Sunday, November 11, 2012

ညသန်းခေါင်ကျော် မြို့တွင်း လက်နက်ကြီး ၅ လုံးကျ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲအတွင်း၌ ညသန်းခေါကျော်ယနေ့နံနက် ၃ နာရီ၌လက်နက်ကြီး ၅လုံးကျကြောင်း၊ ဒေ သခံနေအိမ်အချို့ပျက်စီးသွားကြောင်း မျက်မြင်များက ပြောပါသည်။

“ဒီမနက် ၃ နာရီလောက် မိုင်းငေါ့မြို့ ဝမ့်တုံ့လုံရွာအပိုင်းမှာ လက်နက်ကြီး ၅ လုံးကျတယ်။ မြို့ပြင် ကနေ ပစ်ထည့်တာ။ ဗုံးထိမှန်တဲ့ အိမ်ရှင် ကိုလဲ ရဲစခန်းက မနက်ကတည်းက ခေါ်သွားတယ်” - ဟု မိုင်းငေါ့မြို့ခံ အိုက်နောင့် က ပြောပါသည်။

ယနေ့နံနက် ၃ နာရီအချိန် အမည်မသိလက်နက်ကိုင်တစုက မြို့ပြင်မှနေ၍ မိုင်းငေါ့မြို့နယ်ခွဲ၊ ဝမ့်တုံ့လုံ ရွာ အား ၄၀ mm ရော့ကက်ဖြင့် ၅ ကြိမ်ပစ်ခတ်ရာမှာ သုံးလုံးမှာကွဲသွားပြီး ကျန်နှစ်လုံးက မကွဲ ကြောင်း၊ စိုင်းထွန်းမြတ် နန်းမြသိန်း နေအိမ် ထိမှန်ပြီး တံစက်မြိတ်ပြို ပျက် သွားကြောင်း - ကျားဖြူပါတီ အသိုင်းအဝိုင်းကလည်းပြောပါသည်။

“ဝမ့်တုံ့လုံဆိုတာ မိုင်းငေါ့မြို့တွင်းဘဲဗျ။ ဘယ်အဖွဲ့လဲဆိုတာကျနော်တို့လဲမသိဘူး။ ၄၀ mm ကျည် အမျိုးအစား၊ ခြံထဲမှာတလုံး၊ အိမ်ရှေ့ခြံ စည်းရိုးနားမှာတလုံး၊ တံစက်မြိတ်မှာတလုံး ကျကွဲတယ်။ ကျန် တဲ့ မကွဲတဲ့နှစ်လုံးက ဘယ် မှာကျလဲဆိုတာရှာမတွေ့ဘူး။ ဘာ့ကြောင့် အဲဒီ လိုဖြစ် လဲဆိုတာ အကြောင်း ရင်းကို ကျနော်တို့လဲ ဆက်လက်စုံစမ်းသွားမယ်” - ဟု ကျောက်မဲမြို့ ကျားဖြူပါတီ ဥက္ကဌ ပြည်နယ် လွှတ် တော်အမတ် စိုင်းခမ်းကျော်က ပြောပါသည်။

အဆိုပါဒေသဘက်တွင် မြန်မာအစိုးရ စစ်တပ်အပြင် သျှမ်းပြည်တပ်မတော် SSPP/SSA ၊ RCSS/SSA အပြင် ရံဖန်ရံခါ တအာင်းအမျိုး သား လွတ်မြောက်ရေးတပ်မတော်လည်း ဖြတ်သန်းသွားလာသည်ဟု ဒေသခံများက ဆိုသည်။

No comments: