Thursday, November 15, 2012

ဖုန်းလိုင်းမရ၍ (၁၅) သိန်းတန် အင်တာနက် ဖုန်းလိုင်းကို ဝယ်ယူအသုံးပြုရ

ကယားထဲ

ကယား(ကရင်နီ)ပြည်နယ် ဘော်လခဲမြို့နယ် နန်းဖဲကျေးရွာတွင် ဆက် သွယ်ရေးဖုန်းလိုင်း မရ၍ (၁၅)သိန်းတန် skynet အင်တာနက် ဖုန်း ကို ဝယ်ယူတပ် ဆင်ထားကြရသည်ဟု သိရသည်။

နန်းဖဲရွာသိုသွားရောက်တပ်ဆင်ခဲ့သည့်လွိုင်ကော်မြို့မှ skynet အရောင်း ကိုယ်စာလှယ် ကိုဘိုဘိုက မြို့တစ်မြို့နှင့်တစ်မြိုဆက်သွယ် ရန်ဖုန်း လိုင်းမရှိသောကြောင့်ဖုန်းလိုင်း ပါသော skynet အင်တာနက်လိုင်းကို ဝယ်ယူတပ်ဆင်ထားခြင်းဖြစ်သည်ဟု ကန္တာရဝတီ တိုင်း(မ်)သို့ ရှင်းပြ သည်။

“အင်တာနက်လည်းပါပါတယ် ဒါပေမဲ့ ဒါကိုတော့မသုံးပါဘူး သူတို့က အ ဓိကဖုန်းကို လုပ်တာဖြစ် ပါတယ်။ အဲဒီဘက်မှာကတော့ ကွန် ပြူတာတွေ အင်တာနက်တွေသိပ်မသုံး ကြသေးတော့ အဲဒါကိုတော့ မလုပ်ကြ ဘူး။ သူတို့အနေနဲ့ ဖုန်းဆက်လို့ရဖို့ကိုပဲ ဝယ်တပ်ထား ကြတာပါ။” ဟု ပြောသည်။

နန်းဖဲရွာသည် လွိုင်ကော်မြို့မှ ဘော်လခဲ ၊ ဖားဆောင်း နှင့် ထိုင်းနိုင်ငံနယ်စပ်အထိသို့ သွားသော လမ်းမဘေးတွင်တည်ရှိပြီး ကုန်တင် ကား များ ခရီးသည်တင်ကားများ ခေတ္တနားနေကြရသည့် လူစီကားသော ရွာငယ်လေး တစ်ရွာဖြစ်သည်။ စားသောက်ဆိုင် ဖွင့်လှစ်ထား သည့် ဆိုင် တစ်ဆိုင်တည်းသာလျှင် မရှိမဖြစ်လိုအပ်နေခြင်းကြောင့် ၎င်း Skynet လိုင်းကို ဝယ်ယူတပ်ဆင်ထားခြင်းဖြစ်သည်ဟု သိရ သည်။

ထို့အပြင် Skynet လိုင်းကိုလည်း တခြားမြို့နယ်ဘက်သို့ လုပ်ငန်းတိုးချဲ့နိုင်ရန် လိုင်းများကို စမ်းသပ်လျက်ရှိသည်ဟု သိရသည်။

ကိုဘိုဘိုက “အခုသလော မနားရဘူး တော်တော်လေးကိုလိုက်စမ်းနေရတယ်။ မဆိုးဘူးပေါ့ မော် ချီးစမ်းမယ်ရဖို့သေချာပါတယ်။ဖားဆောင်း လည်း မနေ့ညဖုန်းဆက်လို့ရတယ်။ ဘော်လခဲလည်းရနိုင်တယ်။ နန်းဖဲကတော့ ရတယ် တပ်ဆင်ထားပြီးပြီ ဖုန်းပဲပြောတာပေါ့။” ဟု ဆက် ပြော သည်။

ကျပ်နှစ်သိန်းတန် GSM ဖုန်းလိုင်းများ မြို့တိုင်းလိုလို ချပေးနေသော်လည်း ကယားပြည်နယ်အတွင်းတွင် လွိုင်ကော်မြို့နယ်တခုတည်း သာ လျှင်း ဖုန်းလိုင်းရရှိသည်။

ဒီးမော့ဆိုမြို့နယ်တွင်မူ လွိုင်ကော်မြို့နှင့်နီးစပ်သည့် တချို့တနေရာတွင် လိုင်းရပြီး တခြားမြို့တွင်ဖုန်းလိုင်းများမရရှိသေးကြောင်းနှင့် အ စိုး ရဆက်သွယ်ရေးရုံးများတွင် IP star ကိုအသုံးပြုထားရကြောင်ကို ပြည်နယ်ဆက်သွယ်ရေးရုံးမှ မန်နေဂျာ ဦးတင်စိုးလွင်က ကန္တာရဝ တီ တိုင်း(မ်)သို့ ယခုလိုရှင်းပြသည်။

“တခြားမြို့နယ်တွေမှာ မရသေးဘူး ဖုန်းလိုင်းကတော့ နေရာတိုင်းမရသေးဘူး ဒီးမော့ဆိုကတော့ CDMA ပဲရသေးတယ် GSM ရတဲ့နေရာက တော့ အင်တာနက်ရတာပေါ့ လွိုင်ကော် ဒီးမော့ဆိုမှာကတော့ အော်တိုအိတ်ချိန်း ဖရူဆို ၊ ဖား ဆောင်း ၊ ဘော်လခဲနဲ့ ရှားတောဘက်တွေမှာ ကတော့ ဆက်သွယ်ရေးရုံးမှာ အိုင်ပီစတား ယူတာပေါ့ ကျန်တဲ့ မော်ချီးနဲ့ မယ်စဲ ဆက် သွယ်ေ ရးရုံးမှာလည်း အိုင်ပီစတားပဲထားပါ တယ်။” ဟု ပြောသည်။

ဒီးမော့ဆိုမြို့ပေါ်တွင်မှာလည်း GSM တိုင်ထောင်ပေးမည်ဟု သိရသော်လည်း ယခုချိန်အထိ တိုင်မထောင်ရသေးကြောင်းသိရသည်။ ဒီးမော့ ဆိုမြို့အပါအဝင် ကျန်သည့် ရှားတော ၊ ဖရူဆို ၊ ဘော်လခဲ ၊ ဖားဆောင်း ၊ မယ်စဲနှင့် ရွာသစ် ၊ မော်ချီးတို့ဘက်တွင် ဖုန်းလိုင်း ဆက် သွယ်ရေး အခက်အခဲများနှင့် ကြုံတွေ့နေကြ ရသည်ဟု သိရသည်။

No comments: