Wednesday, November 7, 2012

အဆင်းရဲဆုံးပြည်နယ်သို့ နိုင်ငံတော် သမ္မတတွေ လက်တွေ့ကွင်းဆင်းသင့်ပြီ

khonumthung

မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးပြည်နယ်ဟု သတ်မှတ်ခံရသည့် ချင်းပြည်နယ်သို့ နိုင်ငံတော် သမ္မတတွေ လက်တွေ့ကွင်းဆင်းရန်ချင်း ပြည် သူ လူထု တောင့်တနေကြောင်း သိရသည်။


“ ချင်းပြည်နယ်ဟာ ဖွံ့ဖြိုးမှု အနှောင့်နှေးဆုံး၊ ဆင်းရဲမွဲတေမှု အနိမ့်ကျဆုံးလို့ သတ်မှတ်ခံရတယ်၊ သမ္မတ ဦးသိန်းစိန် မလာနိုင်ပါက ဒုတိယ သမ္မတလောက်တော့ လက်တွေ့လာရောက်ကြည့် ရှုသင့်ပြီ” ဟု မတူပီမြို့ပေါ်မှ မြို့ မိမြို့ဖ တဦးက ပြောသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးကမူ “ သမ္မတတွေဟာတခြားပြည်နယ်တွေကိုတော့သွား နေကြတယ်၊ ချင်းပြည်နယ်ကိုမလာရောက် နိုင်တာက လူထုကိုယ်စားလှယ် မဟုတ်တဲ့ အတိုင်းပဲ” ဟု ပြောသည်။

ချင်းပြည်နယ်အစိုးရသည် ကိုယ်ဒေသသို့ ပြည်ထောင်စု ၀န်ကြီးတွေ လာရောက်မည့်ကိစ္စ၊ ပြည်ပ မှ လူသားစာ နာထောက် ထားမှုတွေ ကို ဒေ သခံ လွှတ်တော်ကိုယ်စားလှယ်တွေကို အသိပေးခြင်း မရှိပဲ မြို့နယ်အုပ်ချုပ် ရေးမှူး နဲ့ ယူအက်စ်ဒီပီပါတီ ခေါင်းဆောင်တွေ ကို သာ အသိ ပေး အကြောင်း ကြားလေ့ရှိသည့် အပေါ်လူထုက မကျေနပ်ကြောင်း ထပ်မံ သိရသည်။

ထန်တလန်မြို့နယ် အုပ်ချုပ်ရေးမှူးကဆင်းရဲမွဲတေမှုလျော့ချရေးအတွက် ၀ ဥစိုက်ပျိုးရေးထောက်ပံ့ကြေးလျှောက်ထားနိုင်ကြောင်း၊ လျှောက် လွှာကို ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးထံ မိတ္တူပေးသူကိုသာ ပို စဉ်းစား ပေးမည်ဟု ဆိုထား သည်။

“ တိုင်းမှူးနဲ့ ဒေသကွပ်ကဲမှု စစ်ဌာနမှူးတို့ ချင်းပြည်နယ် ထန်တလန်မြို့သို့ရောက်ရှိလာမည်လို့ သိရပေမဲ့ တရားဝင် အသိပေးခြင်းမရှိဘူး၊ အဲဒါတွေအတွက် သမ္မတတွေက လာရောက်ကွင်းဆင်း သင့်တယ်” ဟု လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောသည်။

ချင်းပြည်နယ်အစိုးရသည် လွှတ်တော်ပုံမှန်အစည်းအဝေးကို မခေါ်တာ ၉ လတောင် ရှိပြီဖြစ်ပြီး နှစ်နှစ်တာ အစိုးရသက် တမ်း အတွင်း တင်း သွင်းထားသည့် အဆိုများ တခါမှ မဆွေးနွေးနိုင်သည့် အပြင် ဥပဒေလည်း မရေးဆွဲနိုင်ကြောင်း ဘာ တွေလုပ်နေသည်၊ ဘတ်ဂျက်ဘယ်လောက် သုံးစွဲသည်ကိုလည်း ဘာမှ လူထုထံ ချမပြကြောင်းသိရပြန်သည်။

ပြည်ထောင်စု အစိုးရ သစ်တောရေးရာဝန်ကြီး၊ ချင်းပြည်နယ်ဆင်းရဲမွဲတေမှုလျှော့နည်းရေး တာဝန် ခံ ဦးဝင်းထွန်းသည် ၂၀၁၁ ဒီဇင်ဘာ လ ၀၄ ရက်နေ့က ချင်းပြည်နယ်ဖလမ်းမြို့နယ်အား ကျန်း မာရေး၊ ပညာရေး၊ လျှပ်စစ်စွမ်းအင်အတွက် ကျပ်သိန်း ၂၂၀ ကူညီခဲ့ကြောင်း ထို့အပြင် ၀န်ကြီး သည် ထန်တလန်မြို့နယ်အတွက် ကျပ်သိန်း ၇၁၆ ကူညီခဲ့ပြီးဖြစ်သည်။

တဖန် အိန္ဒိယအစိုးရသည် ချင်းပြည်နယ် ကျန်းမာရေးအတွက် အမေရိကန် ဒေါ် လာ ၆ သန်း ကို၎င်း၊ ပြီးခဲ့သည့် သြဂုတ်လက ဂျပန် JICA မှလည်း ချင်းပြည်နယ် စိုက်ပျိုးမွေးမြူရေးအတွက် ကျပ်သန်းပေါင်း ၉၉၀၀ကို၎င်း ထောက်ပံ့ခဲ့ သည်ဟု သိရသည်။

No comments: