Saturday, November 10, 2012

အိုဘားမား မြန်မာပြည် နိုဝင်ဘာ ၁၉ လာမည်

လင်းသန်

ဒုတိယ သက်တမ်း ပြန်လည် အရွေးခံရသော အမေရိကန် သမ္မတ အိုဘားမားသည် “ထိုင်းနိုင်ငံ ဘန်ကောက်၊ မြန်မာနိုင်ငံ ရန်ကုန်၊ ကမ္ဘော ဒီးယားနိုင်ငံ ဖနွမ်ပင်” တို့သို့ နိုဝင်ဘာ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း လာရောက်မည် ဖြစ်ကြောင်း သမ္မတ အိမ်ဖြူတော်က တ ရားဝင် ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့နှင့် တွေ့ဆုံပြီး မြန်မာ နိုင်ငံ ၏ “ဖော်ဆောင်နေဆဲ ဒီမိုကရေစီ အကူးအပြောင်း” အတွက် အားပေးမည်ဟု အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဂျေး ကာနီက ပြော ကြား သည်။

အိုဘားမားသည် မြန်မာပြည်သို့ ပထမဆုံး လာရောက်မည့် အမေရိကန် သမ္မတ ဖြစ်မည်။ ၁၉၅၃ ခုနှစ်တွင် အမေရိကန် ဒု-သမ္မတရစ် ချတ် နစ် ဆင် မြန်မာပြည်သို့ လာရောက်လည်ပတ်ခဲ့ဖူးသည်။

အမေရိကန်အစိုးရနှင့် ရန်ကုန်ရှိ အမေရိကန်သံရုံးက မည်သည့်နေ့ရက် လာရောက်မည်ကို အတည်မပြုသေးသော်လည်း အမည်မဖော် လိုသူ မြန်မာအစိုးရအရာရှိတဦးကို ကိုးကား၍ နိုဝင်ဘာ ၁၉ ရက်တွင် လာရောက်မည်ဟု ရိုက်တာ သတင်းဌာနက ရေးသားဖော်ပြ ထား သည်။

အမေရိကန် သမ္မတ ခရီးစဉ်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွင် သိသာသည့် တိုးတက်မှုများ မြန်မာအစိုးရက ပြသ သင့်ကြောင်း မြန်မာ့နိုင်ငံရေး လောကတွင် ပြောဆိုကြသည်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သည့် ဦးကိုကိုကြီးက “သူလာတာရဲ့ အကျိုးဆက်အဖြစ်နဲ့ ကျန်ရှိနေတဲ့ နိုင်ငံရေး အ ကျဉ်း သားတွေ အကုန်လုံး ပြန်လွှတ်ပေးဖို့လိုမယ်”ဟု ဆိုသည်။ ထို့အပြင် “ပြည်တွင်းစစ် ကိစ္စတွေ၊ ပြည်တွင်း ပဋိပက္ခတွေ အဲဒါတွေကို နိုင်ငံရေး အရ ဆွေးနွေးဖြေရှင်းဖို့ ခိုင်မာတဲ့ ကတိက၀တ် ရထားတာမျိုး လိုအပ်တယ်”ဟု ဦးကိုကိုကြီးက ဆိုသည်။

အရေးပါသည့် ပြုပြင်ပြောင်းလဲမှုများဖြစ်သည့် လွှတ်တော်တွင်း ဥပဒေပြု လုပ်ငန်းစဉ်ဆိုင်ရာ သွက်လက် မြန်ဆန်ရေး နှင့်တရားဥပဒေ စိုးမိုး ရေးကို အကောင်အထည်ဖော်ရေး သိသာသည့် ပြုပြင်ပြောင်းလဲရေးများ မြင်တွေ့ရန် လိုအပ် သည် ဟုလည်း သူက ဆက်ပြော သည်။

ကချင်ပြည်သူ့တိုးတက်ရေးပါတီ ခေါင်းဆောင် ဒေါက်တာ တူးဂျာကလည်း အမေရိကန် သမ္မတ အနေဖြင့် မြန်မာနိုင်ငံ သို့လာခြင်းနှင့် ပတ် သက်၍ အမေရိကန် အကျိုးစီးပွားတခုတည်းကို မကြည့်ပဲ ပြည်တွင်းစစ်ရပ်ကာ ငြိမ်းချမ်းရေး အာ မခံချက်ရခြင်း၊ နိုင်ငံရေးအကျဉ်း သား လွတ်မြောက်ခြင်း စသည့် မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် သိ သာသည့် တိုးတက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု မျှော်လင့် ကြောင်း ဧရာဝတီကို ပြောသည်။

“ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး ဖော် ဆောင်တဲ့နေရာမှာ လည်း ပိုပြီးတော့မှ အ ကျိုးရှိနိုင်မလားလို့ အဲဒီလိုထင်တယ်။ မလာထက် လာတာက ပိုကောင်းမယ်လို့ ထင်တယ်” ဟု သူက ဆိုသည်။

ကရင်အမျိုးသမီးအစည်းအရုံး KWO အထွေထွေ အတွင်းရေးမှူး နန်းဒါးအယ်ကလယ်ကမူ ” မြန်မာ ပြည်ကို ပြုပြင်ပြောင်းလဲရေးတွေလုပ် နေ တယ်ဆိုသည့်တိုင်အောင် ကျမတို့ တိုင်းရင်းသား နယ်မြေတွေမှာ အပစ်အခတ်ရပ်စဲရေးက လုံးဝ အာမခံချက် မရှိနေသေးတော့ အပြောင်းအ လဲကို တကယ်ပဲ လိုလိုလားလားနဲ့ လုပ်နေပါတယ်လို့ ပြောရတာ ခက်တယ်” ဟု ပြောပြီး ” ဖြစ်လွယ်ပျက်လွယ်တဲ့ မယုတ်မလွန် အခြေအနေ မှာပဲ ရှိနေသေးတယ်၊ ဒီအတိုင်းပဲ ကရင်ဒုက္ခသည်တွေဆိုရင်လည်း အနာဂတ် မရေမရာ အခြေအနေမှာပဲ ရှိနေသေး တယ်၊ ဘာအာမခံ ချက်မှ မရှိသေးဘူး” ဟု ထောက်ပြပြီး အမေရိကန် သမ္မတ၏ မြန်မာပြည်ခရီးစဉ်မှာ စောလွန်းသေးကြောင်း ဆိုသည်။

တဖက်တွင်လည်း အိုဘားမား၏ မြန်မာနိုင်ငံ ခရီး စဉ်သည် တရုတ် နိုင်ငံအား ချိန်ခွင်လျှာ ညှိရန် ဖြစ်နိုင်ကြောင်း သုံးသပ်ဝေဖန်မှုများ ရှိ သည်။

တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး တာဝန်ထမ်းဆောင်ခဲ့ဖူးသူ နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ယခု အမေရိကန်သမ္မတအို ဘား မား၏ မြန်မာခရီးစဉ်သည် အမေရိကန်၏ အကျိုးစီးပွားအတွက် ဆွဲဆောင်ခြင်း တခု ဟု ဧရာဝတီကို ပြောသည်။

“အမေရိကန်က ဒီအတိုင်း ပစ်ပယ်ထားလို့ရှိရင် ဗမာက တရုတ်နဲ့ပဲ ပိုပြီးတော့ ရင်းရင်းနှီးနှီးဆက် ဆံသွားမှာပေါ့။ဒီဟာကိုမြင်တော့ကိုတရုတ် ရဲ့ လူရင်း ဖြစ်မသွားအောင် ဒါ သူက ဒီလာပြီးတော့ အမေရိကန်နဲ့လည်း ဆက်ဆံရေး ကောင်း အောင်ဆောင်ရွက်တာလို့ ဒီလိုပဲ မြင်ပါတယ်” ဟု သူက ဆိုသသည်။

အိုဘားမား၏ နိုင်ငံခြားရေး မူဝါဒအရ အာရှဒေသသည် အမေရိကန်အစိုးရအတွက် မဟာဗျူဟာအရ အရေးပါလာနေရာ ယခု ထိုင်း၊ မြန် မာ၊ ကမ္ဘောဒီးယား ခရီးစဉ်သည် ယင်းမူဝါဒ၏ အကောင်အထည်ဖော် ဆောင်ရွက်မှု တစိတ်တပိုင်း ဖြစ်သည်။

သို့ရာတွင် တောင်တရုတ်ပင်လယ် တင်းမာမှုတွင် ပါဝင်နေသော ဗီယက်နမ်နိုင်ငံ၏ ဖိတ်ကြားချက်ကို ငြင်းပယ်ပြီး မြန်မာပြည်သို့ လာ ရန်သာ ရွေးချယ်ခဲ့ခြင်းသည် အန္တရာယ် ကင်း၍ဖြစ်ကြောင်း သံတမန်အသိုင်းအဝိုင်း သတင်းရပ်ကွက်များက သုံးသပ်သည်။

မြန်မာ့အရေးကျွမ်းကျင်သူ သတင်းစာဆရာ ဘာတေးလင့်တနာက အိုဘားမား၏ ခရီးစဉ်သည် အမေရိကန်အကျိုးစီးပွား ပဓာနပေါ် မူ တည် စဉ်းစားဆုံးဖြတ်ကြောင်း ဧရာဝတီသို့ ပြောဆိုသည်။

“ဒီပွဲက ‘တရုတ် ထိန်းချုပ်ရေး’ပါပဲ။ ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့အတွက် မဟုတ်ဘူး။ အဲဒါ တွေ ထည့်ပြောနေတာကလည်း ရောင်း ကောင်းအောင်ပါ” ဟု ဘာတေးလင့်တနာက ဆိုသည်။

အိုဘားမားသည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ပြိုင်ဘက် ရီပတ်ဘလီကန် ကိုယ်စား လှယ် မစ်ရွမ်နီကို နောက်ထပ် သက်တမ်း ၄ နှစ် အတွက် အနိုင်ရခဲ့သည်။

No comments: