရင်တော့ သိပ်အား မရဘူး ဖြစ်နေတယ်” ဟု မိုင်းယန်း ဒေသခံ စိုင်းအိုက် က သျှမ်း သံတော်ဆင့် အားပြော ပြသည်။

NLD အတွက်စည်းရုံးရေးဆင်းနေသည့် စိုင်းနွံ (အသက် ၅၀ ကျော်) မှာ ၁၉၉၀ ကလည်း မိုင်းယန်းမြို့နယ် NLD ပါတီ၏ လွှတ်တော် အ မတ် အဖြစ်အနိုင်ရခဲ့ဖူးသည်။

ကျားဖြူပါတီကိုယ်စားလှယ်အဖြစ် စိုင်းလုံက စည်းရုံးရေးလှုပ်ရှားသော်လည်း ကျယ်ပြန့်အားရမှုမရှိသဖြင့် ဒေသခံလူထုက ၎င်းအား အားမလို အားမရဖြစ်နေကြောင်းလဲ စိုင်းအိုက်က ပြောသည်။

“၂၀၁၀ တုန်းက မိုင်းယန်းမှာ ကျားဖြူပါတီက ရုံးမရှိဘူးလေ။ လူထုက အရမ်းကိုမျှော်လင့်တယ်။ ရုံးစိုက် စေချင်တယ်။ အခု ကျားဖြူ ကိုယ် စား လှယ်ရှိ လာပြန်တော့ စည်းရုံးရေးက အားရစရာမရှိတော့ လူထုက တွေဝေရတော့တာပေါ့ဗျာ။ NLD လဲ ထပ်ဝင် လာတော့ ခြင်္သေ့ကလန့် သွား တာပေါ့” ဟု စိုင်းအိုက်က ဆက်လက် ပြောပြသည်။

မိုင်းယန်းမြို့နယ်သည် သံလွင်အရှေ့ပိုင်း ကျိုင်းတုံမြို့ အရှေ့မြောက်ဖက် ၁၀၂ ကီလိုမီတာအကွာတွင် တည်ရှိသည်။ ၂၀၁၅ ရွေးကောက်ပွဲ ၌လည်း မိုင်ယန်းမြို့နယ်အတွင်း ကြံ့ခိုင်ရေးပါတီကသာ အနိုင် ရအောင် လုပ်ဆောင်ရမည်ဟု ကြံ့ခိုင်ရေးပါတီ မြို့နယ်စည်းအဖွဲ့က ကြုံးဝါး ထားသည်။

No comments: