Thursday, November 15, 2012

ကျောက်တော် တောင်ဘွေ ကျေးရွာ အုပ်ချုပ်ရေးမှူး ကြိုးဆွဲချ သေဆုံး

နိရဉ္စရာ

စစ်တပ် ပစ်ခတ်မူကြောင့် လူပေါင်း ဒါဇင်ဝက်နီးပါးခန့် သေဆုံးခဲ့ရသည့် အထိပြဿနာ ကြီးကျယ် ခဲ့သော ကျောက်တော်မြိုနယ် တောင် ဘွေ ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ကြိုးဆွဲချပြီး မိမိကိုယ်ကို အဆုံး စီရင်သွားကြောင်း သတင်း ရရှိသည်။

အဆုံးစီရင်သွားသူ ကျေးရွာ အုပ်ချုပ်ရေးမှူးမှာ ဦးမောင်အေးတင် (၄၅) နှစ်ပြီး ရွာဦးရှိ သရက်ပင် တွင် အောက်တိုဘာလ ၁၄ ရက်နေ့ နံ နက်က ကြိုးဆွဲချ သေဆုံးသွားခြင်း ဖြစ်သည်။

“ ဟုတ်ပါတယ်။ မနက်က သူ့အလောင်းကို ကျောက်တော် ဆေးရုံကို ယူလာပါတယ်။ ကျွန်တော် သွားကြည့်ပါတယ်။ သူ့ရဲ့ ဇနီးဖြစ်သူနဲ့ တွေ့မလို့ပါဘဲ။ ဒါပေမယ့် သူမက ဘုရားသွားတယ်ဆိုတဲ့ အတွက် တွေ့ခွင့်မရခဲ့ဘူး။ ဘာ ကြောင့် ခုလို သတ်သေသွားတယ်ဆိုတာကို မေးမလို့ပါဘဲ။ဒါပေမယ့်မေးခွင့်မရခဲ့ပါဘူး” ဟုကျောက်တော် မြို့နယ် ပြည် နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစောငြိမ်းက ပြောသည်။

“ သူ့ရဲ့ ညီဖြစ်တဲ့သူကတော့ ပယောဂ မပါဘဲ ကိုယ်ဟာကိုယ် သတ်သေသွားတယ်လို့တော့ ကျွန်တော်ကို ပြောသွားပါတယ်” ဟု ဦး စော ငြိမ်းက ဆက်ပြောသည်။

သို့သော်လည်း ဒေသခံ ကျေးရွာသားများက စိတ်ဖိစီးမူဒဏ်ကြောင့် နောက်ဆုံး ယခုကဲ့သို့ အဆုံး စီရင်သွားခြင်း ဖြစ်ကြောင်း ပြောဆို သည်။

ဦးမောင်အေးတင်အား တောင်ဘွေ ကျေးရွာတွင် ဖြစ်ပွားခဲ့သော ပြဿနာကြောင့် စစ်တပ်မှ အကြိမ်ကြိမ် ခေါ်ယူ စစ်ဆေးခြင်းရှိခဲ့ပြီးကြိုး ဆွဲ ချ မသေမီ တရက် အလိုကလည်း စစ်တပ်က ခေါ်ယူ စစ်ဆေးခဲ့ကြောင်း၊ ဆဲဆို ကြိမ်းမောင်းမူများလည်း ရှိခဲ့ကြောင်း သိရသည်။

သူ့အလောင်းအား ဆေးရုံမှ စစ်ဆေးပြီးနောက် နေ့လည်ပိုင်းတွင် ရွာသို့ သဂြိင်္ုလ်ရန် ပြန်လည် သယ်ယူသွားခဲ့သည်ဟု သိရသည်။

အောက်တိုဘာလ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူ ဖြစ်စဉ် တွင် တောင်ဘွေကျေး ရွာတွင် စစ်တပ်က ပစ်ခတ်၍ အ နည်း ဆုံး ရခိုင်လူမျိုး (၄) ဦး သေဆုံးခဲ့ပြီး (၁၂) ဦး ဒဏ်ရာ ရရှိခဲ့ သည်။

ဦးမောင်အေးတင်တွင် ဇနီး ဒေါ်မဲမကြီးနှင့် ၂ နှစ်အရွယ်သား တစ်ယောက်နှင့် သမီး (၄) ယောက် ကျန်ရစ်ခဲ့ပြီး သမီးအကြီးဆုံးမှာ အ သက် ၁၃ နှစ်ခန့်သာ ရှိသေးကြောင်းသိရသည်။

No comments: