Tuesday, November 13, 2012

အမေရိကန်သမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ် တိုင်းရင်းသားများနှင့် ပါ တွေ့ဆုံစေချင်

သျှမ်းသံတော်ဆင့်

နိုဝင်ဘာလ ၁၉ ရက်နေ့ မှာ အမေရိကန်နိုင်ငံရဲ့ (ဒုတိယအကြိမ်မြောက်ရွေးကောက်တင် မြောက် ခြင်းခံရတဲ့) သမ္မတကြီး မစ္စတာဘားရက်အို ဘားမား မြန်မာနိုင်ငံကိုအလည်အပတ်ရောက်ရှိမယ်လို့ကြား သိရပါတယ်။ သမ္မတကြီးရဲ့ကြေ ငြာ ချက် အရ မြန်မာနိုင်ငံသမ္မတကြီး ဦးသိန်းစိန် နဲ့ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံ မယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး ပြဿနာမှာ အဓိကကျနေတာကတော့ တိုင်းရင်းသားတွေဖြစ်တာ ကြောင့် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံသင့်တယ် လို့ သမ္မတကြီးကို တိုက်တွန်းချင်ပါတယ်။

သမ္မတကြီး ဦးသိန်းစိန်ဆိုသူက စစ်တပ်ဘက်ကနေ ပြောင်းလာတဲ့လူတယောက်ဖြစ်ပါတယ်။ စစ်တပ်ဟာနိုင်ငံတော်ပြုပြင် ပြောင်းလဲရေး ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တယ်ဆိုရင်တော့အားပေးချီးမြောက်သင့်တာပေါ့။ဒေါ်အောင် ဆန်းစုကြည်ကိုတော့ ဒီ မိုကရေ စီကြိုးပမ်းရေးမှာ ခေါင်းဆောင်တဦးဖြစ်တာကြောင့် ဒီမိုကရေစီအရေးကိုအားပေးတဲ့ သမ္မတ ကြီးအိုဘားမားကလာတွေ့တယ်ဆို ရင်လည်း သ ဘာဝ ကျပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာဟာ စစ်ရေး နဲ့ ဒီမိုကရေစီရေးဘဲမဟုတ်ပါဘူး။ အဓိက က တိုင်းရင်းသား အ ရေးဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသားတွေနဲ့တွေ့ဖို့ သမ္မတ ကြီးကို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

ဥပမာ ၁၉၄၈- ၁၉၆၂ ကိုကြည့်မယ်ဆိုရင် အဲဒီအချိန်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံဟာ ဒီမိုကရေ စီဖြစ်နေတဲ့ကာလလို့ပြောနိုင်ပါတယ်။ ဒါပေ မယ့် ပြည်နယ်တွေ တိုင်းရင်းသားတွေကို အခွင့်အရေး မပေးချင်လို့ နောက်ဆုံးတော့ စစ် တပ်က အာဏာသိမ်းလိုက်တယ်။ ဒီမိုကရေစီစနစ် ဟာလည်း အဲဒီအချိန်ကတည်းက ပျက်ပြယ်ပျောက်ကွယ်သွားခဲ့တယ်။

သမ္မတကြီး ဘုရှ်လက်ထက်ကတောင်မှ မြန်မာနိုင်ငံ တိုင်းရင်းသားတွေကို အလေးထားသေးတယ်။ သူ့သက်တမ်းမှာ သျှမ်း တိုင်းရင်းသူ နန်း ချမ်တောင်းကို ၂၀၀၅ မှာတကြိမ် ၂၀၀၈ မှာတကြိမ် တွေ့ဆုံခဲ့သေးတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းရာမှာ တိုင်းရင်းသား အရေးကို ပါဖြေရှင်းသင့်တယ်ဆိုတာ အမေရိကန်သမ္မတကြီး သိနေတဲ့အကြောင်း ကမ္ဘာသိ အောင်ပြလိုက်တာဘဲ။

အခုသမ္မတကြီးအိုဘားမားရဲ့ခရီးစဉ်မှာလည်း တိုင်းရင်းသားကိုယ်စားပြုမယ့်သူ - ဘယ်သူဘဲဖြစ် ဖြစ်၊ နိုင်ငံရေးစကားပြော တတ်တဲ့သူဘဲဖြစ် ဖြစ် မပြောတတ်တဲ့သူဘဲဖြစ်ဖြစ် ခဏလေးဘဲဖြစ်ဖြစ်တွေ့ သင့်တယ်လို့တော့ထင်တာဘဲ။ မြန်မာနိုင်ငံ နိုင်ငံရေးပြဿနာကို အတွင်းကျကျ သိတယ်လို့ ပြတာပဲပေါ့။

အမေရိကန်နိုင်ငံဆိုရင် တိုင်းရင်းသားပြဿနာပြောပလောက်အောင်မရှိဘူး။ ဒါပေမယ့် အင်္ဂလိပ်တွေကိုတော်လှန်ပြီးတာနဲ့ ပြည်ထောင် စုအ ဖြစ်ဖွဲ့စည်းတဲ့ ၁၃ ပြည်နယ်ကို ဒီမိုကရေစီ စနစ်ရော ဖက်ဒရယ်စနစ်နဲ့ပါ အုပ်ချုပ်ခဲ့ရတာဘဲမဟုတ်လား။ ဖက်ဒရယ်စနစ်ကို အမေရိ ကန်တို့ကဘဲ စတင်ကျင့်သုံး ပြတယ်။ ဒါကြောင့်နိုင်ငံဟာလဲ နှစ်ပေါင်း ၂၀၀ ကျော် ရေရှည်တည် တံ့လာတယ် ငြိမ်းချမ်းစွာနေလာနိုင်ခဲ့ တယ်။ဖက်ဒ ရယ် စနစ်သာ မကျင့်သုံးခဲ့ရင် အမေရိကန်နိုင်ငံဟာ ဒီလောက်အထိ တည်တံ့ခိုင်မြဲ ပါ့မလား။ ဒီအချက်ကို ဗမာခေါင်းဆောင် တွေကို သမ္မတ ကြီးကနေပြီး အသိပေးစေချင်တယ်။


ဒါကြောင့် သမ္မတကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ တိုင်းရင်းသားတွေနဲ့တွေ့နိုင်အောင်ကြိုးစားပေးဖို့ တိုက်တွန်းလိုက်တာ ဖြစ် ပါတယ်။

No comments: