Wednesday, November 7, 2012

လျှပ်စစ်သုံးစွဲမှု ယူနစ်ကွာဟမှုများ ကြုံတွေ့နေရ

ကယားထဲ

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့အတွင်း လျှပ်စစ်မီးသုံးစွဲသည့် အိမ်တိုင်းတွင် မီတာသုံးစွဲမှု ငွေကောက်ခံသည့် တောင်းခံလွှာစာ ရွက် နှင့် အမှန်တကယ်သုံးစွဲသည့် မီတာယူနစ် စုစုပေါင်းမှာ မကိုက်ညီဘဲ မီတာယူနစ်ကွာဟမှုတွေ နဲ့ ကြုံတွေ့နေကြရပါတယ်။

လျှပ်စစ်မီတာယူနစ်တွေ လစဉ်ကွာဟနေကြတဲ့သူတွေ လျှပ်စစ်သုံးစွဲမှု ငွေသင့်တောင်းခံလွှာက အိမ်သို့ အချိန်မှီ မရောက်လာနိုင်၍ သတ် မှတ်ထားတဲ့ ရက်စွဲကျော်လွန်လာလျှင်လည်း ဒဏ်ငွေပေးဆောင်ရမည်ကို စိုးရိမ်နေရကြသူတွေနဲ့ မီတာခ လာရောက် ပေးဆောင် ကြတဲ့ သူတွေ အားလုံးက မြို့နယ်လျှပ်စစ်ရုံးမှာ ပြည့်ညှပ်လို့နေတာကို တွေ့ရပါတယ်။

ငွေတောင်းခံလွှာစာရွက်အတွင်းတွင် ယူနစ်သုံးစွဲမှုများဖြည့်စွက်ထားသည့် ယခင်နှင့် ယခုဆိုသည့် သုံးစွဲမှုယူနစ်တွေက မကြာခဏ ကွာ ဟ နေ မှုကြောင့် ဒေသခံမီးသုံးစွဲသူတွေ လျှပ်စစ်ဓာတ်အားရုံးသို့ လာရောက်ဖြေရှင်းနေတဲ့ ဒီးမော့ဆိုမြို့ စည်ပင်သာယာ ရပ်ကွက်မှ ဒေသခံ အမျိုးသမီးတဦးက ယခုလိုပြောပါတယ်။

“မီတာခက အရင်လတွေမှာ ယူနစ်တွေက နည်းနည်းလေးတွေ ဖြည့်ထားတာ နောက်ကြာလာတော့ ကြည့်တဲ့အခါတော့ ယူနစ်တွေက အဆ မတန်ကွာနေတော့ ငွေပေးရတဲ့အခါ တပြိုင်နက်တည်း သောင်းနဲ့ချီပြီး ပေးရတာ မလွဲဘူး။ အဲ လိုထပ်ဖြစ်မှာစိုးလို့ မီတာခ သွားပေးတိုင်း ပြန်ပြန်ပြင်ထားခိုင်း ရတယ်” လို့ ပြောပါတယ်။

ငွေပေးသွင်းရမည့် ငွေသင့်တောင်းခံလွှာမှာလည်း သတ်မှတ်ထားတဲ့ ရက်စွဲထက် နောက်ကျမှ ရောက်ရှိလာတဲ့အတွက်လည်း ငွေသွား သွင်း တဲ့ အချိန်တွင် ရက်လွန်ကြေး ဒဏ်ငွေပေးဆောင်ရလို့ ငွေကြေးအခက်အခဲ ကြုံတွေ့နေကြရတာလည်း ရှိနေပါတယ်။

လျှပ်စစ်ရုံးရှေ့ မီတာခပေးဆောင်ဖို့ ဒဏ်ငွေမပြည့်သေးသဖြင့် ပြန်လှည့်ထွက်လာခဲ့ရတဲ့ တနေ့လုပ်မှ တနေ့စား အလုပ်လုပ် နေကြရတဲ့ သဲ တောင်မှ သဲတူးသမား ဦးလေးတဦးကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

သဲတူးသမားဦးလေးက “ဘောင်ချာစာရွက်က ရောက် လာတဲ့နေ့ ကလည်း တရက် နောက်ကျနေ တယ်။ သွားဆောင်မလို့ အဲဒါ ပိုက်ဆံက မ ပြည့်သေးဘူး။ မနက်ဖြန်မှ ငွေကရမှာ ဆိုတော့ မနက်ဖြန် သွားဆောင်တာ နောက် တရက် နောက်ကျ သွားပြန်တယ်။ ဒဏ်ငွေက နှစ်ထောင် ထပ်တောင်းတော့ ပိုက်ဆံက မလောက်ပြန်ဘူး။ ဘယ်လိုမှ တောင်းပန် လို့မရဘူး။ အဲဒါနဲ့ သူများတွေဆီ ပြန် သွားချေး အုံးမလို့ပါ” လို့ ပြော ပါတယ်။

မီတာခပေးဆောင်မှု သတ်မှတ်ထားတဲ့ ရက်ထက်နောက်ကျပါက ဒဏ်ငွေအနေနဲ့ ၁ ရက်ကို ကျပ် ၁၀၀၀ ကျပ်သတ်မှတ်ထား ရခြင်းမှာလည်း လစဉ်ငွေကိုဘဏ်သို့ အချိန်မှီ ပေးသွင်းနိုင်ရန် ဖြစ်တယ်လို့ ဒီးမော့ဆိုမြို့မှ လျှပ်စစ်ဌာနမှ ဝန်ထမ်းက ရက်လွန်ကြေး ပေးဆောင်နေရတဲ့ သူ တွေကို ရှင်းပြပါတယ်။

No comments: