Monday, November 5, 2012

မြေပုံ တောင်ပေါ် ခံတပ် စစ်တပ်က တက်ရောက် ရှင်းလင်း


ရခိုင်ပြည် နယ် မြေပုံမြို့တွင် မွတ်ဆလင်များကခံတပ်သဘောမျိုးတည် ဆောက် နေရာယူထားသော တောင်ပေါ်ကို ယနေ့ စစ်တပ်က တက် ရောက် ရှင်းလင်းပြီး မွတ်ဆလင် မိသားစုများကို တောင်အောက် တွင် တည်ဆောက်ထားသော ဒုက္ခသည် စခန်းသို့ ပို့ဆောင် သည်ဟု သိရ သည်။

“ ဒီကနေ့ မြို့နယ် အုပ်ချုပ်ရေးမှူး၊ လ၀ကမှူး၊ စစ်တပ်နဲ့ ရဲတွေ တောင် ပေါ်ကို တက်သွားတာကို တွေ့ရပါတယ်။ လက်ရှိ စာရင်းနဲ့ အသေအ ပျောက် စာရင်းတွေကို ကောက်ယူတယ်လို့ ပြောပါတယ်။ ဒါ့ပြင် တုတ်ဓါး လက်နက်တွေကို အကုန်လုံးသိမ်းပါတယ်။ သိမ်းရတဲ့တုတ်ဓါးလက်နက် က ထော်လာဂျီ နှစ်စီး တိုက်ရတယ်လို့ သိရပါတယ်” ဟု မြေပုံ ဒေသခံ ကိုမောင်မောင်က ပြောသည်။

မြေပုံမြို့တွင် ရခိုင်များနှင့် ဘင်္ဂလီ မွတ်ဆလင်များ တိုက်ခိုက်မူတွင် လူ ပေါင်း ၂၀ ကျော် သေဆုံးခဲ့ပြီး အိမ်ခြေပေါင်း ၈၀၀ ကျော် မီးထဲပါ သွားခဲ့ သည်ဟု သိရသည်။ ထိုအထဲတွင် ရခိုင်အိမ် ၄၂ ဆောင် ပါဝင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်စဉ် အတွင်း မွတ်ဆလင်များမှာ တောင်ပေါ်ကို တက်ပြေးသွားပြီး တောင်ပေါ်မှနေကာ ရခိုင်များကို ပြန်လည် ခုခံ တိုက် ခိုက် ခဲ့သည်ဟု ဆိုသည်။

“ သူတို့က အဲဒီ တောင်ပေါ်မှာ ခံတပ် သဘောမျိုး တည်ဆောက်ထားတကာက လွန်ခဲ့တဲ့ ဇွန်လ အရေးအခင်း ပြီးကတည်းက ဖြစ်ပါ တယ်။ ကျင်းတွေ တူးထားတယ်။ ဆက်သွယ်ရေးမြောင်းတွေလည်း လုပ်ထားတယ်လို့ ပြောပါတယ်။ တကယ့်ကို စစ်စခန်း တစ်ခုလို အ ခိုင်အမာ တည်ဆောက်ထားတယ်လို့ သိရပါတယ်။ ပြဿနာ ဖြစ်တော့ အဲဒီ တောင်ပေါ်ကနေ မွတ်ဆလင်တွေက ရခိုင်တွေ ကို ခံချခဲ့ တာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

အောက်တိုဘာလ မြေပုံတွင် ဖြစ်ပွားခဲ့သော အရေးအခင်းတွင် မွတ်ဆလင်များက တောင်ပေါ်မှ ခုခံပြီး ရခိုင်များကတောင်ကိုအောက်မှ နေ၀ိုင်း ထားကာ အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့သည်။

ယခုအခါ မြေပုံ အခြေအနေမှာ အေးဆေး တည်ငြိမ်နေပြီး ပုံမှန် အတိုင်း ရှိနေသည်ဟု ဆိုသည်။

နှစ်ဘက်စလုံးမှ ဒုက္ခသည်များအား နိုင်ငံ တကာအဖွဲ့အစည်းများမှ အကူအညီများ လာရောက် ဖြန့်ဖြူး ပေးဝေမူများ ရှိနေသော်လည်း ရခိုင် ဒုက္ခသည်များ အနေဖြင့် အကူအညီ အနည်းငယ်သာ ရရှိသဖြင့် လုံလောက်မူ မရှိဘဲ ဖြစ်နေကြောင်း ကိုမောင်မောင်က ပြောသည်။

“ ရခိုင် ဒုက္ခသည်တွေကတော့ တောင်ပိုင်းရပ်ကွက် ဘော်လုံးကွင်းမှာရွက်ဖျင်တဲတွေထိုးပြီးနေရာ ချထားပေးပါတယ်။ဒုက္ခသည်ကသုံးထောင် ခန့်ရှိပါတယ်။ ဒဏ်ရာ ရတဲ့ သူက ၇၀ ကျော်ရှိပါတယ်။ အစားအစာနဲ့ ဆေးဝါးတွေ အထူး လိုအပ်နေပါတယ်” ဟု သူက ဆက် ပြောသည်။

မွတ်ဆလင်များကိုမူ တောင်အောက်တွင် တည်ဆောက်ထားသော ဒုက္ခသည် စခန်းတွင် စစ်တပ် အစောင့်အရှောက်များဖြင့် ထားရှိပြီး မွတ်ဆ လင် ဒုက္ခသည် အရေအတွက်မှာ ၃၉၃၉ ယောက် ရှိကြောင်း သိရသည်။

မြေပုံမြို့တွင် ယခင်ကတည်းက နေထိုင်နေသော မွတ်ဆလင်များမှာ ဒေသခံ ရခိုင်များနှင့်သင့်သင့်မြတ်မြတ်နေထိုင်ခဲ့ကြသော်လည်း နောက် ပိုင်း ပြင်ပ ရောက်လာသူများမှာ သဘောထား တင်းမာသူများ ဖြစ်ကာ ရခိုင်အိမ်များကို စတင် မီးရှို့ တိုက်ခိုက်ရာမှ ယခုကဲ့သို့ အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်ဟု ကိုမောင်မောင်က ပြောသည်။

No comments: