Friday, November 16, 2012

သံတွဲမှဆရာဝန်တစ်ဦး အစာအဆိပ်သင့်ကာသေဆုံး

ဇင်ကီး

သံတွဲမြို့နယ်၊ ကျီးကန်းရဲရွာမှ ဒေါက်တာဦးရဲလွင်မှာ နိုဝင်ဘာ(၁၅)ရက်နေ့က အစာအဆိပ်သင့်ကာ သေဆုံးသွားကြောင်း သတင်းရရှိ သည်။

ဒေါက်တာရဲလွင်ဇနီးမောင်နှံနှစ်ဦးမှာ နိုဝင်ဘာ(၁၄)ရက်နေ့က သံတွဲမြို့မှအပြန်လမ်းတွင် ဇလွန်ကျေးရွာရှိ ကိုညီလေး ထမင်းဆိုင်တွင် စား သောက်ခဲ့ကြောင်းသိရသည်။

" သူတို့လင်မယားက သံတွဲသွားပြီး မိုးချုပ်မှ ရောက်တာ၊ သူတို့က အမြဲတမ်း(၉)နာရီထိ အိပ်ကြ တော့ အဲဒီနေ့ကလူတွေကသတိမထားမိကြ ဘူး၊ ကျောင်းသားလေးတွေ စာသင်ဖို့လာတော့ ဆူညံ့သံတွေကြားတော့မှ လူတွေက သိကြ တာ၊ သူ့သားလေးက နိုးတော့ ခေါ်မရ တော့မှ ဆေးရုံကိုယူသွားကြတယ်၊ ဆရာဝန်ကတော့ ဆုံးသွားပြီလို့သိရတယ်၊ " ဟု ကျီး ကန်းရဲရွာသူ တစ်ဦးက ပြောသည်။

ဒေါက်တာရဲလွင်တို့ ဇနီးမောင်နှံအား ကျီးကန်းရဲရွာမှ သံတွဲဆေးရုံသို့ နိုဝင်ဘာ(၁၅)ရက်နေ့ နံနက်(၉)နာရီခွဲခန့်တွင် ယူဆောင်ခဲ့ရာ ဦးရဲ လွင် မှာဆေးရုံသို့မရောက်မှီ လမ်းတွင်သေဆုံးသွားခဲ့ပြီး အလောင်းအား ဆေးစစ်ရန် ရန်ကုန်သို့ပို့ဆောင်လိုက်ကာ ဇနီးဖြစ်သူမှာ သံတွဲ ဆေးရုံတွင် သတိပြန်ရနေကြောင်း သိရသည်။

ဒေါက်တာရဲလွင်မှာ ဂျာမနီနိုင်ငံမှ အင်ဂျီအိုတစ်ခု၏ ထောက်ပံ့ချက်ဖြင့် ကျီးကန်းရဲရွာတွင် ပရဟိတ လုပ်ငန်းကို လုပ်ကိုင်ကာ အခမဲ့စာ သင် ကြားခြင်း၊ အခမဲ့ ကျန်းမာရေးစောင့်ရှောင့်မှု လုပ်ငန်းများ လုပ်ဆောင်နေကြောင်းသိရသည်။

No comments: