Tuesday, November 13, 2012

အစိုးရတပ်မ (၈၈)မှ စစ်သားတစ်ဦး ကလေး ၃ ယောက်မိခင်တစ်ဦးအား အဓမ္မပြု ကျင့်

KNG

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် မြန်မာအစိုးရ တပ်မ ၈၈ စစ်သားတစ်ဦးမှ ခဆန် (Hka San) ကျေးရွာမှ ကလေး ၃ ယောက် မိခင် အ မျိုးသမီး တစ်ဦးအား အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံများပြောသည်။

အင်အား ၅၀ ခန့်ရှိသော အစိုးရတပ်ဖွဲ့သည် ကားမိုင်း နှင့် မိုးကောင်းကြားရှိ ခဆန် (Hka San) ကျေးရွာတွင် ၀င်ရောက်လာချိန် အောက် တို ဘာလ ၃၀ ရက်နေ့တွင် ထိုအမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။

ယခုချိန် ကားမိုင်းနယ်မြေတွင် လှုပ်ရှားနေသော အစိုးရတပ်ဖွဲ့များသည် ကချင်အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်း သာမက ဒေသခံ ယော င်္ကျား မိန်းကလေး မရွေး စစ်ဆေးမြေးမြန်းပြီး နှိပ်စက်မှုများ၊ ကြိုက်ရာပစ္စည်း လုယက်မှုများပြုလုပ်နေကြောင်းသိရသည်။

ထိုသို့ အစိုးရစစ်သားများဖမ်းဆီးနှိပ်စက်မှု အမျိုးမျိုးကြောင့် ခဆန် နှင့် အနီးတ၀ိုက်မှ ကချင်ကျေး ရွာပြည်သူများသည် ရွာပြင်သို့ထွက်ရန် စိုး ရိမ်ကြောက်လန့်နေပြီး ယခုချိန် ပွင့်လင်းရာသီဖြစ်၍ သစ်သီးဝလံနှင့် လယ်ယာ စပါး ရိတ် သိမ်းချိန်ဖြစ်သော်လည်း စပါးများရိတ်သိမ်းဖို့သွား ရန် ကြောက်နေကြောင်း သိရသည်။

အစိုးရကျောင်းသူ/သားများအတွက်လည်း အောက်တိုဘာ သီတင်းကျွတ်ကျောင်းပိတ်ပြီးနောက် နိုဝင်ဘာလ ၅ ရက်နေ့မှ ကျောင်းပြန် ဖွင့်ပြီ ဖြစ်သော်လည်း အစိုးရစစ်တပ်ဖွဲ့များ လှုပ်ရှားနေခြင်းကြောင့် ခဆန် (Hka San) ကျေးရွာနှင့် အနီးတ၀ိုက်ကျေးရွာများတွင်မူလ တန်းကျောင်း များ မဖွင့်နိုင်သေးကြောင်း ဒေသခံများမှသိရသည်။


ယခုလိုရွာထဲသို့ အစိုးရတပ်ဖွဲ့များဝင်ရောက်လာသောကြောင့် ၎င်းကျေးရွာဒေသခံများအားလုံးသည် နီးစပ်ရာ ကျေးရွာများဖြစ်သော နား ဟိုင် ခေါ် နမ်ရှဲန် (Nam Sheng) ရွာသို့ ထွက်ပြေးတိမ်းရှောင်လာပြီး ထိုကျေးရွာရှိ ရိုမန်ကက်သလစ်ဘုရားကျောင်းတွင် ခိုလုံနေကြောင်း ကားမိုင်း ဒေသခံတစ်ဦးပြောသည်။

နားဟိုင်ရွာတွင် ထွက်ပြေးရောက်ရှိနေသော ဒုက္ခသည်များသည် အိမ်ခြေ ၅၇ မှ လူဦးရေ ၃၀၀ ကျော်ဖြစ်ကြောင်း သိရသည်။ ယခုချိန် ၎င်းတို့အား ခရစ်ယာန်အသင်းတော်များမှ အစားအသောက်နှင့် နေစရာ နေရာများကို စီစဉ်ပေးနေကြောင်း သိရသည်။

အခက်ခဲများကို ကူညီဖြေရှင်းပေးနိုင်ရန် UN ကူညီရေးအဖွဲ့များထံလည်း ဆက်လက် အကူအညီ တောင်းထားကြောင်း သိရသည်။

No comments: