Tuesday, November 6, 2012

မလေးရှားသွားမည့် ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများ မြန်မာ နယ်စပ် အနီးတွင် ဖမ်းဆီး

နိရဉ္စရာ

မလေးရှားနိုင်ငံသို့ ထွက်ခွာရန် စီစဉ်နေသူ ကလေးနှစ်ဦး အပါအ၀င်စုစုပေါင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ၉ ဦးကို စက်လှေ တစ်စီးပေါ်မှ တနင်္လာနေ့ နံနက် က ဖမ်းဆီးမိခဲ့သည်ဟု ဘင်္ဂလာ နယ်ခြား စောင့်တပ်ဖွဲ့က ပြောသည်။

သူတို့အား မြန်မာ နယ်စပ်အနီးတွင် တည်ရှိသော ကော့စ်ဘဇား ခရိုင်တက် က နက်မြို့နယ် ကာတာဘူည ဆိပ်ကမ်းရှိ စက်လှေ တစ်စီး ပေါ်မှ ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူများထဲတွင် နာဆီးမာဆိုသော အမျိုးသမီး တစ်ဦးနှင့် ကလေး ငယ် နှစ်ဦးတို့ပါဝင်ပြီး ကျန်သူများမှာ အမျိုးသားများ ဖြစ်ကြောင်း သိရ သည်။

ဖမ်းဆီးခံရသူများ အထဲတွင် အမျိုးသား (၃) ဦးမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံ မြောက်ပိုင်း Myamar singh ခရိုင်မှ ဖြစ်ကြပြီး နာဆီးမာ အပါအ၀င် ကျန်လူများမှာ ကော့စ်ဘဇားခရိုင် အတွင်းမှ ဖြစ်ကြသည်ဟု ဘီဂျီဘီ ဘင်္ဂလာနယ်ခြား စောင့်တပ်ဖွဲ့က ပြောသည်။


သူတို့အား သတင်းအရ တနင်္လာနေ့ နံနက် ၅ နာရီခန့်တွင် ကာတာဘူည ဆိပ်ကမ်းအား ၀င်ရောက် စီးနှင်း ရှာဖွေစဉ် ဖမ်းဆီးမိခြင်း ဖြစ်ပြီး စစ်ဆေးမေးမြန်းစဉ်အတွင်း အဆိုပါ စက်လှေဖြင့် မလေးရှားကို သွားရောက်မည့်သူများ ဖြစ်ကြောင်း ၀န်ခံသည်ဟု အမှတ် ၄၂ ဘီဂျီဘီ တပ် ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ဂျာဟစ် ဟူဆိန်ကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ဖေါ်ပြသည်။

ယခုအခါ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ရိုဟင်ဂျာဆိုသူများကို ယူအန် ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးမှဒုက္ခ သည် အဖြစ် အသိအမှတ်ပြုပြီး ခိုလုံခွင့် ကဒ်ပြားများ ထုတ်ပေးနေရာ အဆိုပါအခွင့်အရေးကိုလိုချင်၍မလေးရှားသို့ထွက်ခွာသူများပြား နေ ကြောင်း သိရသည်။

နိုဝင်္ဘာလ ၅ ရက်နေ့ စောစောပိုင်းကလည်း စစ်ကိုင်းတိုင်း ကလေးမြို့တွင် ဘင်္ဂလာဒေခ်ျ့မှ ခိုးဝင်လာသူ ဘင်္ဂလီ ၁၉ ဦးကို ဖမ်းဆီးမိခဲ့ သည် ဟု သိရသည်။

ခိုးဝင်လာသူများသည် မြန်မာနိုင်ငံကို ဖြတ်သန်းပြီး မလေးရှားနိုင်ငံသို့ သွားကြမည့်သူများ ဖြစ်ကြသည်ဟု သတင်းများတွင် ဖေါ်ပြသည်။

မြန်မာ အစိုးရ၏ ဘာသာရေး အရ ခွဲခြားမူနှင့် ညှဉ်းပမ်း နှိပ်စက်မူများကြောင့် ထွက်ပြေးလာကြရသော ရိုဟင်ဂျာများ ဖြစ်သည်ဟုအ ကြောင်း ပြပြောဆိုကာ ယူအန် လိမ်လျှောက်ပြီး တတိယ နိုင်ငံသို့ ရောက်ရှိသွားကြသော ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများလည်း အများအ ပြား ရှိကြောင်း ခိုင်လုံသော သတင်းအရ သိရသည်။

ယူအန် လျှောက်ရာနှင့် တတိယ နိုင်ငံသို့ အခြေချရန် လျှောက်ထားရာတွင် မြန်မာနိုင်ငံမှ ထုတ်ပေးသော ဧည့်နိုင်ငံသား အဖြူရောင် ကဒ်ပြား များမှာ အထူး အသုံးဝင်သဖြင့် နိုင်ငံသား စစ်စစ်ကို ထုတ်ပေးသော ပန်းရောင်ကဒ်ထက် မလေးရှားတွင် ဈေးရရှိကြောင်း သ တင်း ရရှိသည်။

No comments: