Thursday, November 1, 2012

ငြိမ်းချမ်းရေး သဘောတူညီချက် ချိုးဖောက်သည့် မြန်မာအစိုးရ အား ကရင်နီလူမှု ကွန်ယက်မှ သတိပေး

မွေခေါဝ်

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ငြိမ်းချမ်းရေး ရယူထားသော်လည်း မြန်မာအစိုးရက သဘောတူညီချက်များ ချိုးဖောက် သည့် အတွက် ကရင်နီ လူမှုအဖွဲ့အစည်းများ ကွန်ယက်(KCSN) မှ သတိပေးလိုက်ပါသည်။

“သံလွင်မြစ်ပေါ်က ရွာသစ်ရေကာတာ စီမံကိန်း အပါအဝင် အကြီးစား ဖွံ့ဖြိုးရေး စီမံကိန်းတွေကို လေ့ လာစောင့်ကြည့်ဖို့ လူမှုအဖွဲ့အ စည်း တွေကို ခွင့်ပြုထားပေမဲ့ ရေကာတာ ဆောက်မဲ့နေရာကို သွားတာ တားမြစ်ခံရတယ်။ စစ်ရေးလေ့ ကျင့် သင်တန်းကျောင်း တည် ဆောက် ရေး စီမံကိန်းကို လူထုသဘော ထား ကောက်ယူဖို့ သဘောတူထားပေမဲ့ အစိုးရက ဆက် ဆောက် သွားဖို့ တွန်းအားပေးနေ တယ်။ တဖက်ထိန်း ချုပ်နယ်မြေကို ဝင်ရောက်မယ်ဆိုရင် ကြိုတင်သတိပေးရမယ်ဆိုပေမဲ့ မြန်မာစစ် တပ်က ကြိုတင်အကြောင်းမကြား ဘူး” ဟု ကရင်နီလူမှု အဖွဲ့အစည်း ကွန်ယက်က ပြောပါသည်။

အောက်တိုဘာ ၃၁ ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဆင်ထားနား ဟိုတယ်၌ ကရင်နီလူမှုအဖွဲ့အစည်းများ ကွန်ယက်(KCSN) က မြန်မာအစိုး ရနှင့် KNPP တို့၏ ၆ လတာ အပစ်ခတ်ရပ်စဲရေး လုပ်ငန်းစဉ်အပေါ် သုံးသပ်ချက် ခေါင်းစဉ်ဖြင့် သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ကျင်း ပခဲ့သည်။

“ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို ချိုးဖောက်နေတော့ ကျနော်တယောက်တည်းရဲ့ သဘောက တော့ အားလုံးတညီတညွတ်တည်း အ ပစ်ရပ်တာ ရုတ်သိမ်းပြီး ငြိမ်းချမ်းရေး ပျက်ပြယ်သွားပြီလို့ ကြေငြာစေချင်တယ်” ဟု KCSN ပြောခွင့်ရ တော်ရယ် က ပြောပါသည်။

ငြိမ်းချမ်းရေး ဖြစ်စဉ်ကို KCSN အနေနှင့် သဘောတူညီချက်ကို လေးစားလိုက်နာ၍ အကောင်အထည် ဖော်သွားရန်၊ ထိုမှတဆင့် အဖွဲ့အ သီး သီး ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲကို အမြန်ဆုံး ပြုလုပ်ရန် လိုလားကြောင်း ဆို၏။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) သည် မြန်မာအစိုးရနှင့် ၂၀၁၂ မတ်လ ၇ ရက်၌ အပစ် ရပ်ရန် သဘောတူလက်မှတ်ရေး ထိုးပြီး နောက် အပစ်ရပ်ကာလ ၆ လအတွင်း မြန်မာအစိုးရစစ်တပ်နှင့် တစ်ကြိမ်မျှသာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဆို၏။

အောက်တိုဘာ ၂ ရက်ကလည်း ရန်ကုန်မြို့ စီတီးစတား ဟိုတယ်၌ ချင်းမိုင်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲကဲ့သို့ ကရင်နီ လူမှု အဖွဲ့အစည်းများ ကွန်ယက်(KCSN) က ပြုလုပ်ခဲ့ပါသေး သည်။

No comments: