Thursday, November 1, 2012

ရှမ်း နွားကုန်သည် ၁၀ ဦး မြန်မာအစိုးရ စစ်သားများ၏ ဓါးပြတိုက်ခံရပြီး ၁ ဦးသေ ဆုံး

KNG

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်နိမိတ် နမ့်ခမ်းမှ မန်ဝင်းအ၀င် မြန်မာအစိုးရစစ်သားများ ဒေသခံ ရှမ်း နွားကုန်သည် ၁၀ ဦးကို ဓါးပြ တိုက်ပြီး နောက်ပြန်ပစ်ခတ်ခဲ့သောကြောင့် ကုန်သည်တစ်ဦးသေဆုံးပြီး ကျန်သူ အားလုံး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများဆို သည်။

သေဆုံးသူမှာ ဦးမြင့်ဦး ဆိုသူဖြစ်ပြီး မန်ဝင်းမြို့ ရပ်ကွက် (၅)တွင် နေထိုင်သူဖြစ်သည်ဟု ဆိုပါသည်။

ယခုလို အပြစ်မဲ့ ဒေသခံပြည်သူများကို ဓားပြတိုက်ခဲ့သော မြန်မာစစ်တပ်သည် လားရှိုး အမှတ် (၁) ၀န်တင်တပ်ရင်းမှ စစ်သားများဖြစ် ကြ သည်ဟု ဒေသခံများပြောသည်။

အဆိုပါ ရှမ်း နွားကုန်သည်များသည် အောက်တိုဘာ ၂၆ နေ့က တရုတ်နယ်စပ်သို့ နွားရောင်းပြီး ထော်လာကျီဖြင့်ပြန်လာချိန် မန်ဝင်းမြို့ အ၀င် ကောင်းခန် (Kawng Hkang) တွင် စောင့်နေသော အစိုးရစစ်သားများသည် ၎င်းတို့ကိုဟန့်တားကာ လုယက် ပစ်ဖောက်ခဲ့ခြင်း ဖြစ်သည်။

“တစ်ဘက်မှာ ၅ ယောက်စီမှောက်ခိုင်းပြီး မင်းတို့ခေါင်းမထောင်နဲ့ ခေါင်းထောင်လာတဲ့သူတွေအား လုံးပစ်ထည့် ပစ်လိုက်မယ်။” ဟု ခြိမ်း ခြောက်ပြောဆိုခဲ့ကြောင်း ဒေသခံတစ်ဦး KNG ကချင်သတင်းဌာန သို့ပြောဆိုသည်။

နွားကုန်သည်ရှမ်းရွာသားများသည် ၄င်းတို့ဖြတ်လာချိန် အစိုးရစစ်သားများရှိနေခြင်းကြောင့် ဖြတ်သန်းခွင့်ရှိမရှိ မေးမြန်းခဲ့ရာ အစိုးရတပ် သား များသည် ဖြတ်သန်းခွင့်ပေးခဲ့ပြီးနောက်မှ ပြန်လည်ဟန့်တားကာ အားလုံးကို ကိုယ်လုံးတည်းချွတ်စေသည်။ ထို့နောက် ပါလာသည့် ပစ္စည်း များသိမ်းယူကာ မြေပေါ်သို့ မှောက်ထားစေခဲ့ပြီး အနည်းငယ်ဝေးသည့် နေရာမှ လက်ထောက်ကျည် ၁ လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်းသိ ရသည်။

၎င်းတို့အားလုံးတွင် ဒဏ်ရာများကိုယ်စီရရှိထားပြီး ဒဏ်ရာပြင်းထန်သည့် မောင်ညွန့်သည် ယခုချိန် တရုတ်နယ်စပ် ရွှေလီဆေးရုံတွင် ဆေး ကုသမှုခံယူနေကြောင်းသိရသည်။

သေဆုံးသွားသည့် ဦးမြင့်ဦး၏ ရုပ်အလောင်းကို အောက်တိုဘာ၂၇ ရက်တွင် သဂြိုလ်ခဲ့ကြောင်းသိရသည်။

၎င်းမြန်မာအစိုးရတပ်သည် အင်အား ၂၀ ကား ၁ စီးဖြင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၂၇ နယ်မြေ ဆွမ်ခါ (Sum Hka) ဂိတ်အတွင်းဝင်ရောက်လာရာ KIA မှ ဟန့်တားလိုက်သောကြောင့် ထွက်ပြေးလွှတ်မြောက် သွားသော အစိုးရတပ်သား များဖြစ်ကြောင်း သိရ သည်။

“ကားမီးပိတ်ပြီး ရောက်လာတယ်။ ကျနော်တို့ဘက်က သေနတ်ချိန်ပြီး ဟေ့ ဘာဖြစ်တာလဲ နင်တို့စစ်သားတွေလို့ အော်လိုက်ပြီး သေနတ် ၁ ချက်မြေကို ပစ်လိုက်ချိန် အားလုံးထွက်ပြေးသွားတယ်။”

၎င်းအစိုးရတပ်သားများထံမှ ကြောပိုးအိတ် ၂၀၊ G-3 သေနတ်တစ်လက်နှင့် ကျည်ဆံ ၁၀၀၀ ကျော်၊ နေဝင်းစတင်းသေနတ် ဘောက် (၃)ခုနှင့် ကျည်ဆံ ၁၀၀ အပါအ၀င် ကားကို KIA မှ သိမ်းယူလိုက်ကြောင်း အရာရှိတစ်ဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

အဆိုပါအစိုးရတပ်များသည် နမ့်ခမ်း ရေပူစမ်း ရှမ်းရွာမှ ကားများကို ချောဆွဲခဲ့ခြင်းဖြစ်ပြီး နမ့်ခမ်းဘက်မှ ကား ၄ စီး ၀င်ရောက်လာခြင်း ဖြစ် ရာ အဆိုပါကား ၁ စီးသည် KIA ဂိတ်ရှိရာ ဆွမ်ခါ (Sum Hka) ဘက်သို့ တမင်ဝင်ရောက်လာခြင်း ဖြစ်ကြောင်းသိရသည်။

KIA တပ်ရင်း ၂၇ စစ်သားများ တပ်ချထားသော ဆွမ်ခါ (Sum Hka) ဂိတ်သည် တရုတ် နောင်တောင်း (Nongdao) နယ်စပ်တွင်ရှိသော KIA ဂိတ်ဖြစ်ကြောင်းသိရသည်။

အစိုးရတပ်များသည် အောက်တိုဘာလအတွင်း ကားများဖြင့် KIA နယ်မြေတွင်း စစ်လက်နက် အင်အားများဖြင့် လှုပ်ရှားခြင်းကြောင့် မ ကြာ မခဏနှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေကြောင်းသိရသည်။

No comments: