Saturday, November 17, 2012

အိုဘားမား မြန်မာခရီးစဉ် ရခိုင် အမျိုးသမီးများ အစည်းအရုံးမှ ကြိုဆို

ထွန်းထွန်း

ယခုရက်ပိုင်းအတွင်း ရောက်ရှိလာမည့် အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ခ်ျအခြေစိုက် ရခိုင် အမျိုးသမီးများ အစည်းအရုံးမှ ကြိုဆိုကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။

သဘောထား ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသမီးများ အစည်းအရုံး ဥက္ကဌဒေါ် စောမြရာဇာလင်းက နိရဉ္စရာသို့ ယခုလိုပြော သည်။

“သမ္မတအိုဘားမား မြန်မာခရီးစဉ်အပေါ် ကြိုဆိုပါတယ်။ သူ့ရဲ့မြန်မာခရီးစဉ်အတွင်း လူ့အခွင့်အ ရေးနဲ့ ဒီမိုကရေး လမ်းစဉ်ကို အကောင်အ ထည် ဖေါ်လုပ်ဆောင် နိုင်လိမ့်မယ်လို့ မျော်လင့်တယ်။ ပြီးရင် တိုင်းပြည်တည်ငြိမ်အေး ချမ်း ရေးအတွက်ပါ အထောက်အကူပြုနိုင်လိမ့်မယ်လို့ RWUက ထုတ်ပြန်တဲ့ သဘောထားကို အိုဘားမားအပါ အ၀င် ရခိုင်ပြည်သူလူထု တ ရပ်လုံးက သိစေချင်ပါတယ်။ ထိုနည်း လည်းကောင်း မြန် မာပြည်သူ တရပ်လုံးက လည်း သိစေချင်ပါတယ်။ အဲဒီအတွက်ကြောင့် ဒီထုတ် ပြန်ချက်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်” ဟုပြော သည်။

ထို့အပြင် ထုတ်ပြန်ချက်ထဲတွင် သမ္မတအိုဘားမား ခရီးစဉ်အတွင်း တောင်းဆိုထားသည့် အချက်အလက်များ ကိုလည်း ပြောပြသည်။

“ပထမဆုံးအနေနဲ့ အိုဘားမားကို တောင်းဆိုထားတာကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကား အောင်လုပ် ဆောင်တဲ့နေရာမှာ မြန်မာတ နိုင်ငံလုံးမှာရှိတဲ့ မည်သည့်ပြည်နယ် တခုကိုမှ ချဉ်လှပ် မထားဘဲ ပြည်နယ်အားလုံး ကို ဒီမိုက ရေစီ အခွင့်အရေးရအောင် လုပ်ဆောင်ပေး မယ့်ဟာကို တွန်းအားပေးပါလို့ အကျွန်တို့က တိုက်တွန်း ထားပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် တချို့ပြည်နယ်မှာ စစ်မက်ဖြစ်ပွားတာရယ်၊ လူမျိုးရေး အဓိကရုဏ်းဖြစ်နေ တာရယ် စတဲ့အခြေအနေတွေ တွေ့ရတယ်။ အဲဒီလိုချဉ် ထားခဲ့တဲ့ ပုံစံမျိုးမဖြစ်စေအောင် ပြောပြရခြင်းဖြစ်ပါ တယ်”ဟုဆိုသည်။

ပြည်ပနိုင်ငံများတွင် ခိုလှုံပြီး တိုင်းပြည်အေးချမ်းရေးနှင့် ဒီမိုကရေစီ ထွန်းကားအောင် ကြိုးစား လုပ်ဆောင်နေကြ သူများအနေဖြင့်လည်း မြန် မာနိုင်ငံထဲတွင် လွတ်လပ်စွာနေထိုင်ခွင့် ရရှိမှုအခြေအနေကိုလည်း ယခုလိုဆက် ပြောသည်။

“ပြည်ပမှာ အခြေစိုက်ပြီးတော့ နိုင်ငံရေး၊ ဒီမိုကရေစီအရေး၊ တိုင်းပြည်ကောင်းစားရေးအတွက် လုပ် ဆောင်နေ ကြတဲ့ ပုဂ္ဂိုလ်တွေဟာ ပြည်ထဲ မှာ လွတ်လွတ် လပ်လပ်နေထိုင်ခွင့် ရရှိရေးနဲ့ နိုင်ငံရေး လုပ်ငန်းများကိုလည်း ပြည်ထဲမှနေပြီး လုပ်ခွင့်ပေးဖို့ဟာတွေကို သမ္မတအို ဘားမားအ နေနဲ့ မြန်မာ အစိုးရကို တိုက်တွန်းစေချင်ပါတယ်။ ထို့အတူ ပြည်ပနိုင်ငံတွေမှာ နှစ်တစ် ဆယ်၊ နှစ်ဆယ် နေထိုင်ခဲ့ကြတဲ့ လူတွေကိုနိုင်ငံသား ဖြစ်မှုကို အကန့်အ သတ်မ ရှိဘဲနဲ့ သူတို့တွေကို လွတ်လွတ် လပ်လပ် နေထိုင်ခွင့် ပေး ဖို့ကို ပြောပေးပါလို့ ပြောစေချင်တယ်။ နောက်တ ခုက ၂၀၀၈-ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ပါတဲ့ ပြင်စရာ ရှိတဲ့အချက်တွေ၊ အရေးကြီး တဲ့ အချက်တွေကို ပြင်ဆင်ခွင့်ရ အောင် သမ္မတအိုဘားမားအ နေနဲ့ တိုက်တွန်းပေးပါလို့ အကျွန့်အနေနဲ့တောင်းဆိုချင်ပါတယ်” ဟုဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူမျိုးရေး အဓိကရုဏ်း ကိစ္စနှင့်ပတ်သက်ပြီး အမှန်တကယ်အဖြေထုတ် ရမယ့်နည်းလမ်းများကို လည်း စတိတ်မန့်ထဲတွင် ရေးသားဖေါ်ပြထားသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း တချို့တချို့ လူ့အခွင့်အရေးအဖွဲ့တွေက လူ့အခွင့်အရေး ရှု့ထောင့်တခုကိုကြည့်ပြီး အ ပေါ်ယံလုပ်ဆောင်ချက်များကိုလည်း တွေ့ရကြောင်း ယခုလိုသုံးသပ်ပြောဆိုသည်။

“ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့အခြေအနေအပေါ်မှာ တချို့တချို့ လူ့အခွင့်အရေးအဖွဲ့တွေက ပက တိအခြေအနေ ကိုမသိဘဲ အပေါ်ယံလုပ် ဆောင် တာတွေကိုတွေ့ရတယ်။ ဒီအချက်အပေါ်မှာ အကျွန်တို့အနေနဲ့ စိုးရိမ်မှုရှိတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးအိုဘားမားကို ပြောချင် တာက ရခိုင်ပြည်နယ် ပကတိတည်ငြိမ်အေးချမ်းရေး၊ ရခိုင်ပြည် အေးချမ်းသာယာရေးအတွက် တ ကယ် ဆုံးဖြတ်ချက်ကို စဉ်းစားဆောင် ရွက် ပေးပါ၊ ပြီးရင် အိုဘားမား မြန်မာခရီး စဉ်အတွင်း ရခိုင်ခေါင်းဆောင်တွေနဲ့ ၁၀မိနစ်၊ ၁၅မိနစ် ခန့် တွေ့ဖို့အချိန်ပေးပါလို့ အကျွန်တို့အ နေနဲ့ ထုတ်ဖေါ် ပြီး တော့ပြောရခြင်း ဖြစ်ပါတယ်” ဟုပြောသည်။

အဆိုပါ ထုတ်ပြန်ချက်ကို ဘင်္ဂလားဒေ့ခ်ျအခြေစိုက် အမေရိကန်သံရုံးကိုသို့ Fax နှင့်ပေးပို့ခဲ့သလို သမ္မတအို ဘားမားဆီသို့လည်း အမေ ရိ ကန် အခြေစိုက် အဖွဲ့အစည်းတခုကတဆင့် ပို့ပေးခဲ့သည်ဟု သိရသည်။

No comments: