Thursday, November 1, 2012

တူမီး လုပ်သေနတ် ၁၈၀ ရခိုင်အရေးအခင်းတွင် သိမ်းဆည်းရ

နိရဉ္စရာ

လွန်ခဲ့သော အပတ်က ဖြစ်ပေါ်ခဲ့သော ရခိုင် ဆူပူမူအတွင်း တူမီး လုပ်သေနတ် ၁၈၀ ခန့် သိမ်းဆည်း ရမိသည်ဟု နိုင်ငံတော် သမ္မတ ညွှန် ကြားရေးမှူးရုံး ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီး သိမ်းဆည်းရမိသော သေနတ်များမှာ ဒေသလုပ် တူမီး ယမ်းထောင်း အမျိုးအစားများ ဖြစ်သည်ဟု ဆိုသည်။

ဒေသခံများသည် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူများ ဖြစ်ပွားပြီးနောက် ဒေသအတွင်း သေနတ် လုပ်တတ်သူများဖြင့် အဆို ပါ လက်လုပ်သေနတ်များကို ပြုလုပ်ခဲ့ကာ များမကြာခင်က ဖြစ်ပွားခဲ့သော နှစ်ဘက် တိုက်ခိုက်မူများ တွင် အသုံးပြုခဲ့ကြသည်ဟု သိရ သည်။

ယခုအခါ စစ်တွေမြို့ အပါအ၀င် မြို့တိုင်းတွင် သံထည်ဆိုင်များကို အာဏာပိုင်များက အနီးကပ် စောင့်ကြည့်နေပြီး စစ်တွေတွင်မူ သံ ထည် အရောင်းဆိုင် တချို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှောင်တခင် ၀င်ရောက် စစ်ဆေးမူများ ပြုလုပ်ခဲ့သည်ဟု စစ်တွေ မြို့နယ် ပြည်နယ် လွှတ် တော်အမတ် ဦးအောင်မြကျော်က ပြောသည်။

“ ဟုတ်တယ်။ လွန်ခဲ့သော ရက်အနည်းငယ် သံထည် ပစ္စည်းတွေ ရောင်းတဲ့ ဆိုင် သုံးလေးဆိုင်ကို စစ် တွေမှာ အာဏာပိုင်တွေက ၀င်ရောက် စစ်ဆေးတာကို တွေ့ရတယ်။ အဓိကတော့ သံပိုက်လုံးတွေနဲ့ လက်နက်လုပ်တဲ့ သံထည် တွေ ကိုဝင်ရောက် စစ်ဆေးတာ ဖြစ် တယ်လို့သိရ တယ်။ ဖမ်းဆီး အရေးယူတာတော့ မရှိဘူး” ဟု သူက ဆိုသည်။

ဇွန်လအရေးအခင်း ဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ် အတွင်း ဓါး၊လှံနှင့် တူမီး ယမ်းထောင်သေနတ်များ ပြုလုပ်ရာတွင် အသုံးပြုသော သံ ပိုက်လုံးများကို ၀ယ်ယူသူ များပြားခဲ့ပြီး ယခုအခါ သံထည်ဆိုင်များမှ သံထည်များကို အကန့်အသတ်များဖြင့် ရောင်းချနေကြရသည်ဟု သိရ သည်။

ယခုအချိန်ထိ ရခိုင်ပြည်နယ် ကျေးလက် တောရွာများတွင် စစ်တပ်မှ လုပ်သေနတ် တူမီးများကို လိုက်လံ ရှာဖွေ သိမ်းဆည်းနေပြီး တူမီး သေ နတ်များရှိသည်ဟု စွပ်စွဲကာ ကျေးရွာများမှ ငွေကောက်ခံနေသည်ဟုလည်း သတင်း ရရှိသည်။

ပြည်တွင်းမှ သတင်းဌာန တစ်ခု ဖြစ်သော Rakhine Straight Views ဖေါ်ပြသော သတင်း တစ်ခုတွင် အောက်တိုဘာလ ၂၈ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ခမရ (၃၇၅) တပ်ရင်းမှ ဗိုလ်ကြီး သက်နိုင်မောင်နှင့် တပ်သား အချို့သည် ရခိုင်ကျေးရွာများ ဖြစ်ကြ သော ဆင်အိုးချေ ကျေးရွာမှ ၅၀၀၀၀ ကျပ် ၊ ဆင်အိုးချေ ရွာသစ်မှ ၃၀၀၀၀ ကျပ်၊ ဗျာလ္လကျေးရွာမှ ၃၀၀၀၀ ကျပ်၊ ပိုက်ဆိုက်ကျေး ရွာမှ ၅၀၀၀၀ ကျပ်တို့ကို တူမီး သေနတ်ရှိသည်ဟု စွပ်စွဲကာ အသီးသီး ကောက်ယူခဲ့သည်ဟု ဖေါ်ပြ သည်။

မြောက်ဦးမြို့နယ်တွင်သာမက ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့နယ်တို့တွင်လည်း စစ်တပ်က လုပ်သေနတ်များ ရှိသည်ဟု အကြောင်း ပြ ကာ ကျေးရွာ အလိုက် ခြိမ်းခြောက်ငွေတောင်းမူများ ပေါ်ပေါက်နေကြောင်း သိရသည်။


များမကြာမှီ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော ရခိုင်အရေးအခင်းတွင် ရခိုင်ဘက်မှ သေဆုံးသူ အများစုမှာ စစ်တပ်က ပစ်ခတ်သတ်ဖြတ်မူ ကြောင့် သေဆုံးခဲ့ကြရပြီး ကျောက်တော်မြို့နယ် တောင်ဘွေ ကျေးရွာ တစ်ခုတည်းတွင် ၄ ဦး ပွဲချင်းပီး သေဆုံးကာ ၁၂ ဦး ဒဏ်ရာ ရရှိ ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ ဖြစ်ပွားခဲ့သော အရေးအခင်း အတွင်း သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာ ရသူ ၁၃၆ ဦးနှင့် လူနေအိမ် ၅၃၅၁ လုံး မီးရှို့ခံရပြီး လူပေါင်း၃၂၂၃၁ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။ အဆိုပါ စာရင်းမှာ သမ္မတ ညွှန်ကြား ရေးမှူးရုံးက အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ထုတ်ပြန်သောစာရင်း ဖြစ် သည်။

No comments: