Wednesday, November 14, 2012

ဗမာ့တပ်မတော် တောင်သူများထံမှ စပါးလု

နိရဉ္စရာ

ရခိုင်ပြည်နယ် အခြေ စိုက် ဗမာ့တပ်မတော်မှ တပ်ရင်း တစ်ခုသည် အင် အားသုံးပြီး ရခိုင်တောင်သူ လယ်သမားများထံမှ စပါးများကို လုယူနေ သည်ဟု သ တင်း ရရှိသည်။

“ တပ်ရင်း ၅၃၉ က တပ်သား ၂၀ ခန့်နဲ့ ပြောက်ကျားစခန်းကိုဝင်သိမ်းသ လိုမျိုး လက်နက်တွေကို ကျည်ထိုးပြီး ကျွန်တော်တို့ ထွန်ယက်စိုက် ပျိုး ထားတဲ့ လယ်တွေကို တက်လာပါတယ်။ တစ်ကနေတဆယ်ထိ ရေတွက် မယ်။ အဲဒီ အ ချိန်အတွင်းမှာ လယ်တွေက မထွက် ဘူးဆိုရင် မင်းတို့ကို ပစ်မယ်ဆိုပြီး ခြိမ်းခြောက် ပြောဆိုတဲ့ အတွက် ကျွန်တော်တို့လယ်တွေ ကို စွန့်ခွာ ထွက်ပြေးကြရပါတယ်။ အဲဒီနောက်ကျွန်တော်တို့လယ်တွေ က စပါးတွေကို စစ်တပ်က တက်ပြီး ရိတ်သိမ်းပါတယ်” ဟုအမည်မဖေါ် လို သူ ပြိန်းချောင်း ဒေသခံ လယ်သမား တစ်ဦးက ပြောသည်။

နာမည် ဖေါ်ထုတ် ပြောဆိုပါက စစ်တပ်က ပြဿနာရှာပြီး ဖမ်းဆီးရိုက်နက်မူများ ပြုလုပ်လာနိုင်သဖြင့် နာမည်ကို မဖေါ်ပြရန် ဒေသခံ လယ်သ မားက မေတ္တာရပ်ခံ ပြောဆိုသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြိန်းချောင်းကျေးရွာမှ ဦး မောင်ရွေလှ အပါအ၀င် လယ်သမား ၂၈ ဦးထွန်ယက်စိုက်ပျိုးထားသော လယ် ဧက ၁၂၀ ကို ကျောက်တော် အခြေစိုက် အမှတ် ၅၃၉ တပ်ရင်းမှ သူတို့ပိုင် လယ်များ ဖြစ်သည်ဟုဆိုကာစစ်သားများဖြင့်သေ နတ်များကျည် ထိုး ချိန်ရွယ် တက်လာပြီး လယ်တဲများရှိ လယ်သမားများကို နှင်ထုတ်၍ မှည့်နေသော စပါးများကို ရိတ်သိမ်းနေ သည်ဟု သူ၏ အပြော အရ သိရသည်။

“ ဒီနေ့လည်း ရိတ်သိမ်းနေပါတယ်။ နိုဝင်္ဘာလ ၁၁ ရက်နေ့ကနေ စပြီး ရိတ်နေတာပါ။ တပ်ရင်း ၅၃၉ က ဗိုလ်ဗညားဝင် ဦးဆောင်ပြီး လက် နက်ကိုင် စစ်သား ၂၀ ခန့််ပါတယ်။ သူတို့က လုံခြုံရေးယူထားပြီး တပ်သား ၂၀၊ ရဲမေ ၃၀ (စုစုပေါင်း)လူအင်အား၅၀ နဲ့စပါးတွေကိုရိတ်ယူ နေပါတယ်။ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ် စောင့်ရှောက်နေပါသည်ဆို တဲ့ တပ်မတော်က ခုလို လုပ်တဲ့ အပေါ်မှာကျွန် တော် တို့ လုံးဝ နားမလည်အောင် ဖြစ်နေပါတယ်″ ဟု လယ်သမားက ဆက် ပြောသည်။

၎င်းပြင် အနီးအနားရှိ လယ်တဲများမှ လယ်သမားများကိုလည်း နှင်ထုတ်ကာ လယ်တဲများတွင် ရိတ်သိမ်း စုပုံထားသော စပါး ကောက် လိုင်း များကိုလည်း သိမ်းယူနေပြီး ထော်လာဂျီများဖြင့် တပ်ရင်းသို့ ပို့ဆောင်နေသည်ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးစောငြိမ်းအားဆက်သွယ်မေးမြန်း ကြည့် ရာ ပြိန်းချောင်းကျေးရွာတွင် တပ်မတော်မှ ပြည်သူများပိုင် လယ်မြေများမှ စပါးများကို တက်ရောက် ရိတ်သိမ်းနေခြင်းမှာ မှန်ကန် သည် ဟု အတည်ပြု ပြောကြားသည်။

“ အဲဒီ လယ်တွေက တပ်မတော်နဲ့ ဘာမှ မဆိုင်ပါ။ အဲဒီမှာ တပ်ရင်း ၅၃၉ တည်ဆောက်မယ် ဆိုတဲ့ အတွက် စစ်တပ်က လယ်သမား တွေပိုင် ဧက ၆၀၀ ကို လယ်သမားတွေဆီက သိမ်းယူသွားခဲ့ပါပြီ။ အဲသလို အသိမ်းခံရတဲ့ နောက်ပိုင်း မှာလုပ်ကိုင်စားသောက်စရာလယ်တွေ မရှိတော့ တဲ့ အတွက် အနီးအနားက တောတောင် ချိုင့်ဝှမ်းတွေကို ခုတ်ထွင်ပြီး လယ်သမားတွေ လုပ်ကိုင်စားသောက်နေကြတဲ့လယ်တွေ ဖြစ်ပါ တယ်။ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးကလည်း လုပ်ကိုင် စားသောက်ကြပါ ဆိုပြီး ခွင့်ပြုပေးတဲ့ အတွက် လယ် သမားတွေက ထွန်ယက်စိုက် ပျိုးခဲ့ကြတာ ဖြစ်ပါတယ်။ အခု စပါးမှည့်လာတော့ စစ်တပ်က လာပြီး သူတို့ပိုင်မြေတွေ ဖြစ်တယ်ဆိုပြီး စပါးတွေကိုတက်ရောက်ရိတ်သိမ်း တာ ဖြစ်ပါတယ်” ဟု ဦးစောငြိမ်းက ရှင်းပြသည်။

လယ်သမားများ အနေဖြင့် စပါးစိုက်ပျိုးရာတွင် လူအား၊ ငွေအား အရင်းအနှီး စိုက်ထုတ် အသုံးပြုထားရပြီး စပါးမှည့်သောအခါမှ စစ်တပ် က အတင်း ၀င်ရောက် ရိတ်သိမ်းသဖြင့် အထူး ထိခိုက် နစ်နာမူများ ဖြစ်ပေါ်နေကြောင်း သူက ဆက်ပြောသည်။

လုပ်ကိုင်စားသောက်စရာမရှိဖြစ်နေကြသော ရခိုင် ပြည်သူများအား နောက်တဖန် စစ်တပ်က အနိုင်ကျင့်နေမူကြောင့် ဒေသအတွင်းရှိ လယ် သ မားများမှာ အထူး အခက်ကြုံနေကြရသည်ဟု သိရသည်။

No comments: