Thursday, November 15, 2012

ဘင်္ဂလီ ၂၄၁ ဦး မြန်မာအကျဉ်းထောင်အတွင်းရှိဟု နစက ဆို

သဇင်ဥ

မြန်မာနိုင်ငံ အကျဉ်းထောင်အတွင်းဘင်္ဂလာဒေ့ခ်ျနိုင်ငံအကျဉ်းကျထောင် သား ၂၄၁ ဦး ရှိနေပြီးဖြစ် ကြောင်းနစကမှBGBသို့တရားဝင်အကြောင်း ကြားစာ ပေးပို့ချက်အရ သိရှိရသည်။

နစက ပေးပို့သော ဘင်္ဂလီအကျဉ်းသား ၂၄၁ ဦး စာရင်းအရ တာခ်နာမြို့နယ်အတွင်းမှ ဖမ်းဆီးခံရသော ငါးဖမ်းသမား ၂၅ ဦးအား လွဲ ပြောင်းပေး ရန် တာခ်နာမြို့ အခြေစိုက် BGB အမှတ် (၄၂)တပ်ရင်းက သက်ဆိုင်ရာ နစကသို့ တောင်းဆိုခဲ့သော်လည်း သီးသန့် ၂၅ ဦး လွှဲပြောင်းပေးရန်မှာ မဖြစ်နိုင်ကြောင်း ပြန်ကြားခဲ့သည်ဟု ကော့စ်ဘဇားမြို့ ယနေ့ထုတ် teknafnews.com တွင် ဖေါ်ပြထားသည်။

BGB တောင်းဆိုမှုအား နစက အနေဖြင့် ပယ်ချလိုက်ကြောင်းနှင့် ၂၄၁ ဦးအား တခါတည်း လက်ခံယူရန် အကြောင်းပြန်ကြားခဲ့ကြောင်း ဆို သည်။

နစကမှ ယင်း ဘင်္ဂလီအကျဉ်းသား ၂၄၁ ဦး မြန်မာအကျဉ်းထောင်အတွင်း ရှိနေကြောင်း BGB သို့ တရားဝင် သတင်းပေးပို့ခြင်းမှာ BGB မှ တောင်းဆိုချက်အရ နစက စစ်တမ်းကောက်ချက်ကြောင်း ယခုကဲ့သို့ စာရင်းအတိအကျ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာအကျဉ်းထောင်အတွင်းရှိ ဘင်္ဂလီအများအပြားမှာ ဘင်္ဂလာပိုင်နက် နတ်မြစ်မှ မလေးရှားသို့ မှောင်ခိုထွက်ခွာသည့်အချိန်တွင် ဘင်္ဂ လား ပင်လယ်အော်တွင် စက်ဘုတ်နစ်မြှုပ်၍ မြန်မာရေတပ်ထံ ဖမ်းဆီးခံရသူများ၊ မြန်မာ့ပိုင်နက်အတွင်း ငါးခိုးဖမ်းဆီးသူများနှင့် သစ်ခိုး ခုတ်သူ များဖြစ်ကြောင်း သိရှိရသည်။


ဦးသိန်းစိန်၏ နောက်ဆုံးလွတ်ငြိမ်းချမ်းသာခွင့်ထဲတွင် မော်လမြိုင်ထောင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၃ဦးကို လွှတ်ပေးခဲ့ကာ ရခိုင်ပြည် မောင် တောမြို့မှတဆင့် ဘင်္ဂလာသို့ တရားဝင်လွှဲပြောင်းပေးရန် စီစဉ်ခဲ့ပြီး မောင်တောမြို့မှတဆင့် လွှဲပြောင်းပေးအပ်ခြင်း ရှိမရှိကိုမူ ယ ခုအ ချိန်ထိ နစက အနေဖြင့် တစ်စုံတစ်ရာ ထုတ်ပြန်ကြေငြာခြင်း မရှိသေးပေ။

No comments: