စိုးမင်း
မကြာမီက ရခိုင်ပြည်အတွင်း တစ်ကျော့ပြန်ဖြစ်ပွားခဲ့သည့် ဘင်္ဂလီ-ရခိုင် အဓိကရုဏ်း ဖြစ်ပွားရသောအ ကြောင်းအရင်းအား အမှုမှန်ပေါ် ရန်စုံစမ်း စစ်ဆေးမှုများပြုလုပ်ရာတွင် ရခိုင်အမှုထမ်းများအား ပါဝင်ခွင့်မရကြောင်း သတင်းရရှိသည်။
အဓိကရုဏ်း ပြန်လည်စတင်ဖြစ်ပွားခဲ့သည့် မြောက်ဦးမြို့နှင့် မင်းပြားမြို့များတွင် ဘင်္ဂလီ-ရခိုင်အဓိကရုဏ်းအဖြစ်မှန်ပေါ်ပေါက်ရန် စုံစမ်း စစ်ဆေး မှုများကို ဒု-ပြည်နယ်မှူး ဦးဆောင် စစ်ဆေးနေကြောင်းနှင့် အဆိုပါ စစ် ဆေးမှုများတွင် ရခိုင် အမှုထမ်းများ ပါဝင်ခွင့်မရှိရန် ပိတ်ပင်ထား ကြောင်း သိရသည်။
"အဓိကရုဏ်းစတင်ဖြစ်ပွားခဲ့တဲ့ မင်းပြားမြို့နဲ့မြောက်ဦးမြို့တို့မှာ စုံစမ်း စစ်ဆေးမှုတွေ လုပ်နေပါတယ်။ စစ်ဆေးမှုလုပ်တဲ့အခါ ရခိုင်အမှု ထမ်း တွေ ပါဝင်ခွင့်မရဘူးပေါ့၊ မင်းတို့ရခိုင်တွေ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီးတော့ ဒု-ပြည်နယ်မှူး က ပိတ်ပင်ထား တယ်။ ဒီလိုပိတ်ပင်လိုက် တာက အရေးမကြီးဘူး။ ရခိုင်အမှုထမ်းတွေမပါတဲ့စုံစမ်းစစ်ဆေးမှုလုပ်တဲ့ နေရာမှာ လာဘ်ငွေ တွေယူပြီးတော့ မဟုတ်တာ ကို အဟုတ်လုပ်မှာကိုဘဲ စိုးရိမ်ရတယ်။" ဟု အမည်မဖော်လိုသည့် ရဲတစ်ဦးမှ ယခုကဲ့သို့ ထုတ် ဖော်ပြောဆိုခဲ့သည်။
ယခု စုံစမ်းစစ်ဆေးမှုတွင် မြောက်ဦးမြို့ရှိ ယိုင်သည်ကျေးရွာ၊ ပုရိန်ကျေးရွာနှင့် မင်းပြားမြို့နယ်မှ လူများအား အဓိကထားကာ စစ်ဆေး နေ ကြောင်းသိရသည်။
အဆိုပါ စုံစမ်းစစ်ဆေးမှုအတွက် ရန်ကုန်မြို့ရှိ လှိုင်သာယာမြို့နယ်မှ ရဲ တပ်ဖွဲ့ဝင်များနှင့် CIA တပ်ဖွဲ့ဝင်များအား ရခိုင်သို့ ထပ်မံရောက်ရှိ လာ မည်ဖြစ်ကြောင်း သတင်းရရှိသည်။
"ဟုတ်ကဲ့ အခုကြားတာက ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ကရဲတပ်ဖွဲ့ဝင် ၉၀နဲ့CIA တပ်ဖွဲ့ဝင်တွေ မြောက်ဦးမြို့နဲ့မင်းပြားမြို့နယ်ကို ရောက် ကြမှာပါ။ သူတို့ရောက်တာနဲ့ စစ်ဆေးရေးကို အရှိန်ဟုန်မြှင့်တင်ပြီးတော့ လုပ်မယ်လို့ သတင်း တွေထွက်နေပါတယ်။" ဟု ဒေသခံ တစ်ဦး၏ ပြောပြချက်အရ သိရသည်။
ယခုကဲ့သို့ အမှုထမ်းများအကြား ခွဲခြားပြောဆိုဆက်ဆံမှုများမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဖြိုခွဲရာရောက်ကြောင်း နိုင်ငံရေး လေ့ လာသုံးသပ်သူများ၏ ဝေဖန်မှုများ ထွက်ပေါ်လျှက်ရှိသည်။

No comments:
Post a Comment