Thursday, November 22, 2012

ဒုက္ခသည်များ ပြန်ယူရန် ဘင်္ဂလာက မြန်မာ သံအမတ်ကြီးကိုပြော

နိရဉ္စရာ

မြန်မာနိုင်ငံကနေ ဘင်္ဂလာဒေခ်ျ့ကို ရောက်ရှိနေတဲ့ မွတ်ဆလင် ဒုက္ခသည် တွေကို ပြန်ယူဖို့ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်တွေက မြန်မာ သံအမတ် ကြီးကို မနေ့က ထုတ်ဖေါ် ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းက ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး ဌာန ညွှန်ကြားရေးမှူး ချုပ် ဆိုင်ဒါမူဒါ တာဆနိမ်နဲ့ မနေ့က နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ တွေ့ဆုံစဉ် ခုလို ပြောဆိုလိုက်တယ်လို့ ဆိုပါတယ်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံက နော်ယာပါရာနဲ့ ကူတို့ပလောင်ဒုက္ခသည်စခန်းတွေ မှာ ယူအန် အသိအမှတ်ပြု မြန်မာ နိုင်ငံက မွတ်ဆလင် ဒုက္ခ သည် ၂၉၀၀၀ ရှိ တဲ့ အထဲက ၂၄၁၅ ဦးကို မြန်မာဘက်က ပြန်ယူဖို့ သဘောတူ ထားခဲ့ တယ် လို့ ပြောပါတယ်။

အဲဒီအထဲက မိသားစု (၁၀) စုကတော့ မိမိဆန္ဒနဲ့ အညီ မြန်မာပြည်ကို ပြန်မယ်လို့ ပြောဆိုထားတယ်လို့ ဆိုပါတယ်။

လာမယ့် UNHCR နဲ့ ပြုလုပ်မယ့် အစည်းအဝေးမှာ မြန်မာကို ဘင်္ဂလာဒေခ်ျ့က ထောက်ခံသွား မယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဘင်္ဂလာ ဒေခ်ျ့ အနေနဲ့ အိုအိုင်စီနဲ့ ယူအန် လူ့အခွင့်အရေး ကောင်စီ ( UNHRC) မှာလည်း မူအားဖြင့် ထောက်ခံမူ ပေးသွားဖို့ ဆုံးဖြတ်ထား တယ်လို့ ဆို ပါတယ်။ နှစ်နိုင်ငံ အနေနဲ့ စီးပွားရေးကို မြင့်တင် လုပ်ဆောင်သွားဖို့ ဘင်္ဂလာဒေခ်ျ့ဘက်က မနေ့က တွေ့ဆုံပွဲမှာ ပြော တယ်လို့ သိရပါ တယ်။

မြန်မာ သံအမတ်ကြီးကလည်း မြန်မာ အစိုးရ အနေနဲ့လည်း ပြန်လည် လက်ခံယူရေး အစီအစဉ်ကို ပြန်စနိုင်အောင် ကြိုးစားနေတယ်လို့ ပြော ဆိုပါတယ်။

အခုအခါ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲက မွတ်ဆလင်တွေနဲ့ ပတ်သက်ပြီး သူတို့ဟာ မြန်မာနိုင်ငံသားလား၊ ဘင်္ဂလားဒေခ်ျ့ နိုင်ငံက လာ တာလား စသဖြင့် မေးခွန်းတွေနဲ့ အတူ နိုင်ငံသား ဖြစ်ရေး၊ မဖြစ်ရေးနဲ့ စတဲ့ ငြင်းခုံမူတွေ ဖြစ်ပေါ်နေချိန်မှာ ဘင်္ဂလာဒေခ်ျ့ဘက်က လည်း သူတို့ နိုင်ငံထဲ ရောက်ရှိနေတဲ့ ဒုက္ခသည်တွေ မြန်မာကို ပြန်လည်ပို့ ဆောင်နိုင်ရေးကို တွန်းအားပေး လုပ်ဆောင်လာတာ ဖြစ် ပါတယ်။

No comments: