Wednesday, November 14, 2012

လက်ရှိ ရခိုင်ပြည်-ဘင်္ဂလာနယ်စပ် အခြေအနေ

သဇင်ဥ

ဘင်္ဂလာအာဏာပိုင် က ဘင်္ဂလီ(၄၃)ဦးအား မြန်မာနိုင်ငံသားဟုဆိုကာ ယ မန်နေ့က တရားမ၀င် မှောင်ခိုနယ်စပ်များမှ မောင်တောမြို့နယ်သို့ ပို့ဆောင်ခဲ့ ကြောင်း သတင်းရရှိသည်။

ဘင်္ဂလာ ကော့စ်ဘဇားမြို့ အခြေစိုက် BGB အမှတ်(၁၇)တပ်ရင်းက ရခိုင် ပြည်-ဘင်္ဂလာနယ်စပ် ခေါင်းတုန်းဒေသမှ ယင်းပို့ဆောင်ခဲ့ သော ဘင်္ဂလီ(၁၆)ဦး၊ တောင်ပြိုဒေသမှ (၁၉)ဦးနှင့် ဘာလူခါးလီနယ်မြေမှ (၈)ဦး စုစု ပေါင်း(၄၃)ဦးအား ယမန်နေ့က ဖမ်းဆီးမိရာ ချက် ခြင်းပို့ဆောင်ခဲ့ခြင်းဖြစ် ကြောင်း ကော့စ်ဘဇားမြို့ ယမန်နေ့ကထုတ် ၀ပ်ဆိုက်နှင့် သတင်းစာ များ က ဖေါ်ပြခဲ့သည်။

ဘင်္ဂလာ အာဏာပိုင်အနေဖြင့် ကျူးကျော်လာသူ မြန်မာနိုင်ငံသားများဟု ဆိုကာ ယင်းကဲ့သို့ ဘင်္ဂလီ(၃၆၄)ဦးအား ယခုလ နိုဝင်ဘာလ အ တွင်းက အဆိုပါ အမှတ် (၁၇)တပ်ရင်း နယ်စပ်စစ်ကြောင်းက ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း တပ်ရင်းပြောရဲဆိုခွင့်ရှိသူတစ်ဦးက ပြော သည်။ ထို့ပြင် စိုကိုရီ ယာရဲဋ္ဌာနမှ အဆိုပါ မြန်မာနိုင်ငံသားဟု စွပ်စွဲပြီး ဘင်္ဂလီ(၅)ဦးအား ယမန်နေ့က ဖမ်းဆီးရမိကြောင်း ယနေ့ထုတ် http://coxsbazarnews.net က ဖေါ်ပြသည်။

သို့သော်လည်း ရခိုင်ပြည် နယ်စပ်ဒေသအခြေစိုက် လ၀က၊ နစကနှင့် စစ်တပ်တပ်ဖွဲ့များအနေဖြင့် ယင်းဘင်္ဂလာက တရားမ၀င် နယ်စပ်မှောင် ခိုလမ်းများမှ အတင်းအဓမ္မပို့ဆောင်ခဲ့သော ဘင်္ဂလီများအား မည်သည့်အခါမှ တစ်စုံတစ်ရာ လိုက်လံစစ်ဆေး အရေးယူ မေးမြန်းမှုများယခု အချိန်ထိ မရှိသည့်အပြင် နယ်စပ်လုံခြုံရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းရှိသည်ကိုလည်း မတွေ့ရကြောင်း ဒေသခံမျက်မြင်များ က ဆို သည်။

ဘင်္ဂလာက အဆိုပါ ဘင်္ဂလီများအား ဒေသအတွင်း ကျူးကျော်လာသူများဟုဆိုကာ နေ့စဉ်ဖမ်းဆီးမှုများရှိနေကြောင်းနှင့် နေ့စဉ် နယ်စပ် ဒေ သမှောင် ခိုလမ်းများမှ ပို့ဆောင်လျက်ရှိနေကြောင်း ကော့စ်ဘဇားမြို့ ဒေသထုတ်ဝပ်ဆိုက်နှင့် သတင်းများက ဖေါ်ပြချက်များအရ သိ ရှိရ သည်။


ဘင်္ဂလာပိုက်နက် နတ်မြစ်အတွင်းရှိ ကျွန်းများမှ မလေးရှားသို့ ခိုးဝင်ပြီး အခြေချနေထိုင်ကာ အလုပ်လုပ်ရန်သွားသည့် စက်ဘုတ်(၂)စီး နိုဝင် ဘာ ပထမအပတ်က နစ်မြှပ်ခဲ့ရာ ဘင်္ဂလီ(၁၀၀)ကျော် သေဆုံးကြောင်းနှင့် ဘင်္ဂလာရေတပ်ဖွဲ့မှ (၃၀)ကျော် ကယ်တင်ရရှိခဲ့ကြောင်း ဒေသ သ တင်းများက ဆိုသည်။

ဘင်္ဂလာ BGB တပ်ဖွဲ့များအနေဖြင့် ယမန်နေ့ကအထိ ရခိုင်ပြည်-ဘင်္ဂလာ နယ်စပ်မငြိမ်သက်မှုကြောင့် နယ်စပ်မှတ်တိုင် (၅၁)ဒေသအ တွင်း တွင် နယ်မြေသန့်ရှင်းရေး စစ်ဆင်ရေးများ ပြုလုပ်လျှက်ရှိနေပြီး ဆက်လက်၍ နယ်စပ်မှတ်တိုင် အနီးအနားများသို့ သွားရောက် ပြု လုပ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

ယင်း BGB စစ်ဆင်ရေးမှာ ဘင်္ဂလာအခြေစိုက် အမည်မသိ မြန်မာ့အတိုက်အခံတပ်ဖွဲ့တစ်ခုမှ ရခိုင် ပြည်နယ်စပ်တွင် လမ်းဖေါက်လုပ်နေ သော GE တပ်ဖွဲ့ဝင်များအား နိုဝင်ဘာ(၆)ရက်နေ့က ခိုအောင်းပစ်ခတ်မှုကြောင့် တစ်ဦးပွဲချင်း သေ ဆုံးခဲ့ပြီး (၃)ဦးအား ဖမ်းဆီးခေါ် ဆောင်သွားခဲ့မှု နှင့် ပတ်သက်၍ နယ်စပ်အတွင်း လုံခြုံရေးယူထားခြင်းဖြစ်သည်။

မြန်မာစစ်တပ်အနေဖြင့် ယင်းတို့၏ နိုဝင်ဘာလ(၆)ရက်နေ့ကတည်းက ဖမ်းဆီးခေါ်ဆောင်ခံ GE တပ်သားများအား သက်ဆိုင်ရာနယ်မြေ ပိုင် ရှင် ဘင်္ဂလာက ရှာဖွေအပ်နှံရန် ပန်ကြားထားကြောင်းနှင့် မပေးနိုင်ပါက သောင်းကျန်းသူများရှိသော ဘင်္ဂလာပိုင်နက်သို့ ၀င်ရောက် ရှာဖွေ သွား မည်ဖြစ်ကြောင်း ကမ်းလှမ်းထားသည်။

ဘင်္ဂလာအာဏာပိုင်က ရခိုင်ပြည်အတွင်း ကျူးကျော်သောင်းကျန်းသူများက စတင်သည့် အကြမ်းဖက်မှု ကာလတစ်လျှောက်တွင် ၎င်းတို့နယ် စပ်များအတွင်း လုံခြုံရေးများ ထူထပ်စွာ စောင့်ကြပ်ချထားလျှက်ရှိသည်။

ဘင်ဒရိုဘင်ခရိုင် နတ်ချောင်းဆရီမြို့နယ်အတွင်း ရခိုင်ပြည်-ဘင်္ဂလာ နယ်စပ်မှတ်တိုင် (၅၁)အနီးရှိ ရခိုင်ကျေးရွာများမှာ မငြိမ်မသက်မှု များ ဖြစ်ပေါ်နေကြောင်း ဒေသခံတစ်ဦးက သတင်းပေးပို့ထားသည်။

"လိမ္မော်ဆရီ BGB စခန်းမှာ နစကကလာပြီး (၈)ရက်နေ့က အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်၊ နစက က သူတို့စစ်သား(၃)ဦးကိုရှာဖွေပေးပို့ ဆွေး နွေးခဲ့တယ်လို့ သိရပါတယ်၊ အဲဒါ ကုလားသောင်းကျန်းသူက ရွာကိုလာပြီး အမျိုးမျိုး ခြိမ်း ခြောက်နေပါတယ်၊ ရှိတဲ့ဖုန်းတွေကို သိမ်း ယူသွားပါတယ်၊ ယောင်္ကျားတွေကို ဖမ်းဆီးခေါ်ဆောင်ခြင်းတွေ ရှိပါတယ်၊ BGB တွေက ဖြေ ရှင်းကူညီပေးပါတယ်၊ ဒါပေမယ့် အခုကရွာ မှာ မနေရဲလို့ ကလေးတွေနဲ့ အမျိုးသမီးတွေကို ဆွေမျိုးဆီ ပို့ထားသူတွေ ရှိပါတယ်၊ လယ် ခင်းယာတွေကို မပြုစုနိုင်တော့ အခက်အခဲ ပေါ့။"ဟု အမည်မဖေါ်လိုသူ အမျိုးသမီးတစ်ဦးက ရှင်းပြသည်။

ဘင်္ဂလာ ကော့စ်ဘဇားခရိုင် ရာမူး(ပန်းဝါမြို့)နယ်အား အကြမ်းဖက်သောင်းကျန်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူများကို သက်ဆိုင်ရာက ဖမ်း ဆီးရန် ရှာဖွယ်နေကြောင်း၊ ယင်းတရားခံများမှာ တောအတွင်း တိမ်းရှောင်နေကြကြောင်း၊ ဆက်လက်အကြမ်းဖက်ရန် ခြိမ်းခြောက် မှုများ ရှိနေသေးကြောင်းနှင့် တောင်တန်းဒေသရှိ ရခိုင်၊ သက်၊ မာရာမာ၊ ဒိုင်းနက်စသော ဗုဒ္ဓဘာသာဝင် ဒေသခံများမှာ ယခုအခါ တ ခြားအ တည် မပြုနိုင်သေးသော ကောလဟာလ သတင်းများကြောင်း စိုးရိမ်မှုများ ဖြစ်ပေါ်လျှက်ရှိနေသည်။

No comments: